စင်္ကာပူရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးဖို့ လျှောက်ထားတာမှာ အဆင်မပြေမှုတွေ ကြုံနေရကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့ ကြားခံလူတချို့ကို ငွေကြေးတစုံတရာပေးပြီး အလွယ်တကူ လျှောက်ထားနိုင်တာကိုတော့ အများစုက မေးခွန်းထုတ်နေကြပါတယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) ပုဒ်မစတဲ့အမှုတွေကို ဧပြီလ ပထမပတ်ထဲမှာ အပြီးသတ်အမိန့်ချဖို့ ရှိနေပါတယ်။
“အိမ်ခြေကတော့ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ၂၇၅ အိမ်ပေါ့။ လူနေအိမ်ဆိုရင်တော့ ၂၇၃ အိမ်ပေါ့၊ ဘုန်းကြီးကျောင်းက သံဃာဆောင်တစ်ဆောင်ရယ်၊ ဆွမ်းစားဆောင်တစ်ဆောင်ရယ် အဲ့ဒါရောပေါင်းမှ ၂၇၅ အိမ်ပေါ့။ ဘုန်းကြီးကျောင်းကိုလည်း ပစ်မှတ်ထားတဲ့ပုံပါဘဲ။ ရည်ရွယ်ချက်ရှိရှိ ရှို့တဲ့သဘောပါဘဲ အရာကြည့်ရတာကတော့။ “
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောကြားလိုက်ပါတယ်။ မတ်လ ၂၀ ရက်၊ တနင်္လာနေ့က ကျင်းပတဲ့ လွှတ်တော်အမေးအဖြေကဏ္ဍမှာ အလုပ်သမားပါတီက လွှတ်တော်အမတ် Hougang Dennis Tan ရဲ့အမေးကိုစာနဲ့ရေးသားပြီး ပြန်လည် ဖြေကြားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာရှိတဲ့ လေဆိပ်တွေထဲက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုကို လုံလောက်တဲ့ အကာအကွယ်ပေးမှုက မရှိသလောက်ပဲ” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ တနင်္လာနေ့က ပြောလိုက်ပါတယ်။
နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာကို ဒီကနေ့ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာ ပိုမို ဆိုးဝါးလာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကရင်နီ ပြည်တွင်းအိုးမဲ့အိမ်မဲ့ IDP ဒုက္ခသည်တွေ ယာယီအမိုးအကာအောက်မှာ ဖြစ်သလိုတဲတွေတိုး နေထိုင်နေရချိန်မှာပဲ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကနေ ရှောင်နိုင်အောင် ဗုံးခိုကျင်းတွေတူးပြီး အကာအကွယ် ရှာနေကြပါတယ်။
ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မြန်မာအမျိုးသားအလောင်း ၃ လောင်းကို မတ်လ ၁၅ ရက်နေ့က တွေ့ရှိပြီးတဲ့နောက် မတ်လ၂၀ ရက်နေ့မှာတော့ လူသတ်မှုနဲ့ ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသား (၅) ဦးကို ဖမ်းဝရမ်းထုတ် ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုချက်ထုတ်ပြန်ပါတယ်။
မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
ဒေသခံတွေကို မီးလောင်ကျွန်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းထားသလို စစ်ကြောင်းဟာလည်း ရွာထဲမှာ တပ်စွဲနေတာ ၂ ရက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံရဲ့ပဋိပက္ခကို ဖြေရှင်းရာမှာ ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အာဆီယံအဖွဲ့အတွင်း အမျှော်အမြင်ရှိရှိ သတိထားကိုင်တွယ်တဲ့ နည်းလမ်းကို ဆက်လက်ကျင့်သုံးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အက်ဘဒူ ခါဒီရာက ဒီနေ့ မလေးရှား အောက်လွှတ်တော် အမေးအဖြေကဏ္ဍမှာ ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်