အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ပျက်ကွက်တာကြောင့် ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။
ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောသွားတာဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်သွားမယ်ဆိုတာ ဝန်ခံလိုက်တာဖြစ်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဒေသအခေါ် မူတြော်ခရိုင်မှာ မြန်မာစစ်ကောင်စီ အခြေစိုက်စခန်းခုကို ဒီကနေ့ အစောပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံးရဲ့ KNLA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU ကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကားကြီးဝင်းအနီးနဲ့ မူးဘောင်ပေါ်မှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ဒေသခံ ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုတွေသာ တိုးလာစေနိုင်ပြီး ရွေးကောက်ပွဲ အကြောင်းပြ ဖိနှိပ်မှုတွေလည်း ပိုများ နိုင်တဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ကြီး ICG က သတိပေးထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ တိုးလာပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ရာဇဝတ်မှုလို့ သတ်မှတ်နိုင်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့တဲ့အကြောင်း Amnesty International အဖွဲ့ကြီးက မနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ြ
ရှမျး-ကယားနယျစပျမှာ ရကျဆကျ တိုကျပှဲတှေ ဆကျလကျဖွဈပှားနတောမှာ စဈကောငျစီဘကျက လယောဉျနဲ့ ပိုမိုတိုကျခိုကျ နှိပျကှပျလာတယျလို့ ကရငျနီအမြိုးသားမြားကှယျရေးတပျ KNDF က VOA ကို ပွောပါတယျ။
အိန္ဒိယ-မြန်မာနယ်စပ်မြို့ မိုးရေးအနီးမှာ ဒုက္ခသည် ၅,၀၀၀ ဝန်းကျင်ကို ထားနိုင်တဲ့ ယာယီစခန်းတခုကို မဏိပူရပြည်နယ်အစိုးရကဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် IFP သတင်းဌာနက ဆိုပါတယ်။
ကရင်ပြည်နယ်မှာ မကြာသေးခင်ရက်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့သလို၊ ဖမ်းဆီးမိသူတွေ ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ဦး အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်တခုကို တနင်္လာနေ့က ရောက်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာစစ်တပ်က တပ်မတော်နေ့အဖြစ် စစ်အင်အားပြတဲ့ အခမ်းအနားတွေ ကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်ပြီး ဗြိတိန်နိုင်ငံက နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေကို ချမှတ်ကြောင်း ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်