TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က သူတို့ဒေသတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို ၆လအတွင်း CDM လုပ်ဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူသွားမယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းလူတန်းပေါင်းစုံအမျိုးသမီးတွေဟာ ဒီကနေ့ကာလမှာ သူတို့ရဲ့စွမ်းဆောင်နိုင်မူတွေ ဖောက်ထွက်နိုင်မူတွေအတွက် ယုံကြည်မူတွေပိုရှိလာပြီး အပြောင်းအလဲတွေဖော်ဆောင်ဖို့ဆက်လုပ်ဆောင်သွားမယ့်အကြောင်းနဲ့တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက နိုင်ငံတကာအမျိုးသမီးများနေ့မှာ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဉီးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို ဂုဏ်ပြုတဲ့အကြောင်း ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန် အမေရိကန် သံရုံးက Facebook စာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။
တွေ့ဆုံရတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့ပေမယ့် အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာအလုပ်သမားတွေ မလေးရှားနိုင်ငံဘက် တရားမဝင် တင်ပို့နေတဲ့ ကွန်ယက်အဖွဲ့ခေါင်းဆောင် အမျိုးသမီးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီ ပံ့ပိုးပေးသွားမည်။
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် ရန်ပုံငွေ ဒေါ်လာ ၈၇၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ရန်ပုံငွေပြတ်လပ်လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီလကနေစပြီး စားနပ်ရိက္ခာအကူအညီတွေ ရပ်တန့်လိုက်တဲ့ အချိန်မှာ ကုလသမဂ္ဂက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ASEAN အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ပိုမိုထိရောက်မယ့် အခြားနည်းလမ်းတွေနဲ့ အဖြေရှာဖို့စဉ်းစားသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောလိုက်ပြီး မြန်မာ့အရေးဟာ မလေးရှားအပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိနေတယ်လို့လည်း အင်္ဂါနေ့က ပြောခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်က ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗွီအိုအေ အရှေ့ ဥရောပ ဗျူရိုအကြီးအကဲ Myroslava Gongadze နဲ့ ယူကရိန်းထောက်လှမ်းရေး အကြီးအကဲ Kyrylo Budanov တို့တွေ့ဆုံမေးမြန်းထားတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အချက်ပါဝင်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်က ကော့သောင်း-ရနောင်းရေလမ်းကနေ တရားဝင်နိုင်ငံကူးစာအုပ်တွေ၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်များနဲ့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်တာ၊ မြန်မာနိုင်ငံနေ ထိုင်းကိုဝင်ရောက်တာတွေကို မတ်လ ၇ ရက်နေ့ကစပြီး စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါပြီ။
မြန်မာနိုင်ငံက ဒုတိယပြည်ထဲရေးဝန်ကြီး အပါအဝင် အမျိုးသမီး အခွင့်အရေးတွေကို ချိုးဖောက်မူနဲ့ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့သူ နိုင်ငံတကာက စစ်ဖက်အရာရှိ ၉ ဦးကို ဥရောပသမဂ္ဂ EU က ပိတ်ဆို့ ဒဏ်ခတ်လိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်