ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းက မွတ်ဆလင်ဒုက္ခသည် စခန်းတွေမှာရှိတဲ့ အသက် ၁ဝ နှစ်ကနေ အသက် ၆ဝ အောက်အမျိုးသား ၅ဝ၀ ကျော်လောက်ကို ဒီရက်ပိုင်းအတွင်းမှာပဲ ARSA, RSO, ARA စတဲ့ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင် သွားတာရှိတယ်လို့ မွတ်ဆလင်ဒုက္ခသည်တဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒီနေ့မှာ မုံရွာ ထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။
ဘယ်လောက် အတိုင်းအတာအထိ ဒီလုပ်ငန်းတွေ ကြီးထွားနေပြီလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ အခုနောက်ပိုင်း ဒီကိစ္စတွေကိုပဲ အဓိက ကူညီဖြေရှင်းပေးနေရတယ်လို့ တရုတ်နယ်စပ်က မြန်မာလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အစည်းဝေးလုပ်နေချိန် စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့သူ ၅,၀၀၀ ကို အတည်ပြုနိုင်ပြီး သေဆုံးပြီး အတည်မပြုနိုင်သေးသူ ၁,၇၅၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ အရှိန်ပိုတိုးလာတာအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၉ ရက် ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။
မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးဖို့ ထိုင်းဝန်ကြီးချုပ် Thaksin Shinawatra ကမ်းလှမ်းမှုကို တိုင်းရင်းသားအဖွဲ့တချို့က ပယ်ချတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ VOA က စုံစမ်းမှုအရ တချို့ကတော့ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။
အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားအမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းထားတဲ့အတွက် မူဆယ်ကနေတရုတ်သွားမဲ့ အဲဒီအသက်အရွယ်ကြားက အမျိုးသားတွေကို နယ်စပ်မှာစတင် စိစစ်နေပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရှိရာ ကုက္ကိုမြို့ကို ထိုင်းဘက်က အင်တာနက်နဲ့ မိုဘိုင်းဖုန်း Signal ကေဘယ်လိုင်းတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က မေလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ သောက်သုံးရေနဲ့ နေထိုင်ရေးတို့အတွက်အပြင် လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် မှီခိုအားထားနေရတဲ့ အခြေအနေကနေ လွတ်ပြီး ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး အစပြု ဆောင်ရွက်မှုတွေအတွက် ဒီငွေတွေကို အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။
NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံပယ်ချလိုက်ပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမှာ ၃ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်