အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ နေ့တိုင်းလိုလို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြတာပါ။ ရခိုင်ပြည်နယ်မှာတိုက်ပွဲကာလ ၅ လကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် အရပ်သား ၂ဝဝ နီးပါးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၆၀ ကျော်အထိရှိပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေ စုပေါင်း ပေးအပ်တဲ့ အာရှအတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာန ချီးမြှင့်ခံရပါတယ်။
အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ ပတ်သက်ပြီး အလုပ်သမားရေးဌာနဘက်က ပိတ်လိုက်တာဟာ ယာယီသာဖြစ်ပြီး လက်တလောမှာ ပြည်ပက အလုပ်ခေါ်စာတွေကို လက်မခံသေးဘဲ ခေတ္တရပ်နားလိုက်တာလို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ကမ္ဘာပေါ်က အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၁၇၁ မှာ ရှိနေတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၃၈ ဦးကို အိန္ဒိယ အာဏာပိုင်တွေက မေလ ၂ ရက်နေ့မှာ ပထမအသုတ်အဖြစ် ပြန်ပို့လိုက်တယ်လို့ အိန္ဒိယနယ်စပ်မှာ နေထိုင်နေတဲ့ ဦးသိန်း က VOA ကိုပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက်လုံးရဲ့ စစ်သားစုဆောင်းမှုတွေခံနေရပြီး အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ အရေးနိုင်ငံတကာ မှာ ဦးဆောင်လှုပ်ရှားနေသူ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။
အနာဂတ်နိုင်ငံတည်ထောင်တဲ့အခါမှာ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ သံသရာကို ရပ်တန့်ရမယ်လို့ လူနည်းစု ခေါင်းဆောင် တဦးက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု Cornell တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံအသစ် အကြောင်း ဆွေးနွေးပွဲမှာ အဲဒီလို ပြောတာပါ။ ကိုငြိမ်းချမ်းအေး တင်ဆက်ထားပါတယ်။
အနာဂတ်နိုင်ငံတည်ထောင်တဲ့အခါ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့သံသရာကိုရပ်တန့်ရမယ်လို့ နယူးယောက်ပြည်နယ်ထဲမှာရှိတဲ့ အထင်ကရ Ivy League တက္ကသိုလ်ကြီးတခုဖြစ်တဲ့ ကော်နယ်လ် (Cornell) တက္ကသိုလ်မှာကျင်းပတဲ့ မြန်မာနိုင်ငံသစ်အကြောင်း ဆွေးနွေးပွဲမှာ လူနည်းစု ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားတွေကို မေလ ၁ ရက်နေ့က စပြီး နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ထားလိုက်ပါတယ်။ ထွက်ခွာခွင့် ကိစ္စတွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ တခြားအခြေအနေအရ ယာယီဆိုင်းငံ့ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့်အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာကြောင့် အကြိမ်ကြိမ် ပျက်ခဲ့ပြီးတဲ့နောက်မှာ ဒီကနေ့ ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ၅လနီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည် စီးဆင်းမှုတွေလည်း ရပ်တန့်နေတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဒေသခံတွေ အတော် အခက်ကြုံနေကြရပါတယ်။
အာရှဒေသတဝန်း အပူချိန် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံစားနေရချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီနေ့ မေလ ၂ ရက်နေ့က စပြီး ကျောင်းချိန်တွေကို ၂ နာရီ လျှော့ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်