TV
စက်တင်ဘာ ၁၂ ရက် မနက်ခင်း VOA တိုက်ရိုက်ထုတ်လွှင့်မှု
စက်တင်ဘာ ၁၂ ရက် ၊ တနင်္ဂနွေနေ့ မနက် ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှု အနှစ်(၂၀)ပြည့် ပြန်ပြောင်းအောင့်မေ့ဘွယ် သတင်းတွေနဲ့အတူ ဂန့်ဂေါနယ်က တိုက်ပွဲနဲ့ တိမ်းရှောင်နေရတဲ့ အခြေအနေ၊ ရွှေတြိဂံဒေသထုတ် စိတ်ကြွမူးရစ်ဆေး အမြောက်အများ ထိုင်းမြန်မာနယ်စပ်မှာ ဖမ်းမိ၊ အာဖဂန်ကနေ ကယ်ထုတ်နေတဲ့ နောက်ဆုံး အခြေအနေနဲ့ ကုလရုံးချုပ် မြန်မာအရာရှိတဦးရဲ့ 9/11 အတွေ့အကြုံ ၊ ဒို့အသံ အပတ်စဉ် ၊ ဒေါက်တာဆာဆာနဲ့ မေးမြန်းထားတဲ့ စနေညစကားဝိုင်းတွေကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (စက်တင်ဘာလ ၁၂ ၂၀၂၁)
အမျိုးသားညီညွတ်ရေးအစိုးရက ခုခံစစ်ကြေညာပြီး နောက်ဆက်တွဲ ဖြစ်ထွန်းမှုများ သတင်းထောက်မှတ်စု၊ တွေ့ဆုံမေးမြန်းခန်းမှာ ကုလရဲ့ IIMM မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းစုဆောင်းတဲ့ လုပ်ငန်းစဉ်၊ ကိုဗစ်နလံထ အဟာရပြည့်စုံဖို့ ဘယ်လိုသတိထားရမလဲ လူထုနဲ့ကျန်းမာရေး နဲ့ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ စက်တင်ဘာ ၁၂ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ ရေဒီယိုညပိုင်း စက်တင်ဘာ၁၂၊၂၀၂၁
ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ ထိုင်း မဟာချိုင်ဒေသ မြန်မာအလုပ်သမားတွေ NUG ထောက်ခံဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ အကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လူအခွင့်အရေးချိုးဖေါက်မှု စုံစမ်းမှုယန္တရား IIMM အကြီးအကဲ Nicholas Koumjian နဲ့ VOA ဆက်သွယ်မေးမြန်းချက် ၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးကောက်နှုတ်ချက်၊ မြန်မာပြည်က ပေးစာများကဏ္ဍ နဲ့ သတင်းတွေထဲက သုတအစီအစဉ်တွေ နားဆင်ရဖို့ရှိပါတယ်။