TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၈၊ ၂၀၂၁။
NUG ရဲ့ အရေးပေါ် ကြေညာချက် နောက်မှာ စစ်ကောင်စီဘက်ကလည်း လုံခြုံရေး ပြင်ဆင်နေတဲ့ အခြေအနေ၊ NUG ရဲ့ အရေးပေါ် ကြေညာချက် အပေါ် သုံးသပ်သူတို့ အမြင်၊ ရခိုင်မှာ ကိုဗစ် Delta မျိုးကွဲ ကူးစက်နေပြီလား၊ ထိုင်းဘက်မှာ မြန်မာတွေ အဖမ်းအဆီး၊ နောက် ပြည်သူ့တော်လှန်ရေး စတင်တဲ့ NUG ကြေညာချက် အပြီး ဘာတွေ ဖြစ်မလာမလဲ- NUG ကာကွယ်ရေး ၀န်ကြီး ဦးရည်မွန်နဲ့ ဆွေးနွေးခန်း၊ အမေရိကန် နိုင်ငံရေး အကြောင်း သိကောင်းစရာ အစီအစဉ်တို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၈-၂၀၂၁)
အာဖဂန်ကို အုပ်ချုပ်မယ့် အစ္စလာမ်မစ် အိမ်စောင့်အစိုးရအဖွဲ့ တာလီဘန်တွေဖွဲ့စည်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Heiko Maas နဲ့အတူ လက်တွဲဘက်နဲ့ မဟာမိတ်နိုင်ငံတွေ ပါတဲ့ အဖွဲ့တဖွဲ့ကို ဖိတ်ကြားပြီး အာဖဂန်အရေး ဆွေးနွေး၊ မြန်မာနိုင်ငံပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးအကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးလို့ရအောင် လုပ်ကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတချို့က တိုက်တွန်း
ဗွီအိုအေ ညပိုင်း စက်တင်ဘာ၈၊၂၀၂၁
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရှောင်ကြဖို့ နိုင်ငံတချို့တိုက်တွန်း၊ ကချင် တနိုင်းဒေသမှာ KIO နဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်၊ ရန်ကုန် မန္တလေးနဲ့ မြို့တချို့မှာ ပေါက်ကွဲမှုတွေဖြစ်၊ ကလေးမြို့နယ်တွင်း ကျေးရွာတချို့ မီးရှိုဖျက်ဆီးခံရ၊ NUG ခုခံစစ်အပေါ် သုတေသီတဦးအမြင်နဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။