TV
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူး နံနက်ခင်း (စက်တင်ဘာလ ၁၅ ရက်)
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူး နံနက်ခင်း (စက်တင်ဘာလ ၁၅ ရက်) အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံး စေလွှတ်ဖို့ အမေရိကန် တိုက်တွန်းလိုက်တဲ့ သတင်းနဲ့အတူ မြန်မာကိုယ်စားလှယ် ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို ဆုံးဖြတ်မယ့် Credentials committee ကို မနေ့က စတင်ဖွင့်လှစ်လိုက်တဲ့ ၇၆ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ပြည်ပလုပ်သားတွေကို ထိုင်းက ပြန်ပြီး ခေါ်ယူတော့မယ့် သတင်းပေးပို့ချက်၊ ကုလသမဂ္ဂနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ မျှော်လင့်ချက်ဆိုတဲ့ အင်္ဂါညဆွေးနွေးခန်း စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၁၅-၂၀၂၁)
အာဖဂန်နိုင်ငံအတွက် အကူအညီတွေကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့တွေကတဆင့် အမေရိကန် ဆက်ပေးမည်။ ပဲ့ထိန်းတပ် မစ်ဇိုင်း ဒုံးကျည်နှစ်ခု မြောက်ကိုရီးယား ဒီကနေ့ ထပ်မံ စမ်းသပ်ပစ်လွှတ်၊ ကုလသမဂ္ဂ စိစစ်လက်ခံရေးကော်မတီ Credential Committee အဖွဲ့ဝင်နိုင်ငံတွေ ခန့်အပ်ပြီးစီး.. စတဲ့ထိပ်တန်းရောက်သတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေ ရေဒီယိုညပိုင်း စက်တင်ဘာ၁၅၊၂၀၂၁
ဖိအားတွေကြောင့် မြန်မာလုပ်ငန်းတွေ ရောင်းထုတ်ခဲ့ရဟု Telenor ဝန်ခံ၊ ချင်း ကန်ပက်လက်နဲ့ မကွေး ဆောမြို့အကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကိုင်း မကွေးနဲ့ မန္တလေးမြို့နယ်တချို့ အင်တာနက်ဖြတ်တောက်ခံရ စတဲ့ သတင်းတွေနဲ့အတူ လူထုနဲ့ကျန်းမာရေး သတင်းသုံးသပ်ချက် အားကစား အပတ်စဉ်ကဏ္ဍတွေကိုလည်း ထုတ်လွှင့်ပေးပါမယ်။