TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၂၈၊ ၂၀၂၁။
နိုင်ငံရေးနဲ့ ကပ်ဘေးရောဂါဒဏ်သင့် မြန်မာနိုင်ငံမှာ လိုအပ်သူတွေကို ကူညီဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေ မပြည့်မီသေးတဲ့ အကြောင်း၊ ပုဒ်မ ၅၀၅ နဲ့ ဖမ်းခံထားရသူတွေ အမှုထပ်တိုးခံနေရတဲ့ အခြေအနေ၊ မန္တလေးမှာ ဖမ်းခံရပြီး နောက်တနေ့ သေဆုံးသွားတဲ့ ကိုဖက်တီးရဲ့အဖြစ် မိသားစုပြောချက်၊ မလေးရှား နိုင်ငံမှာ မြန်မာတွေ Covid-19 ရောဂါကြောင့် သေဆုံးရမှု အခြေအနေ သတင်းဆောင်းပါးတွေနဲ့ အတူ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှနဲ့ သက်တန့်ရောင် သတင်းလွှာ အစီအစဉ်တို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၈-၂၀၂၁)
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ကူမှု အကူအညီ ပေးဖို့ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ထက်ဝက်နီးပါးပဲ ရသေးကြောင်း ကုလသမဂ္ဂ ပြော၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံ အရေးကိစ္စတွေကိုပါ ဆွေးနွေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ တို့နဲ့ နေပြည်တော် သီးသန့် တရားရုံးမှာ စတင် ကြားနာ