TV
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (စက်တင်ဘာလ ၇ ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (စက်တင်ဘာလ ၇ ရက်) အာဖဂန်မြေကို သုံးပြီး ပါကစ္စတန်ကို တိုက်ခိုက်ခြင်းမရှိစေဖို့ တာလီဘန်ကတိပြုလိုက်တဲ့ သတင်းနဲ့ အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ၊ စစ်ကောင်စီ နယ်မြေရှင်းလင်းမှု လက်နက်ကြီးအသုံးပြု သတင်းပေးပို့ချက်၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှစတဲ့ အစီအစဉ်တွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၇-၂၀၂၁)
အာဖဂန်နိုင်ငံအတွင်းက တရားဝင် ခရီးသွားလာခွင့် အထောက်အထားရှိသူအားလုံးကို တိုင်းပြည်ကနေ ထွက်ခွာ ခွင့်ပေးဖို့ တာလီဘန် ကတိတည်မတည် နိုင်ငံတကာက စောင့်ကြည့်၊ စက်တင်ဘာလ ၁၁ ရက် အမေရိကန် ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ရာမှာ စီစဉ်ခဲ့သူတွေနဲ့ ကူညီခဲ့သူ ၅ ဦးကို အကြို ရုံးတင် စစ်ဆေးတာပြန်စ၊ NUG အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၇ ရက်နေ့ကစလို့ မြန်မာတနိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာ
ဗွီအိုအေ ညပိုင်း စက်တင်ဘာ၇၊၂၀၂၁
NUG အမျိုးသားညွန်ပေါင်းအစိုးရက အရေးပေါ်အခြေအနေကြေညာပြီး စစ်ကောင်စီကိုခုခံစစ်တွေစတင်ကြဖို့ နှိုးဆော်၊ NUG ကြေညာချက်ထုတ်အပြီး နိုင်ငံအဝှမ်း စစ်ကောင်စီကလုံခြုံရေးတွေတိုးမြှင့်၊ NUG ကြေညာချက်အပေါ် လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့အမြင် စတဲ့သတင်းတွေနဲ့အတူ အင်္ဂါနေ့ဆွေးနွေးခန်းမှာတော့ NUG ကာကွယ်ရေးဝန်ကြီးနဲ့မေးမြန်းဆက်သွယ်ချက်ကို ထုတ်လွှင့်ပေးပါမယ်။