TV
၂၀၂၁ စက်တင်ဘာ(၂၅)ရက် မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ
မြန်မာစံတော်ချိန် စနေနေ့ မနက် အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေအပြင် - မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်း ၊ ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ထိုင်းရဲတွေ ပစ်ခတ်ကြပြီး စိတ်ကြွဆေးတွေ ဖမ်းမိ၊ ကမ္ဘာကြီးပူနွေးလာတာကို အပူချိန်လျော့ချဖို့ ရည်မှန်းထားတဲ့အတိုင်း ဖြစ်မလာနိုင်သေး စတဲ့အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း အစီအစဉ် (စက်တင်ဘာ ၂၅၊ ၂၀၂၁)
မြန်မာမှာ ပြည်တွင်းစစ်မဖြစ်ရေး နိုင်ငံတကာ အမြန်ဆုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ကုလမှာ တိုက်တွန်း၊ ရုရှားရွေးကောက်ပွဲ ပူတင်ထောက်ခံတဲ့ အာဏာရပါတီ ထပ်အနိုင်ရ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ မြန်မာစစ်အာဏာသိမ်းမှု အနုပညာရှင်တွေကို ဘယ်လောက် ရိုက်ခတ်မှုရှိ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ စက်တင်ဘာ ၂၅ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရဒေီယိုညပိုင်း စက်တင်ဘာ၂၅၊၂၀၂၁
ကချင်နဲ့ ရှမ်းမြောက်ပိုင်းက တိုက်ပွဲများ၊ ရွှေဝါရောင်လှုပ်ရှားမှုနှစ်ပတ်လည်ကိုအကြောင်းပြုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ မြန်မာနိုင်ငံမှာ ၁၂ နှစ်အထက်ကလေးတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ စစ်ကောင်စီဥက္ကဌပြောဆိုတဲ့သတင်း စတာတွေအပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးအကြောင်းထင်ဟပ်တင်ဆက်တဲ့ ဒို့အသံနဲ့ စနေညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။