မေ ၅၊ ၂၀၁၈ - ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အတိုင်းအဆကို ရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lock, stock, and barrel; Hook, line, and sinker နဲ့ To take it with a pinch (grain) of salt တို့ကို တင်ပြထားပါတယ်။
မောင်တောဒေသတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အောက်မေ့ဖွယ်အခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။
"ဆက်ဆွေးနွေးဖို့ကလည်း အစိုးရဘက်ခြမ်းကလည်း ၁၅ ရက်နေ့ နောက်ပိုင်းဆိုတော့ ဒါကလည်း ဆွေးနွေးမှုမပြတ်တော့ ဒီလာမယ့် ၁၅ ရက်နေ့မှာ ဘယ်လိုမှ ပါဝင်လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပြုချက် ၈ ချက်က လုံးဝမပြတ်သေးလို့ပါ။" (နိုင်အောင်မငေး - UNFC)
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မူအရ ခွဲခြားကန့်သတ်ပြီး ညီလာခံတက်ဖို့ ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး ထိခိုက်စေပြီး အပြုသဘော မဆောင်ဘူးလို့ ကချင်မဟာမိတ်တပ်ပေါင်းစု ဥက္ကဌ Gum San က ပြောပါတယ်။
မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ နောက်ဆုံးပြစ်လွှတ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံက ကမကထပြု အဆိုတင်သွင်းထားတဲ့ One Belt One Road ခေါ် ခါးပတ်လမ်းမကြီးစီမံကိန်းနဲ့ ယှဉ်ပြိုင်ပြီး အိန္ဒိယနဲ့ဂျပန်တို့က တန်ပြန်-မဟာဗျူဟာမြောက် စီမံကိန်းတခုလုပ်ဖို့ စီစဉ်နေပါတယ်။
မြန်မာ့ ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ တရုတ် ရေတပ်အုပ်စုမှာ ဖျက်သင်္ဘော Changchun ၊ ဒုံးကျည်တပ် အမြန်မောင်းနှင်နိုင်တဲ့ အစောင့်စစ်သင်္ဘော Jingzhou နဲ့ ထောက်ပံ့ရေး ရေယာဉ် Chaohu စတဲ့ တရုတ်ပြည်တွင်းဖြစ် စစ်သင်္ဘော ၃ စီး ပါဝင်တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် ဒုံးကျည်တခုကို တိုင်းပြည်အနောက်ဘက် ကမ်းခြေအနီးကနေ တနင်္ဂနွေနေ့မှာ စမ်းသပ် ပစ်လွတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေမှာ တချိန်က Bullfighter လို့ခေါ်တဲ့ နွားရိုင်းနဲ့ကစားပြီးသတ်ပြခဲ့သူအမျိုးသမီး၊ ဗွီဒီယို Games လုပ်ငန်းပိုင်ရှင်သူဌေးကြီး၊ သင်္ချာပာ ထူးချွန်ထက်မြက်သူတို့က သူ့ပါတီအတွက်အနိုင်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ သမ္မတအြဖ် ရွေးကောက် တင်မြောက်ခံထားရတဲ့ Emmanuel Macron က မျှော်လင့်နေပါတယ်။
အီးယူရဲ့ အကူအညီအသစ်ထဲက ယူရို ၉ သန်းကိုတော့ - ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေအတွင်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာရှိနေတဲ့ လူမှု အသိုင်းအဝိုင်းတွေအတွက် စာနာမှုအကူအညီတွေ တိုက်ရိုက် ပေးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ယူရို ၃ သန်းကိုတော့ သဘာဝဘေးအန္တရာယ် ဒဏ်လျှော့ချရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
“အစ္စလန်အစွန်းရောက် Boko Haram စစ်သွေးကြွတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက သူတို့ ဖမ်းဆီးထားတဲ့ Chibok က ကျောင်းသူလေး ၅၀ ခန့်ကို စနေနေ့ မနက်ပိုင်းမှာ ပြန်ပြီး လွှတ်ပေးလိုက်တယ်လို့ နိုင်ဂျီးရီးယား အစိုးရ ပြောခွင့်ရက ပြောပါတယ်။”
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်လည်းဖြစ်၊ OCA - အာရှအိုလံပစ် ကောင်စီဝင်လည်းဖြစ်တဲ့ Sheikh Ahmad Al-Fahad Al-Ahmed Al-Sabah က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အတွင်း နောက်ဆုံး ဖြစ်ပေါ်နေတဲ့ လာဘ်ပေး လာဘ်ယူမှုတွေထဲမှာ သူ ပါဝင် ပတ်သက်နေတဲ့အတွက် ရာထူးအားလုံးကနေ နှုတ်ထွက်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်