၁၇ ရာစုတုန်းက ကမ္ဘာကျော်ပန်းချီဆရာကြီး ၂ ယောက် ဂန္ဓာရုံကို အသားပေးရေးဆွဲထားတဲ့ ပန်းချီကား ၁ ချပ်ကို နည်းပညာကျေးဇူးကြောင့် အမြင်နဲ့တင် မဟုတ်ဘဲ အနံ့နဲ့ပါ ခံစားလို့ရနိုင်ပါပြီ။ ပန်းချီကားကို ဂန္ဓာရုံနဲ့ပါ ခံစားနိုင်အောင် ဘယ်လိုဖန်တီးထားသလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံမှာ တရုတ်အစိုးရသဘောထားထင်ဟပ်တဲ့အကြောင်းကိုသာ ဦးစားပေးဖော်ပြနေတာကြောင့် တရုတ်နိုင်ငံရောက် ယူကရိန်းလူမျိုးတွေက ယူကရိန်းနိုင်ငံသတင်းတွေ အသေအချာ သိနိုင်အောင် ကြိုးစားနေကြပါတယ်။ AFP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀% ကနေ ၂၅% တိုးပြီး ကောက်ခံဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရက စဉ်းစားနေတယ်လို့ အစိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မေ ၅၊ ၂၀၁၈ - ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ အတိုင်းအဆကို ရည်ညွှန်းတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lock, stock, and barrel; Hook, line, and sinker နဲ့ To take it with a pinch (grain) of salt တို့ကို တင်ပြထားပါတယ်။
မောင်တောဒေသတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ၊ ဒေသခံပြည်သူတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့ အောက်မေ့ဖွယ်အခမ်းအနား ဒီကနေ့ ကျင်းပခဲ့ပါတယ်။
"ဆက်ဆွေးနွေးဖို့ကလည်း အစိုးရဘက်ခြမ်းကလည်း ၁၅ ရက်နေ့ နောက်ပိုင်းဆိုတော့ ဒါကလည်း ဆွေးနွေးမှုမပြတ်တော့ ဒီလာမယ့် ၁၅ ရက်နေ့မှာ ဘယ်လိုမှ ပါဝင်လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဆိုပြုချက် ၈ ချက်က လုံးဝမပြတ်သေးလို့ပါ။" (နိုင်အောင်မငေး - UNFC)
အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မူအရ ခွဲခြားကန့်သတ်ပြီး ညီလာခံတက်ဖို့ ဖိတ်ခေါ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီး ထိခိုက်စေပြီး အပြုသဘော မဆောင်ဘူးလို့ ကချင်မဟာမိတ်တပ်ပေါင်းစု ဥက္ကဌ Gum San က ပြောပါတယ်။
မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ နောက်ဆုံးပြစ်လွှတ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ အရေးပေါ်စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံက ကမကထပြု အဆိုတင်သွင်းထားတဲ့ One Belt One Road ခေါ် ခါးပတ်လမ်းမကြီးစီမံကိန်းနဲ့ ယှဉ်ပြိုင်ပြီး အိန္ဒိယနဲ့ဂျပန်တို့က တန်ပြန်-မဟာဗျူဟာမြောက် စီမံကိန်းတခုလုပ်ဖို့ စီစဉ်နေပါတယ်။
မြန်မာ့ ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ တရုတ် ရေတပ်အုပ်စုမှာ ဖျက်သင်္ဘော Changchun ၊ ဒုံးကျည်တပ် အမြန်မောင်းနှင်နိုင်တဲ့ အစောင့်စစ်သင်္ဘော Jingzhou နဲ့ ထောက်ပံ့ရေး ရေယာဉ် Chaohu စတဲ့ တရုတ်ပြည်တွင်းဖြစ် စစ်သင်္ဘော ၃ စီး ပါဝင်တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ် ဒုံးကျည်တခုကို တိုင်းပြည်အနောက်ဘက် ကမ်းခြေအနီးကနေ တနင်္ဂနွေနေ့မှာ စမ်းသပ် ပစ်လွတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေမှာ တချိန်က Bullfighter လို့ခေါ်တဲ့ နွားရိုင်းနဲ့ကစားပြီးသတ်ပြခဲ့သူအမျိုးသမီး၊ ဗွီဒီယို Games လုပ်ငန်းပိုင်ရှင်သူဌေးကြီး၊ သင်္ချာပာ ထူးချွန်ထက်မြက်သူတို့က သူ့ပါတီအတွက်အနိုင်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ သမ္မတအြဖ် ရွေးကောက် တင်မြောက်ခံထားရတဲ့ Emmanuel Macron က မျှော်လင့်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်