သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလို့ယူဆရတဲ့ အမျိုးသားအလောင်းသုံးလောင်း ထိုင်း-မလေးနယ်စပ်မှာတွေ့


ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့သစ်တောထဲမှာ မြန်မာနိုင်ငံသားတွေလို့ ယူဆရတဲ့ အလောင်းတွေတွေ့ရာနေရာ။ (မတ်လ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ ထိုင်းရဲတပ်ဖွဲ့)
ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့သစ်တောထဲမှာ မြန်မာနိုင်ငံသားတွေလို့ ယူဆရတဲ့ အလောင်းတွေတွေ့ရာနေရာ။ (မတ်လ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ ထိုင်းရဲတပ်ဖွဲ့)

{{Zawgyi/Unicode}}

ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မလေးရှားဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာတွေလို့ယူဆရတဲ့ အမျိုးသားအလောင်း ၃ လောင်းကိုတွေ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းမှာဒဏ်ရာတွေ တွေ့ရတဲ့အတွက် အသတ်ခံရတာဖြစ်နိုင်ကြောင်း ဒါကြောင့် ဆေးရုံပို့ပြီး စစ်ဆေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မလေးရှားဘက်ကို ခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာတွေလို့ယူဆရတဲ့ အမျိုးသားအလောင်း ၃ လောင်းကို မတ်လ ၁၅ ရက်နေ့မနက်ပိုင်းမှာ အမှိုက်ကောက်သမားတဦးက စတင်တွေ့ရှိရာကနေ အာဏာပိုင်တွေကိုအကြောင်းကြားခဲ့တာပါ။ သူတို့တွေဟာ နယ်မြေအတွင်းနေထိုင်သူတွေမဟုတ်ဘဲ တခြားနေရာကလာသူတွေဖြစ်နိုင်ကြောင်း အမျိုးသားအလောင်းတွေကိုတွေ့ရှိတာနဲ့ပတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံသားလို့ယူဆရတဲ့ အလောင်း ၃ လောင်းကို ဒီနေ့မှာ အမှိုက်ပစ်တဲ့နေရာကနေ အမှိုက်ကောက်တဲ့အဖိုးကြီးတဦးက သွားပြီးတွေ့တယ်။ တွေ့ရှိတာကြောင့် အာဏာပိုင်တွေကို သွားရောက်တိုင်ကြားတဲ့အခါမှာ ရဲ၊ လဝက၊ ဌာနဆိုင်ရာ အကုန်လုံးသွားရောက်စစ်ဆေးကြပါတယ်။ အလောင်း ၃ လောင်းက အမျိုးသားတွေဖြစ်တယ်။ ယူဆလို့ရတာက မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ ဒီနေရာမှာ စက်ရုံ အလုပ်ရုံတွေမရှိဘူး။ ယူဆလို့်ရတာကတော့ မလေးရှားကိုသွားမဲ့ခရီးသွားတွေလို့ ယူဆရပါတယ်။ ထိုင်းလူမျိုးဆိုရင်တော့ လူပျောက်တိုင်တာရှိမယ်။ သေတဲ့သူတွေကို လူတွေကသိရှိမယ်။ အခုကတော့ သေတဲ့သူတွေကိုဘယ်သူကမှ မသိဘူး။ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကြည့်တော့ မြန်မာနိုင်ငံသားတွေလို့ သုံးသပ်လို့ ရပါတယ်။”

လတ်တလောမှတော့ သတ်ဖြတ်ပြီး လာရောက်စွန့်ပစ်သွားတာလို့ ရဲတွေကသံသယရှိနေပြီး သေဆုံးတာဟာ ၃ ရက်ခန့်ရှိပြီလို့ ယူဆနေတယ်လို့လည်း ဆိုပါတယ်။

“၃ ယောက်စလုံးကိုတော့ လည်ပင်းတွေ လှီးထားတာတွေ့တယ်။ အလောင်းကတော့ ၃ ရက်လောက် ကြာနေပြီလို့ ရဲတွေကသုံးသပ်ကြတယ်။ အပုပ်နံ့တွေထွက်နေပြီး အလောင်း ၃ လောင်းစလုံးကိုတော့ ဟတ်ရိုင်ဆေးရုံကြီးကိုပို့ပြီး စစ်ဆေးချက်ယူနေတယ်လို့ သိရပါတယ်။”

အခုလိုသတ်ဖြတ်မူတွေကတော့ ထိုင်းတောင်ပိုင်းမှာ မကြာခနဖြစ်လေ့ရှိပြီး ၃ ယောက်လောက် တပြိုင်တည်းသတ်ဖြတ်တာကတော့ ဘာကြောင့်ဆိုတာ စဉ်းစားစရာဖြစ်နေတယ်လို့ ရဲတွေကပြောဆိုပြီး လူသတ်မှုတွေအတွက် ဆက်လက်စစ်ဆေးသွားမယ်လို့လည်းဆိုပါတယ်။ အခုအခင်းဖြစ်ပွားခဲ့တဲ့ ဘန့်ကလန်မြို့ဟာ ဘန်ကောက်သွားတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာရှိပြီး လူကုန်ကူးသူတွေ သွားလာနေတဲ့နေရာတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။ လူသတ်မှုနဲ့ပတ်သက်လို့ တရားခံတွေကို ထပ်မံစုံစမ်းသွားမယ်လို့လည်းသိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG