[[Zawgyi/Unicode]]
ျမန္မာစစ္တပ္က အာဏာသိမ္းၿပီးေနာက္ ၂ ႏွစ္တာကာလအတြင္း သတင္းလြတ္လပ္ခြင့္ဟာ ဆိုးဆိုး႐ြား႐ြားက်ဆင္းသြားေၾကာင္းနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားတဲ့ သတင္းေထာက္အားလုံးကို ႁခြင္းခ်က္မရွိ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ CPJ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕က စစ္အာဏာသိမ္း ၂ ႏွစ္ျပည့္ေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။
သတင္းသမားေတြအေပၚ ဘက္ေပါင္းစုံကဖိႏွိပ္ထားၿပီးေနာက္ စိုးရိမ္ေၾကာက္႐ြံ႕မႈေတြနဲ႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြ ေပါင္းစုံရင္ဆိုင္ေနရတဲ့အေျခအေနမ်ိဳးမွာ ျမန္မာစစ္ေကာင္စီက ဒီမိုကေရစီ ျပန္လည္က်င့္သုံးေရးအတြက္ ေ႐ြးေကာက္ပြဲေတြက်င္းပမယ္လို႔ ေျပာဆိုထားတာလည္း အယုံအၾကည္မဲ့စရာ ျဖစ္တယ္လို႔လည္း CPJ ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ အႀကီးတန္းကိုယ္စားလွယ္ Shawn Crispin က ေျပာပါတယ္။
သတင္းေထာက္ေတြကိုေထာင္ခ်တဲ့ေနရာမွာ ျမန္မာႏိုင္ငံဟာ ကမာၻမွာ တတိယအဆိုးဆုံးျဖစ္ၿပီး CPJ က ေနာက္ဆုံးစာရင္းေကာက္ခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔ အထိ ျမန္မာႏိုင္ငံမွာ အနည္းဆုံး သတင္းသမား ၄၂ ဦး အက်ဥ္းက်ခံေနရေၾကာင္းလည္း ေဖာ္ျပပါတယ္။ သတင္းသမားအမ်ားစုကေတာ့ သူတို႔ရဲ႕သတင္းအလုပ္ေတြနဲ႔ ဆက္စပ္ၿပီး ဆူပူေအာင္လႈံ႕ေဆာ္မႈ၊ သတင္းမွာေတြ ေဖာ္ျပမႈလိုမ်ိဳး စြဲခ်က္ေတြနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ကေန ၃ ႏွစ္ထိ ခ်မွတ္ခံထားရေၾကာင္းလည္း CPJ ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ဒီလို ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ သတင္းေထာက္ေတြထဲမွာ Myanmar Pressphoto Agency က ဓာတ္ပုံဆရာ ေကာင္းဆက္လင္း၊ ကင္မရာသမား မႉးရတနာခက္မို႔မို႔ထြန္းတို႔လည္း ပါဝင္ပါတယ္။
ဒီထက္ပိုၿပီး ျပင္းထန္တဲ့အၾကမ္းဖက္မႈဥပေဒနဲ႔ ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ သတင္းေထာက္ေတြလည္း ရွိေနပါတယ္။ ဒီထဲမွာဆိုရင္ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ ေမးျမန္းမႈေတြ၊ ဓာတ္ပုံေတြ ေတြ႔ရွိမႈနဲ႔ မဲေခါင္သတင္းက သတင္းေထာက္ ေမာင္ေမာင္ညိဳကိုလည္း ၂၀၂၂ ခုႏွစ္ ဇူလိုင္လ အတြင္းမွာ ေထာင္ဒဏ္ ၆ ႏွစ္ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။
=================
{{Unicode]]
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့် ပိုဆိုးလာ (CPJ)
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်တာကာလအတွင်း သတင်းလွတ်လပ်ခွင့်ဟာ ဆိုးဆိုးရွားရွားကျဆင်းသွားကြောင်းနဲ့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
သတင်းသမားတွေအပေါ် ဘက်ပေါင်းစုံကဖိနှိပ်ထားပြီးနောက် စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ပေါင်းစုံရင်ဆိုင်နေရတဲ့အခြေအနေမျိုးမှာ မြန်မာစစ်ကောင်စီက ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးအတွက် ရွေးကောက်ပွဲတွေကျင်းပမယ်လို့ ပြောဆိုထားတာလည်း အယုံအကြည်မဲ့စရာ ဖြစ်တယ်လို့လည်း CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
သတင်းထောက်တွေကိုထောင်ချတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယအဆိုးဆုံးဖြစ်ပြီး CPJ က နောက်ဆုံးစာရင်းကောက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ အထိ မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းသမား ၄၂ ဦး အကျဉ်းကျခံနေရကြောင်းလည်း ဖော်ပြပါတယ်။ သတင်းသမားအများစုကတော့ သူတို့ရဲ့သတင်းအလုပ်တွေနဲ့ ဆက်စပ်ပြီး ဆူပူအောင်လှုံ့ဆော်မှု၊ သတင်းမှာတွေ ဖော်ပြမှုလိုမျိုး စွဲချက်တွေနဲ့ ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်ထိ ချမှတ်ခံထားရကြောင်းလည်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီလို ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်တွေထဲမှာ Myanmar Pressphoto Agency က ဓာတ်ပုံဆရာ ကောင်းဆက်လင်း၊ ကင်မရာသမား မှူးရတနာခက်မို့မို့ထွန်းတို့လည်း ပါဝင်ပါတယ်။
ဒီထက်ပိုပြီး ပြင်းထန်တဲ့အကြမ်းဖက်မှုဥပဒေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်တွေလည်း ရှိနေပါတယ်။ ဒီထဲမှာဆိုရင် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မေးမြန်းမှုတွေ၊ ဓာတ်ပုံတွေ တွေ့ရှိမှုနဲ့ မဲခေါင်သတင်းက သတင်းထောက် မောင်မောင်ညိုကိုလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်းမှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။