သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ ေနရပ္ျပန္ေရး ေဆြးေႏြးမယ့္ ျမန္မာအဖြဲ႕ကို ကုလကူညီ


BANGLADESH-UNREST-REFUGEE-ROHINGYA-FOOD

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္မွာခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးေဆြးေႏြးဖို႔သြားေရာက္တဲ့ ျမန္မာတာဝန္ရွိသူေတြကို ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာအဖြဲ႕က အကူအညီေတြေပးခဲ့တယ္လို႔ AFP သတင္းမွာ ေဖၚျပထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕အေျခေနဟာ ဒုကၡသည္ေတြေနရပ္ျပန္ဖို႔ လုံၿခဳံစိတ္ခ်ရမႈမရွိေသးေပမယ့္ အခုျပန္ေခၚဖို႔ လုပ္လာတာျဖစ္ေၾကာင္း ကုလအရာရွိ ၂ ဦးကေျပာၾကားခဲ့တာပါ။

ရခိုင္ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေအာင္မ်ိဳးဦးေဆာင္တဲ့ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန ကိုယ္စားလွယ္ ၁၇ ဦးဟာ ဗုဒၶဟူးေန႔က Teknaf ၿမိဳ႕ကိုသြားေရာက္ၿပီး ျပန္ေခၚဖို႔လ်ာထားသူေတြကို သြားေရာက္ေတြ႕ဆုံေမးျမန္းခဲ့တာျဖစ္ပါတယ္။

ျမန္မာစစ္ေကာင္စီနဲ႔ ဒုကၡသည္ေတြၾကား ဆက္သြယ္ေရးအဆင္ေျပေအာင္ ပံ့ပိုးတဲ့အေနနဲ႔ UNHCR ဒုကၡသည္မ်ားဆိုင္ရာမဟာမင္းႀကီး႐ုံးနဲ႔ WFP ကမာၻ႔စားနပ္ရိကၡာအစီအစဥ္တို႔က ျမန္မာအရာရွိတခ်ိဳ႕အတြက္ သေဘၤာေတြစီစဥ္ေပးခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္က UNHCR ႐ုံးတာဝန္ရွိသူတဦးက ေျပာပါတယ္။ ဒီလိုစီစဥ္ဖို႔ ျမန္မာအရာရွိေတြဘက္က ေတာင္းဆိုခဲ့တာျဖစ္ၿပီး သေဘၤာဘယ္ႏွစ္စင္းစီစဥ္ေပးတယ္၊ ျမန္မာဘက္က ဘယ္ႏွစ္ေယာက္လာတယ္၊ ရဲေတြ လုံၿခဳံေရးေတြပါမပါ အေသးစိတ္ကိုေတာ့ ထုတ္မေျပာပါဘူး။

UNHCR ရဲ႕ ဘဂၤလားေဒ့ရွ္ ဌာေနကိုယ္စားလွယ္ Johannes van der Klaauw ကေတာ့ သူတို႔ေတြ ေနရပ္ျပန္တာဟာ လုံၿခဳံမႈ၊ ဂုဏ္သိကၡာနဲ႔ ေရရွည္ေနထိုင္ေရးအတြက္ အာမခံခ်က္မရွိဘူးလို႔ ဒီလထဲမွာပဲ ေျပာၾကားခဲ့တာပါ။

ျမန္မာကိုယ္စားလွယ္အဖြဲ႕ဟာ သူတို႔ ျပန္လက္ခံဖို႔ စာရင္းျပဳစားထားသူ ၇၀၀ ေက်ာ္ကို လူေတြ႕ေမးျမန္းမွာ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကိုလက္မခံတဲ့ ျမန္မာဘက္ကေတာ့ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကိုစိစစ္ၿပီး ျပန္လက္ခံဖို႔ ၂၀၁၇ ကတည္းက ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ သေဘာတူထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုခ်ိန္အထိမလုပ္ႏိုင္ေသးဘဲ ကိုဗစ္ကပ္ေရာဂါကူးစက္မႈနဲ႔ ၂၀၂၁ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေနာက္ပိုင္း ဒီအစီအစဥ္က လုံးဝရပ္ဆိုင္းေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် နေရပ်ပြန်ရေး ဆွေးနွေးမယ့် မြန်မာအဖွဲ့ကို ကုလကူညီ

ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့သွားရောက်တဲ့ မြန်မာတာဝန်ရှိသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က အကူအညီတွေပေးခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့အခြေနေဟာ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ လုံခြုံစိတ်ချရမှုမရှိသေးပေမယ့် အခုပြန်ခေါ်ဖို့ လုပ်လာတာဖြစ်ကြောင်း ကုလအရာရှိ ၂ ဦးကပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ် ၁၇ ဦးဟာ ဗုဒ္ဓဟူးနေ့က Teknaf မြို့ကိုသွားရောက်ပြီး ပြန်ခေါ်ဖို့လျာထားသူတွေကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ဒုက္ခသည်တွေကြား ဆက်သွယ်ရေးအဆင်ပြေအောင် ပံ့ပိုးတဲ့အနေနဲ့ UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့က မြန်မာအရာရှိတချို့အတွက် သင်္ဘောတွေစီစဉ်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က UNHCR ရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီလိုစီစဉ်ဖို့ မြန်မာအရာရှိတွေဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး သင်္ဘောဘယ်နှစ်စင်းစီစဉ်ပေးတယ်၊ မြန်မာဘက်က ဘယ်နှစ်ယောက်လာတယ်၊ ရဲတွေ လုံခြုံရေးတွေပါမပါ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ်စားလှယ် Johannes van der Klaauw ကတော့ သူတို့တွေ နေရပ်ပြန်တာဟာ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ ရေရှည်နေထိုင်ရေးအတွက် အာမခံချက်မရှိဘူးလို့ ဒီလထဲမှာပဲ ပြောကြားခဲ့တာပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ပြန်လက်ခံဖို့ စာရင်းပြုစားထားသူ ၇၀၀ ကျော်ကို လူတွေ့မေးမြန်းမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကိုစိစစ်ပြီး ပြန်လက်ခံဖို့ ၂၀၁၇ ကတည်းက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်အထိမလုပ်နိုင်သေးဘဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ဒီအစီအစဉ်က လုံးဝရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG