သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် နေရပ်ပြန်ရေး ဆွေးနွေးမယ့် မြန်မာအဖွဲ့ကို ကုလကူညီ


BANGLADESH-UNREST-REFUGEE-ROHINGYA-FOOD
BANGLADESH-UNREST-REFUGEE-ROHINGYA-FOOD

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့သွားရောက်တဲ့ မြန်မာတာဝန်ရှိသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က အကူအညီတွေပေးခဲ့တယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့အခြေနေဟာ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ လုံခြုံစိတ်ချရမှုမရှိသေးပေမယ့် အခုပြန်ခေါ်ဖို့ လုပ်လာတာဖြစ်ကြောင်း ကုလအရာရှိ ၂ ဦးကပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ် ၁၇ ဦးဟာ ဗုဒ္ဓဟူးနေ့က Teknaf မြို့ကိုသွားရောက်ပြီး ပြန်ခေါ်ဖို့လျာထားသူတွေကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ဒုက္ခသည်တွေကြား ဆက်သွယ်ရေးအဆင်ပြေအောင် ပံ့ပိုးတဲ့အနေနဲ့ UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့က မြန်မာအရာရှိတချို့အတွက် သင်္ဘောတွေစီစဉ်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က UNHCR ရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီလိုစီစဉ်ဖို့ မြန်မာအရာရှိတွေဘက်က တောင်းဆိုခဲ့တာဖြစ်ပြီး သင်္ဘောဘယ်နှစ်စင်းစီစဉ်ပေးတယ်၊ မြန်မာဘက်က ဘယ်နှစ်ယောက်လာတယ်၊ ရဲတွေ လုံခြုံရေးတွေပါမပါ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ်စားလှယ် Johannes van der Klaauw ကတော့ သူတို့တွေ နေရပ်ပြန်တာဟာ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ ရေရှည်နေထိုင်ရေးအတွက် အာမခံချက်မရှိဘူးလို့ ဒီလထဲမှာပဲ ပြောကြားခဲ့တာပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ပြန်လက်ခံဖို့ စာရင်းပြုစားထားသူ ၇၀၀ ကျော်ကို လူတွေ့မေးမြန်းမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကိုစိစစ်ပြီး ပြန်လက်ခံဖို့ ၂၀၁၇ ကတည်းက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ သဘောတူထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်အထိမလုပ်နိုင်သေးဘဲ ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ဒီအစီအစဉ်က လုံးဝရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG