{{Zawgyi/Unicode}}
တကယ္လို႔ ႐ုရွားတပ္ေတြက ယူကရိန္းအေရွ႕ပိုင္း Bakhmut ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ရင္လည္း ဒါဟာ ပဋိပကၡကို အလွည့္အေျပာင္းျဖစ္ေစတဲ့တိုက္ပြဲ မဟုတ္ဘူးလို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin က မေန႔ တနလၤာေန႔က ေျပာလိုက္ပါတယ္။ မဟာဗ်ဴဟာနဲ႔စစ္ဆင္ေရးတန္ဖိုးထက္ သေကၤတသေဘာေဆာင္တဲ့တန္ဖိုးပဲ ပိုရွိပါလိမ့္မယ္လို႔ ေဂ်ာ္ဒန္ႏိုင္ငံခရီးစဥ္မွာ သတင္းေထာက္ေတြကို Lloyd Austin က ေျပာခဲ့တာ ျဖစ္ပါတယ္။
ဒါေပမဲ့ ယူကရိန္း စစ္ေခါင္းေဆာင္ေတြကေတာ့ Bakhmut ၿမိဳ႕မွာ ခုခံစစ္ဆက္လက္ ဆင္ႏႊဲၿပီး ယူကရိန္းတပ္ေတြရဲ႕ အေနအထားကို ပိုၿပီး ခိုင္မာေအာင္လုပ္ဖို႔ အစည္းအေဝးမွာ ဆုံးျဖတ္လိုက္ေၾကာင္း သမၼတ Volodymyr Zelenskyy ရဲ႕႐ုံး က တနလၤာေန႔မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။ လြန္ခဲ့တဲ့တပတ္မတိုင္ခင္တုန္းကေတာ့ Bakhmut ၿမိဳ႕ကေန ယူကရိန္းတပ္ေတြကဆုတ္ခြါၿပီး ၿမိဳ႕နဲ႔အနီးအနားမွာ ေနရာျပန္ယူမယ္လို႔ သမၼတ Zelenskyy ရဲ႕အႀကံေပးက ေျပာခဲ့တာပါ။
႐ုရွားက အီရန္လုပ္ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္ခဲ့ၿပီး ၁၅ စင္းအနက္က ၁၃ စင္းကို ပစ္ခ်ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က တနလၤာေန႔မွာ ေျပာပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu ဟာ Mariupol ၿမိဳ႕ ျပန္လည္တည္ေဆာက္ေရး ကိုၾကည့္ရႈဖို႔ သြားေရာက္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဒီ အခ်ိန္မွာပဲ ေျပာပါတယ္။ ဒါေပမဲ့ ဘယ္အခ်ိန္တုန္းက သြားခဲ့တယ္ဆိုတာကိုေတာ့ ေျပာမထားပါဘူး။
============
{{Unicode}}
Bakhmut မြို့ ရုရှားထိန်းချုပ်နိုင်လည်း စစ်ကိုအဆုံးအဖြတ်ပေးမည်မဟုတ် (ကန် ကာကွယ်ရေးဝန်ကြီး)
တကယ်လို့ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို ထိန်းချုပ်နိုင်ခဲ့ရင်လည်း ဒါဟာ ပဋိပက္ခကို အလှည့်အပြောင်းဖြစ်စေတဲ့တိုက်ပွဲ မဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။ မဟာဗျူဟာနဲ့စစ်ဆင်ရေးတန်ဖိုးထက် သင်္ကေတသဘောဆောင်တဲ့တန်ဖိုးပဲ ပိုရှိပါလိမ့်မယ်လို့ ဂျော်ဒန်နိုင်ငံခရီးစဉ်မှာ သတင်းထောက်တွေကို Lloyd Austin က ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူကရိန်း စစ်ခေါင်းဆောင်တွေကတော့ Bakhmut မြို့မှာ ခုခံစစ်ဆက်လက် ဆင်နွှဲပြီး ယူကရိန်းတပ်တွေရဲ့ အနေအထားကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြောင်း သမ္မတ Volodymyr Zelenskyy ရဲ့ရုံး က တနင်္လာနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ လွန်ခဲ့တဲ့တပတ်မတိုင်ခင်တုန်းကတော့ Bakhmut မြို့ကနေ ယူကရိန်းတပ်တွေကဆုတ်ခွါပြီး မြို့နဲ့အနီးအနားမှာ နေရာပြန်ယူမယ်လို့ သမ္မတ Zelenskyy ရဲ့အကြံပေးက ပြောခဲ့တာပါ။
ရုရှားက အီရန်လုပ်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ၁၅ စင်းအနက်က ၁၃ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ဟာ Mariupol မြို့ ပြန်လည်တည်ဆောက်ရေး ကိုကြည့်ရှုဖို့ သွားရောက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီ အချိန်မှာပဲ ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်တုန်းက သွားခဲ့တယ်ဆိုတာကိုတော့ ပြောမထားပါဘူး။