သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားမစ္ဇုိင္းဒုံးတုိက္ခုိက္မႈေၾကာင့္ ယူကရိန္းမွာ အနည္းဆုံး ၁၁ ဦး ေသ 


Aftermath of recent shelling in Makiivka

[[Zawgyi/Unicode]]

႐ုရွားက မစ္ဇိုင္းဒံုးက်ည္ေတြနဲ႔႔ ထပ္မံတိုက္ခိုက္ခဲ့တဲ့အတြက္ ၾကာသပေတးေန႔က ယူကရိန္းေဒသအမ်ားအျပားမွာ ေသဆံုးရသူ ၁၁ ဦးရွိၿပီး ဒဏ္ရာရသူကလည္း ေနာက္ ၁၁ ဦးရွိတယ္လို႔ ယူကရိန္းအစိုးရအေရးေပၚဌာနကေျပာပါတယ္။

႐ုရွားဘက္ကပစ္ခတ္တဲ့ မစ္ဇိုင္းဒံုးက်ည္က ၅၅ လံုးရွိၿပီး အမ်ားစုကို ယူကရိန္းဘက္ကပစ္ခ်ႏိုင္ခဲ့တယ္လို႔ ယူကရိန္းေလတပ္က ေျပာပါတယ္။ ဒီတိုက္ ခိုက္မႈေတြေၾကာင့္ အေဆာက္အဦး ၃၅ လံုး ပ်က္စီးခဲ့ရတယ္လို႔လည္းေျပာပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskiy ကေတာ့ ႐ုရွားရဲ႕အင္အားႀကီးလက္နက္ေတြရွိတဲ့႐ုရွားကို တြန္းလွန္တိုက္ခိုက္ဖို႔ လက္နက္ေတြလိုအပ္ေနတယ္လို႔ ၾကာသပေတးေန႔မွာ ေျပာပါတယ္။

"အၾကမ္းဖက္သမားေတြက က်ေနာ္တို႔ ၿမိဳ႕ရြာေတြကိုပစ္ခတ္တဲ့ ႐ုရွားရဲ႕ မစ္ဇိုုင္းဒံုးတိုင္း၊ အီရန္ရဲ႕ဒ႐ုန္းတိုင္းက က်ေနာ္တို႔ဘာေၾကာင့္ လက္နက္ေတြ လိုအပ္ေနတယ္ဆိုတာကို ေျပာျပေနၾကတာပါ။ အၾကမ္းဖက္သမားေတြကို လက္နက္ကပဲ အၾကမ္းမဖက္ေအာင္ လုပ္ေပးႏိုင္မွာပါ။”

ေဆာင္းကာလ အလြန္ေအးတဲ့ေဒသမွာ ႐ုရွားတပ္ေတြက လွ်ပ္စစ္မီးေပးတဲ့ ဓါတ္အားေပးရံုေတြကို ပစ္မွတ္ထားတိုက္ခိုက္ၿပီး ယူကရိန္းေတြ စိတ္ဓါတ္ က်ေအာင္ ဆက္လုပ္ေနတယ္လို႔ ယူကရိန္းဝန္ႀကီးခ်ဳပ္ Denys Shmyhal က ေျပာပါတယ္။

ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ IAEA အႀကီးအကဲ Rafael Mariano Grossi ကလည္း ယူကရိန္းက Zaporizhzhia ႏ်ဴကလီယား ဓါတ္အားေပးစက္ရံုႀကီးတဝိုက္ ေန႔စဥ္လိုလို ေပါက္ကြဲသံေတြ ၾကားေနရတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဒီႏ်ဴကလီယားစက္ရံုဝန္းက်င္ကို အပစ္ခတ္ရပ္စဲတဲ့ဇံုအျဖစ္ သတ္မွတ္ေပးဖို႔ ၾကာသပေတးေန႔မွာပဲ ထပ္မံ ေတာင္းဆိုလိုက္ပါတယ္။ ဒီစက္ရံုက ဓါတ္ေပါင္းဖို႔ ၆ ခုကို အခု ပိတ္ထားရၿပီျဖစ္ပါတယ္။

ယူကရိန္းအတြက္ ႏိုင္ငံတကာက စစ္ေရးအကူအညီေတြ ေပးေနတာျဖစ္ၿပီး အေမရိကန္က သူ႔ရဲ႕ Abrams တင့္ကား ၃၁ စီးေပးမယ္လို႔ ကတိေပးခဲ့သလို ဂ်ာမနီက သူ႔ရဲ႕ Leopard 2 တင့္ကား ၁၄ စင္းအျပင္ ဥေရာပႏိုင္ငံတခ်ိဳ႕ ကလည္း တိုက္ခိုက္ေရးယဥ္ေတြ ေပးပို႔မယ္လို႔ ေျပာၾကားထားတာ ျဖစ္ပါတယ္။ ဂ်ာမနီကာကြယ္ေရးဝန္ႀကီး Boris Pistorius ကေတာ့ Leopard 2 တင့္ကားေတြ ယူကရိန္းကို ၃ လအတြင္း ေရာက္သြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားမစ်ဇိုင်းဒုံးတိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ အနည်းဆုံး ၁၁ ဦး သေ

ရုရှားက မစ်ဇိုင်းဒုံးကျည်တွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် ကြာသပတေးနေ့က ယူကရိန်းဒေသအများအပြားမှာ သေဆုံးရသူ ၁၁ ဦးရှိပြီး ဒဏ်ရာရသူကလည်း နောက် ၁၁ ဦးရှိတယ်လို့ ယူကရိန်းအစိုးရအရေးပေါ်ဌာနကပြောပါတယ်။

ရုရှားဘက်ကပစ်ခတ်တဲ့ မစ်ဇိုင်းဒုံးကျည်က ၅၅ လုံးရှိပြီး အများစုကို ယူကရိန်းဘက်ကပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ဒီတိုက် ခိုက်မှုတွေကြောင့် အဆောက်အဦး ၃၅ လုံး ပျက်စီးခဲ့ရတယ်လို့လည်းပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskiy ကတော့ ရုရှားရဲ့အင်အားကြီးလက်နက်တွေရှိတဲ့ရုရှားကို တွန်းလှန်တိုက်ခိုက်ဖို့ လက်နက်တွေလိုအပ်နေတယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။

"အကြမ်းဖက်သမားတွေက ကျနော်တို့ မြို့ရွာတွေကိုပစ်ခတ်တဲ့ ရုရှားရဲ့ မစ်ဇိုင်းဒုံးတိုင်း၊ အီရန်ရဲ့ဒရုန်းတိုင်းက ကျနော်တို့ဘာကြောင့် လက်နက်တွေ လိုအပ်နေတယ်ဆိုတာကို ပြောပြနေကြတာပါ။ အကြမ်းဖက်သမားတွေကို လက်နက်ကပဲ အကြမ်းမဖက်အောင် လုပ်ပေးနိုင်မှာပါ။”

ဆောင်းကာလ အလွန်အေးတဲ့ဒေသမှာ ရုရှားတပ်တွေက လျှပ်စစ်မီးပေးတဲ့ ဓါတ်အားပေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ယူကရိန်းတွေ စိတ်ဓါတ် ကျအောင် ဆက်လုပ်နေတယ်လို့ ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ပြောပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Rafael Mariano Grossi ကလည်း ယူကရိန်းက Zaporizhzhia နျူကလီယား ဓါတ်အားပေးစက်ရုံကြီးတဝိုက် နေ့စဉ်လိုလို ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီနျူကလီယားစက်ရုံဝန်းကျင်ကို အပစ်ခတ်ရပ်စဲတဲ့ဇုံအဖြစ် သတ်မှတ်ပေးဖို့ ကြာသပတေးနေ့မှာပဲ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ဒီစက်ရုံက ဓါတ်ပေါင်းဖို့ ၆ ခုကို အခု ပိတ်ထားရပြီဖြစ်ပါတယ်။

ယူကရိန်းအတွက် နိုင်ငံတကာက စစ်ရေးအကူအညီတွေ ပေးနေတာဖြစ်ပြီး အမေရိကန်က သူ့ရဲ့ Abrams တင့်ကား ၃၁ စီးပေးမယ်လို့ ကတိပေးခဲ့သလို ဂျာမနီက သူ့ရဲ့ Leopard 2 တင့်ကား ၁၄ စင်းအပြင် ဥရောပနိုင်ငံတချို့ ကလည်း တိုက်ခိုက်ရေးယဉ်တွေ ပေးပို့မယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius ကတော့ Leopard 2 တင့်ကားတွေ ယူကရိန်းကို ၃ လအတွင်း ရောက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG