သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးရောက် မြန်မာတွေ ကနေဒါမှာ ဖက်ဒရယ်ပြည်ထောင်စုနေ့ ကျင်းပ


ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ အဝေးရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအင်အားစုတွေစုစည်းပြီး ကနေဒါနိုင်ငံ ဘန်ကူးဗားမြို့မှာ ဖက်ဒရယ်ပြည်ထောင်စုနေ့ကျင်းပနေနေစဉ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၃)
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ အဝေးရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအင်အားစုတွေစုစည်းပြီး ကနေဒါနိုင်ငံ ဘန်ကူးဗားမြို့မှာ ဖက်ဒရယ်ပြည်ထောင်စုနေ့ကျင်းပနေနေစဉ်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၃)

[[Zawgyi/Unicode]]

ဒီကနေ့ကျရောက်တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ အဝေးရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအင်အားစုတွေစုစည်းပြီး ကနေဒါနိုင်ငံ ဘန်ကူးဗားမြို့မှာ ဖက်ဒရယ်ပြည်ထောင်စုနေ့ကျင်းပကြပါတယ်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီးနောက် တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ဦးတည်ချက်ကိုရည်ရွယ်ပြီး အခုလိုကျင်းပရတာဖြစ်တယ်လို့-ရည်ရွယ် ချက်ကို ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ကိုစိုးဦးက VOA ကိုပြောပြခဲ့ပါတယ်။

“Federal Union Day လို့ သုံးရတာက ကျနော်တို့တွေက အနာဂတ်မှာ ဒီမိုကရေစီအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတခုဖြစ်လာဖို့အတွက် ဆိုပြီးတော့ ဒီမှာရှိနေတဲ့တိုင်းရင်းသားတွေကို ကျနော်တို့က စုစည်းဖိတ်ခေါ်ပြီးတော့ ဖက်ဒရယ်ယူနီယံပွဲတခုလုပ်တယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဆိုတဲ့ဟာကို အရင်တိုက်တယ်။ ဒုတိယအနေနဲ့ ဒီမိုကရေစီအခြေခံတဲ့ဖက်ဒရယ်ယူနီယံဖြစ်ပေါ်လာရေးဆိုတဲ့လမ်းကြောင်းကို သွားမှာဖြစ်တယ်။”

ဒီအခမ်းအနားကို ကနေဒါလွှတ်တော်မတ်တဦးဖြစ်တဲ့ Mr. Randeep Sarai လည်း တက်ရောက်စကားပြောဖို့ရှိနေပြီး NGU ဝန်ကြီးတဦးဖြစ်တဲ့ ဒေါ်စူဇန်နာလှလှစိုးကလည်း ဗီဒီယိုကနေစကားပြောဆိုမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသားအသီးသီးရဲ့ရပ်ရွာခေါင်းဆောင်တွေကလည်း ပြည်ထောင်စုနဲ့ ပတ်သက်ပြီးစကားပြောဆိုခဲ့ကြပါတယ်။

ကနေဒါရောက် ကရင်၊ ချင်း၊ အခါ၊ ဗမာ စတဲ့တိုင်းရင်းသားအသီးသီးက သက်ဆိုင်ရာယဉ်ကျေးမှု အက၊ အဆိုများလည်း ဒီပွဲမှာ တင်ဆက်ကြပါတယ်။

ဒီကနေကျင်းပတဲ့ ဖက်ဒရယ်ပြည်ထောင်စုနေ့အခမ်းအနားကို ကနေဒါ ဘန်ကူးဗားဒေသရောက် ၈၈ အင်အားစုတွေ၊ ၂၀၂၁ အင်အားစုတွေ၊ လူငယ်နဲ့တိုင်းရင်းသားအင်အားစုတွေ ရာဂဏန်းတက်ရောက်ခဲ့ကြပါတယ်။

02112023 Union Day Canada အဝေးရောက်မြန်မာတွေ ကနေဒါမှာ ဖက်ဒရယ်ပြည်ထောင်စုနေ့ကျင်းပ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








ဆက်စပ်သတင်းများ ...

XS
SM
MD
LG