သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေႏြဦးပန္းမ်ား ႏိုင္ငံတကာ ညီလာခံ 


ေႏြဦးပန္းမ်ားႏိုင္ငံတကာ အြန္လိုင္းညီလာခံက်င္းပေရးဆိုင္ရာအခ်က္အလက္

ျမန္မာႏိုင္ငံကို ပါတီစုံ ဒီမိုကေရစီ ႏိုင္ငံ ျဖစ္လာဖို႔အတြက္ အခ်က္ ၃ ခ်က္ကို လုပ္ေဆာင္ေနပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုလက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Melissa Brown က ေျပာလိုက္ပါတယ္။ ေႏြဦးပန္းမ်ားႏိုင္ငံတကာ အြန္လိုင္း ညီလာခံမွာ မိန္႔ခြန္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

စစ္အစိုးရကို စီးပြားေရး၊ ႏိုင္ငံ‌ေရး ဖိအားေတြ တိုးေပးတာ၊ ဒီမိုကေရစီ လႈပ္ရွားမႈေတြ ‌တိုးၿပီး ေထာက္ပံ့တာေတြ အျပင္ ဒုကၡသည္ေတြ လိုအပ္ေနတဲ့ လူသားခ်င္းစာနာမႈ အကူအညီ ေပးပို႔တာေတြ လုပ္ေဆာင္ေနပါတယ္လို႔ အေမရိကန္ ဒုလက္ေထာက္ ႏိုင္ငံျခားေရး ဝန္ႀကီး Melissa Brown က ေႏြဦးပန္းမ်ားလို႔ နာမည္ေပးထားတဲ့ ဒုတိယအႀကိမ္ေျမာက္ ႏိုင္ငံတကာညီလာခံမွာ အဖြင့္မိန႔္ခြန္းအျဖစ္ အြန္လိုင္းကေန ေျပာၾကားခဲ့တာပါ။ ဒီညီလာခံမွာ အေမရိကန္ အစိုးရ တာဝန္ရွိသူေတြ၊ လႊတ္ေတာ္ အမတ္ေတြ အျပင္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ယာယီ သမၼတႀကီး ဒူးဝါးလရွီးလ နဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH ဥကၠ႒ ဦးေအာင္ၾကည္ၫႊန႔္ တို႔လည္း အဖြင့္မိန္႔ခြန္း ေျပာၾကားခဲ့ပါတယ္။
ဒီပြဲကို ျမန္မာအေမရိကန္ လူမႈအသိုင္းအဝန္းအဖြဲ႔ Burmese American Community Institute (BACI) နဲ႔ ေႏြဦးတကၠသိုလ္လို႔သိၾကတဲ့ အမ်ဳိးသားတကၠသိုလ္ ကမာၻလံုးဆိုင္ရာနယ္ေျမ The National University of the Union of Myanmar – Global Campus (NUUM) တို႔က တျခားပြဲ စီစဥ္သူေတြ နဲ႔အတူ ပညာရွင္ေတြရဲ႕ စာတမ္းဖတ္ပြဲေတြ၊ ေဆြးေႏြးပြဲေတြ နဲ႔ ႏိုင္ငံေရး စကားဝိုင္းေတြ က်င္းပၿပီး ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔အထိ အြန္လိုင္းမွာ က်င္းပမွာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ျပည္ေထာင္စုေန႔မွာေတာ့ အြန္လိုင္းနဲ႔ လူကိုယ္တိုင္ ပါဝင္တဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားေတြလည္း က်င္းပမွာျဖစ္ပါတယ္။

ေႏြဦးပန္းမ်ား ႏိုင္ငံတကာ ညီလာခံ
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

နွေဦးပန်းများ နိုင်ငံတကာ ညီလာခံ

မြန်မာနိုင်ငံကို ပါတီစုံ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာဖို့အတွက် အချက် ၃ ချက်ကို လုပ်ဆောင်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown က ပြောလိုက်ပါတယ်။ နွေဦးပန်းများနိုင်ငံတကာ အွန်လိုင်း ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရကို စီးပွားရေး၊ နိုင်ငံ‌ရေး ဖိအားတွေ တိုးပေးတာ၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေ ‌တိုးပြီး ထောက်ပံ့တာတွေ အပြင် ဒုက္ခသည်တွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီ ပေးပို့တာတွေ လုပ်ဆောင်နေပါတယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Melissa Brown က နွေဦးပန်းများလို့ နာမည်ပေးထားတဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာညီလာခံမှာ အဖွင့်မိန့်ခွန်းအဖြစ် အွန်လိုင်းကနေ ပြောကြားခဲ့တာပါ။ ဒီညီလာခံမှာ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေ အပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတကြီး ဒူးဝါးလရှီးလ နဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် တို့လည်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ဒီပွဲကို မြန်မာအမေရိကန် လူမှုအသိုင်းအဝန်းအဖွဲ့ Burmese American Community Institute (BACI) နဲ့ နွေဦးတက္ကသိုလ်လို့သိကြတဲ့ အမျိုးသားတက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာနယ်မြေ The National University of the Union of Myanmar – Global Campus (NUUM) တို့က တခြားပွဲ စီစဉ်သူတွေ နဲ့အတူ ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ နဲ့ နိုင်ငံရေး စကားဝိုင်းတွေ ကျင်းပပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ အွန်လိုင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာတော့ အွန်လိုင်းနဲ့ လူကိုယ်တိုင် ပါဝင်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတွေလည်း ကျင်းပမှာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG