ကမ္ဘာတဝှမ်း စီးပွားရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်တွေမှာ မသေချာမှုတွေ ဖြစ်ပေါ်နေတာက ကမ္ဘာ့ အလုပ်သမားဈေးကွက်ကို ထိခိုက်နေကြောင်း ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ပြောပါတယ်။ အခုနှစ်အတွက် တကမ္ဘာလုံးအတိုင်း အတာနဲ့ အလုပ်လက်မဲ့ အရေအတွက်ဟာ သန်းပေါင်း ၂၀၁ သန်းကျော် ရှိနိုင်တယ်လို့ ILO က ခန့်မှန်းထားတာကြောင့် ဒါဟာ မနှစ်ကထက်စာရင် အလုပ်လက်မဲ့အရေအတွက် ၃.၄% များလာတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းအပေါ် အခြေခံပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။