သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြို သေဆုံးမှုများအတွက် ဝမ်းနည်းကြောင်း မြောက်ကိုရီးယား သဝဏ်လွှာပို့


 မြောက်ကိုရီးယားအလံ
မြောက်ကိုရီးယားအလံ

(Zawgyi/Unicode)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင် လ ၂ ရက်နေ့က ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေပြို ကျတာ ကြောင့် လူအများအပြား သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Son Gwon က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ဆီကို သဝဏ်လွှာ တစောင် ပေးပို့ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Son Gwon
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Son Gwon

အင်္ဂါနေ့က ပေးပို့တဲ့ အဲဒီ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဒီ ဖြစ်ရပ်ဆိုးကို မြန်မာပြည်သူတွေ အမြန်ဆုံးကျော်လွှား မေ့ပျောက်နိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေ ပါဝင်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းက ပြောပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးက ၁၉၈၃ ခုနှစ်က ရပ်ဆိုင်းသွားခဲ့ပေမဲ့ ၂၀၀၇ ခုနှစ်မှာ ပြန်လည် စတင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)




ဆက်စပ်သတင်းများ ...

XS
SM
MD
LG