သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသဘောၤသားတွေအပါအဝင် ရေနံတင်သင်္ဘော ကို အီရန်ပြန်လွှတ်ရေး တောင်ကိုရီးယား သံတမန်နည်းသုံးမည်


Hankuk Chemi ရေနံတင် သဘောၤ
Hankuk Chemi ရေနံတင် သဘောၤ

(Zawgyi/Unicode)

အီရန် ဖမ်းထားတဲ့ ကိုရီးယား ရေနံတင် သဘောၤနဲ့ သဘောၤဝန်ထမ်းတွေကို ပြန်လွှတ်ပေးရေး အီရန် သံအမတ်ကို ဆင့်ခေါ်ပြီး တောင်ကိုရီးယား အစိုးရက တောင်းဆိုလိုက်ပါတယ်။ မြန်မာ သဘောၤသား အများစုပါတဲ့ MT Hankuk Chemi ရေနံတင် သဘောၤ ဖမ်းဆီးခံရမှုကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး တောင်ကိုရီးယား အစိုးရက ကြိုးစားနေသလို Hormuz ရေလက်ကြား အနီးကိုလည်း ဖျက်သဘောၤနဲ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

“Hormuz ရေလက်ကြား အနီး ပင်လယ်ပြင်မှာ Cheonghae တပ်ဖွဲ့ အင်္ဂါနေ့ မနက်ပိုင်းမှာ ရောက်ရှိသွားပြီ”လို့ ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Boo Seung-chan က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံ သဘောၤသားတွေရဲ့ ဘေးကင်းလုံခြုံမှု အတွက် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ဒီသဘောၤသားတွေ လွတ်မြောက်ရေး အတွက် စစ်ရေးအရ ဆောင်ရွက်ဖို့ အစီအစဉ်တော့ မရှိပါဘူး။

ဒီဖမ်းဆီးမှုဟာ အလွန် စိုးရိမ်ဖွယ် ကောင်းတဲ့ ကိစ္စလို့လည်း တောင်ကိုရီးယား သမ္မတ ရုံးက အင်္ဂါနေ့မှာ ပြောဆိုပြီး တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက Hormuz ရေလက်ကြား အနီးကို တန် ၄,၄၀၀ ဖျက်သဘောၤတစင်းနဲ့ တပ်ဖွဲ့ဝင် ၃၀၀ လောက်ပါတဲ့ ပင်လယ်ဓားပြ နှိမ်နင်းရေး တပ်ဖွဲ့ စေလွှတ်ထားပါတယ်။

အီရန် ဖမ်းထားတဲ့ တောင်ကိုရီးယား ရေနံတင် သဘောၤ MT Hankuk Chemi က ဝန်ထမ်း ၂၀ ထဲ မြန်မာ သဘောၤသား ၁၁ဦး ပါဝင်ပါတယ်။ တောင်ကိုရီးယား ၅ ဦး၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့က ၂ ဦးစီ ပါဝင်ပါတယ်။ တောင်ကိုရီးယားဆိုင်ရာ အီရန် သံအမတ်ကြီး Saeed Badamchi Shabestari ကို တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှ ဆင့်ခေါ်ပြီး သဘောၤနဲ့ သဘောၤသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စကို သံတမန်ရေး လမ်းကြောင်းနဲ့ ဖြေရှင်းနိုင်ရေး အတွက် တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တခုလည်း အီရန်ကို သွားဖို့ ရှိပါတယ်။

အီရန်ကို အတတ်နိုင်ဆုံး အမြန်ဆုံး သွားဖို့ စီစဉ်နေကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Choi Young-sam ကလည်း အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“သံတမန်ရေး အရ စိစစ် အဖြေရှာသွားဖို့နဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုသွားမယ့် အကြောင်း ပြောသွားတာပါ။ နိုင်ငံသား အားလုံးနဲ့ သဘောၤ ပြန်လွတ်လာရေး အတွက် ဘက်ပေါင်းစုံက ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောသွားတာပါ။

အီရန် အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ကာလ အတွင်း တောင်ကိုရီးယား ဘဏ်တွေမှာ ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၇၀၀၀ ကျော် ထုတ်ယူခွင့်ရရေး အီရန်နဲ့ တောင်ကိုရီးယား အစိုးရကြား ဆွေးနွေးမှု မပြေလည်ချိန်မှာဘဲ အခုလို ဖမ်းဆီးမှု ဖြစ်လာတာပါ။ အီရန်ဘက်က ဒီငွေကို သုံးပြီး COVAX ကာကွယ်ဆေး ဝယ်ယူဖြန့်ဖြူးမှု အစီအစဉ်ကနေ COVID-19 ကာကွယ်ဆေး ဝယ်ယူလိုနေတာလည်း ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိုရီးယား သုတေသန- သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Shim Beom-Chul ကလည်း အခုလို သုံးသပ်ပါတယ်။

“COVID-19 ဖြစ်ပွားမှုတွေ အတွင်း အီရန်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ အနေနဲ့ သံတမန်ရေး လမ်းကြောင်းနဲ့ဘဲ ဆောင်ရွက်နေရင် တောင်ကိုရီးယား အစိုးရဘက်က ဒီကိစ္စကို အရေးတယူ မလုပ်နိုင်ဘူးလို့ အီရန်ဘက်က တွေးနိုင်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား အစိုးရကို ဖိအားပေးနိုင်ဖို့ အတွက် တောင်ကိုရီးယား သဘောၤကို ဖမ်းလိုက်တာ ဖြစ်နိုင်တယ်” လို့ သုံးသပ်သွားတာပါ။

ဒီသဘောၤကို ဖမ်းတာက ဓားစာခံ ဖမ်းတာ မဟုတ်ဘူးလို့ အီရန် အစိုးရ ပြောခွင့်ရ Ali Rabiei က အင်္ဂါနေ့မှာ ပြောပါတယ်။

“ဓားစာခံ ဖမ်းတယ်လို့ ပြောကြမယ်ဆိုရင် အဲဒါဟာ ကိုရီးယား အစိုးရပါ။ မဟုတ်မမှန် အကြောင်းပြပြီး အီရန်ရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၇,၀၀၀ ကျော်ကို ယူထားတာပါ” လို့ ပြောဆိုသွားတာပါ။

“ဒီသဘောၤကြောင့် ပါရှန်ပင်လယ်ကွေ့ အတွင်းမှာ ရေနံ ညစ်ညမ်းမှု ဖြစ်တာကြောင့် ဖမ်းခဲ့တာ ဖြစ်ကြောင်း၊ မဖမ်းခင်မှာလည်း သတိပေးခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ဘဲ ကမ္ဘာတလွှားမှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း” အီရန် အစိုးရ ပြောခွင့်ရက ပြောပါတယ်။

တောင်ကိုရီးယား အလံတင် MT Hankuk Chemi ရေနံတင် သဘောၤက ဆော်ဒီအာရေဗျ နိုင်ငံ Jubail ကနေ အာရပ်စော်ဘွားများပြည်ထောင်စု Fujairah ကို ခုတ်မောင်းနေစဉ် တနလာၤနေ့က လက်နက်ကိုင် အီရန် တပ်ဖွဲ့တွေက သဘောၤကို ဝန်းရံ၊ နောက် အီရန် ရဟတ်ယာဉ် တစင်းနဲ့ အတူ အီရန် ရေပိုင်နက်ထဲကို မောင်းခိုင်းခဲ့တာ ဖြစ်တယ်လို့ သဘောၤပိုင်ရှင်က အင်္ဂါနေ့မှာ ပြောပါတယ်။

ကနဦးမှာတော့ အီရန် တပ်ဖွဲ့တွေက သဘောၤကို စစ်ဆေးလိုတယ်လို့သာ ပြောခဲ့ပြီး အသေးစိတ် မပြောခဲ့ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သဘောၤ ကပ္ပတိန်က တောင်ကိုရီးယားက ကုမ္ပဏီရဲ့ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး အခြေအနေကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရေနံတင် သဘောၤ ကပ္ပတိန်ကိုလည်း ကုမ္ပဏီဘက်က အဆက်အသွယ် မရတော့တာ ဖြစ်ပါတယ်။

ရေနံတင် သဘောၤက ပယ်လယ်တွင်း ညစ်ညမ်းမှု ဖြစ်စေတယ်ဆိုတဲ့ ပြောဆိုချက်ကို သဘောၤကုမ္ပဏီဘက်က ငြင်းဆိုထားပါတယ်။ အီရန်တို့ ဖမ်းထားတဲ့ ရေနံတင် သဘောၤကို ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တောင်းဆိုထားပါတယ်။ ဒဏ်ခတ်မှု ဖိအားတွေ သက်သာစေဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အကြပ်ကိုင်ဖို့ ရည်ရွယ်ပြီး ပါရှန်ပင်လယ်ကွေ့ အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အီရန်က ခြိမ်းခြောက်နေတာလို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။


................


(Unicode)
















ဆက်စပ်သတင်းများ ...

XS
SM
MD
LG