သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကြမ်းဖက်တာ ရာဇဝတ်မှုဖြစ်ကြောင်း ကန်တပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်တွေသတိပေး


ဇန်နဝါရီ ၁၁ ရက်နေ့က လုံခြုံရေးယူရန် အသင့်ပြင်နေသော ကန်တပ်ဖွဲ့ဝင်များ
ဇန်နဝါရီ ၁၁ ရက်နေ့က လုံခြုံရေးယူရန် အသင့်ပြင်နေသော ကန်တပ်ဖွဲ့ဝင်များ

(Zawgyi/Unicode)

ပြီးခဲ့တဲ့ အပတ်က အမေရိကန် လွှတ်တော် အဆောက်အဦးထဲ လူ အသေအပျောက် ရှိခဲ့တဲ့ ဝင်ရောက် စီးနင်းမှုဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ် ဖြစ် ကြောင်း အမေရိကန် စစ်တပ်က ထိပ်တန်း ခေါင်းဆောင်တွေက တပ်ဖွဲ့ဝင်တွေကို သတိပေးချက် ထုတ်ပြန် လိုက်တယ်လို့ AP သတင်းဌာနက ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်က ဘယ်သူ့ကိုမှ အကြမ်းဖက်ခွင့်ပေးထားတာ မရှိကြောင်းလည်း သတိပေးချက်မှာ ပါရှိပါတယ်။

Joe Biden က ပြည်သူတွေအပြည့်အဝ ရွေးကောက်တင်မြှောက်ထားတဲ့ နောက်သမ္မတ အသစ် ဖြစ်ကြောင်းနဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ကြောင်းလည်း အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အပါအဝင် ပူးတွဲ စစ်ဦးချုပ် အဖွဲ့ဝင် အားလုံး လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလို ထုတ်ပြန်ချက် မှတ်တမ်းမျိုက အမေရိကန် စစ်တပ်က လုပ်ရိုးလုပ်စဉ်ထုတ်ပြန်လေ့ ရှိတဲ့ ထုတ်ပြန်ချက်မျိုး မဟုတ်ဘဲ အခြေခံ ဥပဒေအရ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေ အနှောက်အယှက် ဖြစ်လာနိုင်တာက မှားယွင်းမှုဖြစ်တယ်ဆိုတာကို စစ်တပ် ခေါင်းဆောင်ပိုင်းက တပ်ဖွဲ့ဝင်တွေကို လိုအပ်လာလို့ သတိပေးရတာ ဖြစ်ပါတယ်။ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် နေ့မှာ အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပေါ်လာမှာကို စိုးရိမ် နေတဲ့အကြား အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက်က အင်္ဂါနေ့က အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

လွှတ်တော်ကို စီးနင်းမှုမှာ အမေရိကန် စစ်တပ်က စစ်မှုထမ်းဟောင်းတွေ ပါဝင်ပတ်သက်နေတာ ရှိပေမယ့် လက်ရှိ တာဝန် ထမ်းဆောင်နေသူ တွေရဲ့ ပါဝင် ပတ်သက်မှုတွေကိုတော့ သေသေချာချာ မသိရသေးပါဘူး။

လွှတ်တော်ထဲ ဝင်ရောက် စီးနင်းမှုဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ဆန့်ကျင်နေတာကို တွေ့ရှိရတယ်လို့လည်း အမေရိကန် စစ်တပ်ရဲ့ ထုတ်ပြန်ချက် မှတ်တမ်းမှာပါရှိပါတယ်။

ရှေ့ သီတင်းပတ်မှာ ကျင်းပမယ့် သမ္မတ ကျမ်း သစ္စာ ကျိန်ဆိုပွဲအတွက် တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့တွေ ကို အထောက်အကူပေးဖို့ အမျိုးသား အစောင့်တပ်ဖွဲ့တွေ ချထားဖို့ ရှိပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်တပ် တပ်ဖွဲ့ဝင်တွေကို အသုံးပြုဖို့ အစီအစဉ် တော့ လောလောဆယ် မရှိပါဘူး။

.............


(Unicode)








ဆက်စပ်သတင်းများ ...

XS
SM
MD
LG