သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီဘိုးမန္းနဲ႔ ခင္ပြန္းဦးထိန္လင္း ဖမ္းဆီးခံရ 


ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း Vicky Bowman (MCRB)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း ဗစ္ကီဘိုးမန္းကိုဖမ္းဆီးၿပီး အမႈဖြင့္ စစ္ေဆးေနေၾကာင္း စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအကို အတည္ျပဳပါတယ္။ သူနဲ႔သူရဲ႕ခင္ပြန္းကို လဝက အက္ဥပေဒနဲ႔အေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။ ျပည္တြင္းမွာ ေနထိုင္တဲ့ ႏိုင္ငံျခားသားေတြ လိုက္နာရမယ့္ဥပေဒနဲ႔အညီေနထိုင္ဖို႔ ပ်က္ကြက္တာေၾကာင့္ အေရးယူတာျဖစ္တယ္လို႔ ေျပာပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ေဟာင္း မစၥဗစ္ကီဘိုးမန္းကို မေန႔ ၾသဂုတ္ ၂၄ ရက္ညပိုင္းမွာ ရန္ကုန္ၿမိဳ႕ကေနအိမ္မွာ ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။ ဖမ္းဆီးထိန္းသိမ္းတဲ့ အေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ေခၚယူၿပီးေတာ့က်စစ္ေဆးေနတယ္။ အမႈဖြင့္ရတဲ့အေၾကာင္းကေတာ့ ၁၉ ၄၇၊ ျမန္မာႏိုင္ငံလူဝင္မႈႀကီးၾကပ္ေရး လတ္တေလာျပဌာန္းခ်က္အက္ဥပေဒေပါ့၊ ၁၃-၁ နဲ႔ ၁၃-၅ ကို ေဖာက္ဖ်က္ခဲ့တဲ့အတြက္ အမႈဖြင့္လွစ္ထားျခင္း ျဖစ္ပါတယ္။ သူ႔ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြအရ ႏိုင္ငံျခားသား မွတ္ပုံတင္လက္မွတ္မွာ လိပ္စာေျပာင္းလုပ္ထားရမွာျဖစ္ပါတယ္။ အဲဒီကေတာ့ သြားေရာက္ေနထိုင္တဲ့ေန႔မွာပဲ ႀကိဳတင္ၿပီးေလွ်ာက္ထားရမွာျဖစ္တယ္။ လိပ္စာေျပာင္း ေလွ်ာက္ထားဖို႔လည္း ပ်က္ကြက္ခဲ့တယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ အမႈဖြင့္ထားပါတယ္။ အမ်ိဳးသားကေတာ့ က်ေနာ္တို႔ အဲဒီဥပေဒပုဒ္မ ၁၃-၅ ေပ့ါ၊ ၁၃-၅ ကေတာ့ သတင္းပို႔ဖို႔ ပ်က္ကြက္တာတို႔၊ ၿပီးရင္ ဒီဟာေတြကို ကူညီေဆာင္႐ြက္ေပးခဲ့တာတို႔နဲ႔ပတ္သက္တဲ့ ၁၃-၅ နဲ႔ေဆာင္႐ြက္ထားပါတယ္။”

လဝက အက္ဥပေဒပုဒ္မ ၁၃-၁ ဆိုတာ ႏိုင္ငံျခားသားတဦးအေနနဲ႔ သူေနထိုင္မယ့္ေနရာ အတိအက်ကို သက္ဆိုင္ရာကို ႀကိဳတင္ အေၾကာင္းၾကားဖို႔ ပ်က္ကြက္ရင္ စြဲဆိုတဲ့ပုဒ္မျဖစ္ပါတယ္။ လဝက အက္ဥပေဒပုဒ္မ ၁၃-၅ ကေတာ့ ႏိုင္ငံျခားသားတဦးအေနနဲ႔ သူေနထိုင္မယ့္ ေနရာ အတိအက်ကို သက္ဆိုင္ရာကို ႀကိဳတင္ အေၾကာင္းၾကားဖို႔ ပ်က္ကြက္တဲ့အေပၚမွာ လက္ခံတဲ့ ႏိုင္ငံသားေတြကို စြဲဆိုတဲ့ ပုဒ္မျဖစ္ပါတယ္။

မစၥ ဗစ္ကီဘိုးမန္းနဲ႔ ခင္ပြန္းျဖစ္သူတို႔ ျပန္လည္လြတ္ေျမာက္ေရးနဲ႔ ပတ္သက္လို႔ ၿဗိတိန္ သံ႐ုံးဘက္က ကူညီေဆာင္႐ြက္ေပးေနတာေတြရွိတယ္လို႔ သိရပါတယ္။ စစ္ေကာင္စီဘက္က ဥပေဒအရ ေဆာင္႐ြက္တာသာျဖစ္ၿပီး တျခားရည္႐ြယ္ခ်က္ မရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအကိုေျပာပါတယ္။

“က်ေနာ္သိရသေလာက္ကေတာ့ အခုေလာေလာဆယ္ ၿဗိတိန္သံ႐ံုးကေတာ့ ေကာင္စစ္ေရးရာ ေတြ႔ဆံုခြင့္တို႔ ဘာတို႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကို တင္ျပထားတယ္ေျပာပါတယ္။ ဒီဟာနဲ႔ပတ္သက္္ၿပီးလည္း ျပည္ထဲေရးဝန္ႀကီးဌာနကို ဆက္လက္ အေၾကာင္းၾကားၿပီး ဆက္လက္လုပ္ေဆာင္လွ်က္ရွိပါတယ္ဗ်ား။ အဲဒီမွာ က်ေနာ္ေျပာခ်င္တာကေတာ့ ၿဗိတိန္သံအမတ္ႀကီးကို က်ေနာ္တို႔လုပ္တယ္၊ ၿဗိတိန္သံ႐ံုးနဲ႔ ဆက္ဆံေရးမေျပလည္လို႔ လုပ္တယ္ဆိုတာေတြကေတာ့ မဟုတ္ပါဘူး။ ဒါက ပုဂၢလိကဆိုင္ရာပဲျဖစ္တယ္။ ပုဂၢလိကဆုိင္ရာကိစၥဆိုတာ က်ေနာ္ဆိုလိုတာက သူ႔ရဲ႕ဗီဇာ...သီးျခား၊ တဦးတည္းေဖာက္ဖ်က္မႈေပါ့ေနာ္- တဦးတည္းေဖာက္ဖ်က္မႈေၾကာင့္မို႔လို႔ က်ေနာ္တို႔ က်န္တ့ဲအေၾကာင္းအရာေတြမပါပါဘူး၊ အခုခ်ိန္မွာ။”

ဗစ္ကီဘိုးမန္း (ျမန္မာနာမည္-ေဒၚဥမၼာခင္) ဟာ ျမန္မာႏိုင္ငံဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး အျဖစ္ စစ္အစိုးရလက္ထက္ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၆ ခုႏွစ္အထိ တာဝန္ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ပန္းခ်ီပညာရွင္ ဦးထိန္လင္းနဲ႔ ၂၀၀၆ ခုႏွစ္မွာ လက္ထပ္ခဲ့ပါတယ္။ မစၥ ဗစ္ကီဘိုးမန္းဟာ ျမန္မာႏိုင္ငံမွာ အေျခခ်ေနထိုင္ေနၿပီး ၂၀၁၃ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ Myanmar Center for Responsible Business အဖြဲ႕ကိုဦးေဆာင္ကာ ျမန္မာႏိုင္ငံမွာ တရားဝင္ ကုမၸဏီဖြင့္လွစ္ထားတာျဖစ္ပါ တယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရးလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး လူအေတာ္မ်ားမ်ား ဖမ္းဆီးခံထားရၿပီး သံတမန္ေဟာင္းတဦး အခု ပထမဆုံး အဖမ္းခံရတာပါ။ သူ႔ခင္ပြန္းျဖစ္သူ ဦးထိန္လင္းဟာလည္း ယခင္ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူတဦးျဖစ္ၿပီး ႏိုင္ငံေရး အက်ဥ္းသားေဟာင္းတဦးလည္း ျဖစ္ပါတယ္။

လက္ရွိမွာ ၿဗိတိန္အစိုးရက ျမန္မာစစ္ေကာင္စီနဲ႔ သံတမန္ဆက္ဆံေရး အဆင့္ ေလွ်ာ့ခ်ထားပါတယ္။

ၿဗိတိန္အစိုးရက စစ္ေကာင္စီကို သံအမတ္ခန႔္အပ္လႊာေပးစရာမလိုဘဲ သံ႐ုံးအလုပ္ေတြ ဆက္လုပ္ႏိုင္ဖို႔နဲ႔ ျမန္မာျပည္သူေတြကို ဆက္လက္ ေထာက္ပံ့ႏိုင္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္အျဖစ္ခန႔္ထားတဲ့ Peter Bowles သံ႐ုံးယာယီတာဝန္ခံအျဖစ္ ေျပာင္းလဲခန႔္အပ္ခဲ့ေပမယ့္ စစ္ေကာင္စီဘက္က လက္မခံတာမို႔ မစၥတာ Peter Bowles ျမန္မာႏိုင္ငံကေန ျပန္လည္ထြက္ခြာခဲ့ရပါတယ္။

မစၥ ဗစ္ကီဘိုးမန္းနဲ႔ခင္ပြန္းျဖစ္သူတို႔ကို လက္ရွိစြဲဆိုထားတဲ့ လဝက အက္ဥပေဒ ၁၃-၁ နဲ႔ ၁၃-၅ အရ ဥပေဒေဖာက္ဖ်က္တယ္လို႔ စီရင္ခ်က္ခ်မယ္ဆိုရင္ အျမင့္ဆုံး ျပစ္ဒဏ္ ေထာင္ဒဏ္ ၅ ႏွစ္အထိခ်မွတ္ႏိုင္ၿပီးေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ တည္ဆဲဥပေဒမွာ ျပဌာန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဦးထိန်လင်း ဖမ်းဆီးခံရ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကိုဖမ်းဆီးပြီး အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို အတည်ပြုပါတယ်။ သူနဲ့သူရဲ့ခင်ပွန်းကို လဝက အက်ဥပဒေနဲ့အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ပြည်တွင်းမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေ လိုက်နာရမယ့်ဥပဒေနဲ့အညီနေထိုင်ဖို့ ပျက်ကွက်တာကြောင့် အရေးယူတာဖြစ်တယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းကို မနေ့ သြဂုတ် ၂၄ ရက်ညပိုင်းမှာ ရန်ကုန်မြို့ကနေအိမ်မှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ခုလိုပြောပါတယ်။

“ကျနော်တို့ ခေါ်ယူပြီးတော့ကျစစ်ဆေးနေတယ်။ အမှုဖွင့်ရတဲ့အကြောင်းကတော့ ၁၉ ၄၇၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်အက်ဥပဒေပေါ့၊ ၁၃-၁ နဲ့ ၁၃-၅ ကို ဖောက်ဖျက်ခဲ့တဲ့အတွက် အမှုဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေအရ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်မှာ လိပ်စာပြောင်းလုပ်ထားရမှာဖြစ်ပါတယ်။ အဲဒီကတော့ သွားရောက်နေထိုင်တဲ့နေ့မှာပဲ ကြိုတင်ပြီးလျှောက်ထားရမှာဖြစ်တယ်။ လိပ်စာပြောင်း လျှောက်ထားဖို့လည်း ပျက်ကွက်ခဲ့တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ အမှုဖွင့်ထားပါတယ်။ အမျိုးသားကတော့ ကျနော်တို့ အဲဒီဥပဒေပုဒ်မ ၁၃-၅ ပေ့ါ၊ ၁၃-၅ ကတော့ သတင်းပို့ဖို့ ပျက်ကွက်တာတို့၊ ပြီးရင် ဒီဟာတွေကို ကူညီဆောင်ရွက်ပေးခဲ့တာတို့နဲ့ပတ်သက်တဲ့ ၁၃-၅ နဲ့ဆောင်ရွက်ထားပါတယ်။”

လဝက အက်ဥပဒေပုဒ်မ ၁၃-၁ ဆိုတာ နိုင်ငံခြားသားတဦးအနေနဲ့ သူနေထိုင်မယ့်နေရာ အတိအကျကို သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားဖို့ ပျက်ကွက်ရင် စွဲဆိုတဲ့ပုဒ်မဖြစ်ပါတယ်။ လဝက အက်ဥပဒေပုဒ်မ ၁၃-၅ ကတော့ နိုင်ငံခြားသားတဦးအနေနဲ့ သူနေထိုင်မယ့် နေရာ အတိအကျကို သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားဖို့ ပျက်ကွက်တဲ့အပေါ်မှာ လက်ခံတဲ့ နိုင်ငံသားတွေကို စွဲဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။

မစ္စ ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူတို့ ပြန်လည်လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ ဗြိတိန် သံရုံးဘက်က ကူညီဆောင်ရွက်ပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ဥပဒေအရ ဆောင်ရွက်တာသာဖြစ်ပြီး တခြားရည်ရွယ်ချက် မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်သိရသလောက်ကတော့ အခုလောလောဆယ် ဗြိတိန်သံရုံးကတော့ ကောင်စစ်ရေးရာ တွေ့ဆုံခွင့်တို့ ဘာတို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားတယ်ပြောပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးလည်း ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက် အကြောင်းကြားပြီး ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်ဗျား။ အဲဒီမှာ ကျနော်ပြောချင်တာကတော့ ဗြိတိန်သံအမတ်ကြီးကို ကျနော်တို့လုပ်တယ်၊ ဗြိတိန်သံရုံးနဲ့ ဆက်ဆံရေးမပြေလည်လို့ လုပ်တယ်ဆိုတာတွေကတော့ မဟုတ်ပါဘူး။ ဒါက ပုဂ္ဂလိကဆိုင်ရာပဲဖြစ်တယ်။ ပုဂ္ဂလိကဆိုင်ရာကိစ္စဆိုတာ ကျနော်ဆိုလိုတာက သူ့ရဲ့ဗီဇာ...သီးခြား၊ တဦးတည်းဖောက်ဖျက်မှုပေါ့နော်- တဦးတည်းဖောက်ဖျက်မှုကြောင့်မို့လို့ ကျနော်တို့ ကျန်တဲ့အကြောင်းအရာတွေမပါပါဘူး၊ အခုချိန်မှာ။”

ဗစ်ကီဘိုးမန်း (မြန်မာနာမည်-ဒေါ်ဥမ္မာခင်) ဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အဖြစ် စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ပန်းချီပညာရှင် ဦးထိန်လင်းနဲ့ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ မစ္စ ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီး ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Myanmar Center for Responsible Business အဖွဲ့ကိုဦးဆောင်ကာ မြန်မာနိုင်ငံမှာ တရားဝင် ကုမ္ပဏီဖွင့်လှစ်ထားတာဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး လူအတော်များများ ဖမ်းဆီးခံထားရပြီး သံတမန်ဟောင်းတဦး အခု ပထမဆုံး အဖမ်းခံရတာပါ။ သူ့ခင်ပွန်းဖြစ်သူ ဦးထိန်လင်းဟာလည်း ယခင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဗြိတိန်အစိုးရက မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး အဆင့် လျှော့ချထားပါတယ်။

ဗြိတိန်အစိုးရက စစ်ကောင်စီကို သံအမတ်ခန့်အပ်လွှာပေးစရာမလိုဘဲ သံရုံးအလုပ်တွေ ဆက်လုပ်နိုင်ဖို့နဲ့ မြန်မာပြည်သူတွေကို ဆက်လက် ထောက်ပံ့နိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်ခန့်ထားတဲ့ Peter Bowles သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံတာမို့ မစ္စတာ Peter Bowles မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။

မစ္စ ဗစ်ကီဘိုးမန်းနဲ့ခင်ပွန်းဖြစ်သူတို့ကို လက်ရှိစွဲဆိုထားတဲ့ လဝက အက်ဥပဒေ ၁၃-၁ နဲ့ ၁၃-၅ အရ ဥပဒေဖောက်ဖျက်တယ်လို့ စီရင်ချက်ချမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်အထိချမှတ်နိုင်ပြီးငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ တည်ဆဲဥပဒေမှာ ပြဌာန်းထားပါတယ်ရှင်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG