သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောမည်

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကို ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတခုမှာ အတူတွေ့ရစဥ်။ ဓာတ်ပုံ - AP Photo/Alex Brandon
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ကို ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတခုမှာ အတူတွေ့ရစဥ်။ ဓာတ်ပုံ - AP Photo/Alex Brandon

ဝါရှင်တန်ဒီစီ မြို့ပြင်မှာ ၃ ရက်ကြာကျင်းပမယ့် ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှု ညီလာခံ CPAC ကို ကြာသပတေးနေ့မှာ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့အတူ အာဂျင်တီးနား၊ အီတလီနဲ့ စလိုဗက်ကီးယားက လက်ရှိခေါင်းဆောင်တွေ မိန့်ခွန်းပြောကြမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ညီလာခံကို ဒုသမ္မတ JD Vance က မိန့်ခွန်းပြောကြား ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး Crypto ငွေကြေးနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးဖို့ စီစဉ်ထားသလို၊ ဒီညီလာခံကို ဂါဇာမှာ ဟားမတ်စ်တွေ အဖမ်းခံနေရတဲ့ ဓားစားခံတွေရဲ့ မိသားစုဝင် တွေပါ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုသမ္မတ Vance ဥရောပနိုင်ငံတွေ အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက နိုင်ငံခြားက ရွှေ့ပြောင်း ဝင်ရောက်လာသူတွေ ကို အစစ်ဆေးမရှိ လက်ခံတာ လို့ သူယုံကြည်ကြောင်း ပြောပါတယ်။ ဒါ့အပြင် အရင်သမ္မတဂျိုးဘိုင်ဒန် အစိုးရဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံရပ်ခြားဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ကိုင်တွယ်မှုတွေကို ဝေဖန်ခဲ့ပါတယ်။

အခု သမ္မတထရမ့်ရဲ့ အဓိက ရည်မှန်းချက်က တရားမဝင် လာရောက်သူတွေကို အမေရိကန် ပြည်ထောင်စုကနေ မောင်းထုတ်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။ သမ္မတထရမ့်က သူ့အစိုးရ တက်လာတဲ့ ပထမ လအတွင်းမှာပဲ အထောက်ထားမဲ့ နေထိုင်သူ ၁၁ သန်းကို စ အစုလိုက် နေရပ်ပြန်ပို့မှာ ဖြစ်ကြောင်း ကတိပေး ခဲ့တာပါ။

တရားမဝင်လာရောက်သူ သန်းပေါင်းများစွာကို အနောက်နိုင်ငံတွေထဲ ပေးဝင်ပြီး အနောက်တိုင်း ယဉ်ကျေးမှုကို ပြန်ထူထောင်လို့ မရနိုင်ကြောင်းနဲ့ ကိုယ်နယ်မြေနဲ့ ကိုယ့်အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လိုချင်ကြောင်းလည်း ဒုသမ္မတ Vance က ပြောပါတယ်။

အရင်ပထမ သမ္မတ သက်တမ်းအတွင်း ဒီလို ကွန်ဆာဗေးတစ် -ညီလာခံမှာ နှစ်စဉ် မိန့်ခွန်း ပြောကြားခဲ့တဲ့ သမ္မတထရမ့်ဟာ အခု ကျင်းပတဲ့ ညီလာခံကနေ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား တဦးအဖြစ် ပြန်လည်ထင်ရှားလာစေ နိုင်မှာ ဖြစ်ပါတယ်။ ညီလာခံကို ဗြိတိန်ဝန်ကြီး ချူပ်ဟောင်း Liz Truss နဲ့ ပိုလန်ဝန်ကြီးချုပ် တို့လည်း တက်ရောက်ပါတယ်။

ကွန်ဆာဗေးတစ် ညီလာခံ သမ္မတထရမ့် မိန့်ခွန်းပြောမည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG