သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ဗီယက်နမ် ဆက်ဆံရေး မဟာဗျူဟာမြောက် မိတ်ဖက်အဆင့် တိုးမြှင့်


Vietnam Biden
Vietnam Biden

အမေရိကန်နဲ့ဗီယက်နမ်ကြားဆက်ဆံရေးကို အလုံးစုံပါဝင်တဲ့ မဟာဗျူဟာ‌မြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်လိုက်တယ်လို့ အမေရိကန်သမ္မတ Joe Biden က တနင်္ဂနွေနေ့က အတည်ပြုပါတယ်။

"ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းပြိုင်ဖက် တရုတ်နဲ့လည်း အဆင့်မြင့်သံတမန်ဆက်ဆံရေးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ခိုင်ခိုင်မာမာယူဆထားတဲ့ အခုလို အလွန်တရာအရေးကြီးတဲ့အချိန်မျိုးမှာ ဗီယက်နမ်နဲ့ အမေရိကန်ဟာ အရေးကြီးတဲ့ မိတ်ဖက်တွေဖြစ်ကြတယ်"-လို့ ဗီယက်နမ်နိုင်ငံမြို့တော် Hanoi ကို ဆိုက်ရောက်လာတဲ့ သမ္မတ Biden က ပြောခဲ့ပါတယ်။

ဗီယက်နမ်မြို့တော်ကို ရောက်ရှိတဲ့ အမေရိကန်သမ္မတကို သောင်းသောင်းဖျဖျကြိုဆိုခဲ့သလို ရောက်ရှိချိန်မှာပဲ သူလိုက်ပါလာတဲ့ကားတန်းကို မြိုခံထောင်ပေါင်းများစွာ ထွက်ကြည့်ခဲ့ကြပါတယ်။ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း စိတ်ဓါတ်နဲ့ ဗီယက်နိုင်ငံဟာ အမေရိကန်နဲ့ အခြားနိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်ဆံရေး ဆက်ပြီးတိုးမြှင့်သွားမယ်လို့လည်း ဗီယက်နမ်နိုင်ငံရဲ့ အာဏာအကြီးဆုံး ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Ngyuen Phu Trong က ပြောခဲ့ပါတယ်။

ဗီယက်နမ်ဟာ မိတ်ဆွေနိုင်ငံ၊ စိတ်ချရတဲ့ မိတ်ဖက်ဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ယူမှုရှိတဲ့ နိုင်ငံဖြစ်တယ်လို့လည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဒေသတိုင်းပြည်တခုဖြစ်သလို ဒီဒေသကနေ ဘယ်မှ ထွက်သွားစရာမရှိဘူးလို့လည်း သမ္မတ Biden က ပြောခဲ့ပြီး အာရှ ပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးခိုင်မြဲဖို့ တိုးမြှင့်ဆောင်ရွက်လာပါတယ်။

တရုတ်စီးပွားရေးနှေးကွေးမှု သမ္မတ Xi Jinping ရဲ့ အာဏာချုပ်ကိုင်မှုကြီးလာချိန်မှာ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အမေရိကန်အဝန်းအဝိုင်းထဲ ပိုမို ထည့်သွင်းနိုင်ဖို့ အမေရိကန်အစိုးရဖက်က သုံးသပ်ရှုမြင်လာပါတယ်။ စီးပွားရေးနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာတွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရှုမြင်ချက်တွေနဲ့ ဗီယက်နမ်ဘက်က စိုးရိမ်မှုအတော်များများက ထပ်တူကြတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ John Kirby က ဒီ ခရီးစဉ်အပြင်ပန်းမှာ ဗွီအိုအေကို ပြောပါတယ်၊။

တချိန်တည်းမှာတော့ ဗီယက်နမ်နိုင်ငံ Hanoi မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း သူ့အနေနဲ့ တရုတ်သမ္မတ Xi Jinpine နဲ့ တွေ့ဆုံဖို့ ရည်မှန်းထားတုန်းပဲလို့ သမ္မတ Joe Biden က တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတ Biden ဟာ အစောပိုင်း နယူးဒေလီမှာလုပ်တဲ့ G20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်အစိုးရရဲ့ ဒုတိယအကြီးအကဲ ဝန်ကြီးချုပ် Li Qiang နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG