သံုးရလြယ္ကူေစသည့္ Link မ်ား

ႏွစ္စဥ္ အမ်ိဳးသမီးသတၱိဆုရွင္မ်ား ကန္ႏိုင္ငံျခားေရးဌာနခ်ီးျမႇင့္


{{Zawgyi/Unicode}}

ကမာၻတလႊားအျပဳသေဘာေဆာင္ အေျပာင္းအလဲေတြ ေဖာ္ေဆာင္ရာမွာ စြမ္းစြမ္းတမံပါဝင္ဦးေဆာင္ခဲ့ၾကသူ အမ်ိဳးသမီး ၁၁ ဦးကို ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔ျဖစ္တဲ့ မတ္လ ၈ ရက္ေန႔ဗုဒၶဟူးေန႔မွာ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ႏွစ္စဥ္ခ်ီးျမႇင့္တဲ့ အမ်ိဳးသမီးသတၱိရွင္ဆုေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။

အေျပာင္းအလဲေတြေဖာ္ေဆာင္ရာမွာ အမ်ိဳးသမီးေတြဟာ ေရွ႕တန္းကပါဝင္ေဆာင္႐ြက္လာၾကေၾကာင္း တခ်ိန္တည္းမွာ ႏိုင္ငံေရးမွာပါဝင္ေဆာင္႐ြက္မႈမွာ ဧရာမအခက္အခဲႀကီးေတြနဲ႔လည္း ႀကဳံေတြ႕ရေၾကာင္း၊ က်ားမအေျခခံ အၾကမ္းဖက္မႈေတြနဲ႔လည္း ေတြ႕ႀကဳံရေၾကာင္း၊ အခြင့္အေရးခ်ိဳးေဖာက္ခံရမႈနဲ႔ အမ်ိဳးသမီးေတြဟာ စီးပြားေရးနဲ႔လူမႈေရးအရ ၾသဇာအာဏာသက္ေရာက္မႈနည္းပါးေနၿပီး ဒါကို ေျပာင္းလဲဖို႔ အခိုင္အမာပိုင္းျဖတ္ထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က အမ်ိဳးသမီးသတၱိရွင္ဆုခ်ီးျမႇင့္တဲ့ အခမ္းအနားတြင္း ေျပာဆိုခဲ့ပါတယ္။

ကမာၻတလႊားႏိုင္ငံ ၁၁ ႏိုင္ငံက အမ်ိဳးသမီးသတၱိရွင္ေတြအျဖစ္ ေဒါက္တာ Zakira Hekmat ၊ Alba Rureda ၊ ပါေမာကၡ Daniele Darlan ၊ Doris Rios ၊ Meaza Mohammed ၊ Hadeel Abdel Aziz ၊ Bakhytzhan Toregozhina ၊ အထက္လႊတ္ေတာ္အမတ္ Datuk Ras Adiba Radzi ၊ ဗိုလ္မႉးခ်ဳပ္ Bolor Ganbold ၊ Bianka Zalewska ၊ Yuliia Paievska တို႔ကို အေမရိကန္သမၼတအိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတကေတာ္ Jill Biden က ခ်ီးျမႇင့္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ေဒၚအိသၪၨာေမာင္၊ ေဒၚၿဖိဳးၿဖိဳးေအာင္၊ ေဒၚေမစပယ္ျဖဴနဲ႔ ေနာ္ကေညာေဖာတို႔ဟာလည္း အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ အမ်ိဳးသမီးသတၱိရွင္ဆု ခ်ီးျမႇင့္ခံခဲ့ရသူေတြ ျဖစ္ပါတယ္။ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးၾသဇာသက္ေရာက္မႈပိုင္းမွာ အမ်ိဳးသမီးေတြရဲ႕ထိန္းခ်ဳပ္မႈနည္းတဲ့ေဒသေတြအပါအဝင္ လူ႔အခြင့္အေရး၊ ဒီမိုကေရစီနဲ႔ တရားမွ်တေရး အေျပာင္းအလဲေတြအတြက္ အမ်ိဳးသမီးေတြက ဦးေဆာင္မႈေတြရွိေနပါတယ္။ ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြအတြက္ တန္းတူအခြင့္အေရးနဲ႔ ဂုဏ္သိကၡာအေရးကို အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံျခားေရးမူဝါဒ ဦးစားေပး အခ်က္တခုအျဖစ္ ထည့္သြင္းထားတာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{Unicode}}

နှစ်စဉ် အမျိုးသမီးသတ္တိဆုရှင်များ ကန်နိုင်ငံခြားရေးဌာနချီးမြှင့်

ကမ္ဘာတလွှားအပြုသဘောဆောင် အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ဦးဆောင်ခဲ့ကြသူ အမျိုးသမီး ၁၁ ဦးကို နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

အပြောင်းအလဲတွေဖော်ဆောင်ရာမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကပါဝင်ဆောင်ရွက်လာကြကြောင်း တချိန်တည်းမှာ နိုင်ငံရေးမှာပါဝင်ဆောင်ရွက်မှုမှာ ဧရာမအခက်အခဲကြီးတွေနဲ့လည်း ကြုံတွေ့ရကြောင်း၊ ကျားမအခြေခံ အကြမ်းဖက်မှုတွေနဲ့လည်း တွေ့ကြုံရကြောင်း၊ အခွင့်အရေးချိုးဖောက်ခံရမှုနဲ့ အမျိုးသမီးတွေဟာ စီးပွားရေးနဲ့လူမှုရေးအရ သြဇာအာဏာသက်ရောက်မှုနည်းပါးနေပြီး ဒါကို ပြောင်းလဲဖို့ အခိုင်အမာပိုင်းဖြတ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်တဲ့ အခမ်းအနားတွင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘာတလွှားနိုင်ငံ ၁၁ နိုင်ငံက အမျိုးသမီးသတ္တိရှင်တွေအဖြစ် ဒေါက်တာ Zakira Hekmat ၊ Alba Rureda ၊ ပါမောက္ခ Daniele Darlan ၊ Doris Rios ၊ Meaza Mohammed ၊ Hadeel Abdel Aziz ၊ Bakhytzhan Toregozhina ၊ အထက်လွှတ်တော်အမတ် Datuk Ras Adiba Radzi ၊ ဗိုလ်မှူးချုပ် Bolor Ganbold ၊ Bianka Zalewska ၊ Yuliia Paievska တို့ကို အမေရိကန်သမ္မတအိမ်ဖြူတော်မှာ အမေရိကန်သမ္မတကတော် Jill Biden က ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ဒေါ်အိသဉ္ဇာမောင်၊ ဒေါ်ဖြိုးဖြိုးအောင်၊ ဒေါ်မေစပယ်ဖြူနဲ့ နော်ကညောဖောတို့ဟာလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးသြဇာသက်ရောက်မှုပိုင်းမှာ အမျိုးသမီးတွေရဲ့ထိန်းချုပ်မှုနည်းတဲ့ဒေသတွေအပါအဝင် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားမျှတရေး အပြောင်းအလဲတွေအတွက် အမျိုးသမီးတွေက ဦးဆောင်မှုတွေရှိနေပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေအတွက် တန်းတူအခွင့်အရေးနဲ့ ဂုဏ်သိက္ခာအရေးကို အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်းထားတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

XS
SM
MD
LG