သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ Plus အစည်းအဝေးကို စစ်ကောင်စီအသုံးချမှာ အမေရိကန်စိုးရိမ်


[[Zawgyi/Unicode]]

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးကျွမ်းကျင်သူတွေရဲ့ လုပ်ငန်းအဆင့်ဆွေးနွေးမှုတွေကို မြန်မာစစ်အာဏာပိုင်တွေက အလွဲသုံးစားလုပ်မှာစိုးရိမ်ကြောင်း အမေရိကန်ကပြောလိုက်ပါတယ်။

လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်နေတဲ့လုပ်ရပ်ကိုကာကွယ်ဖို့အတွက် အသုံးချမှာစိုးရိမ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး Marty Meiners က ဗွီအိုအေကို ပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အာဆီယံအသင်းရဲ့ စံတန်ဖိုးတွေကို ချိုးဖောက်ရာရောက်တာကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလက အစည်းအဝေးတွေမှာ အမေရိကန်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့ ADMM-Plus အစည်းအဝေး ဒီလနှောင်းပိုင်း ထိုင်းနိုင်ငံမှာကျင်းပတဲ့အခါ မြန်မာနိုင်ငံကိုလည်း ဖိတ်ကြားထားတဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာပဲ အခုလို တုံ့ပြန်လိုက်တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီအစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားတာဟာ အဆင့်မြင့်အကြီးတန်းအရာရှိအဆင့်တွေကို ဖိတ်ကြားတာမဟုတ်ဘဲ လုပ်ငန်းအဆင့်အရာရှိတွေကိုပဲ ဖိတ်ကြားတာဖြစ်တယ်လို့ ဒီလ အစောပိုင်းက ကာကွယ်ပြောဆိုထားပါတယ်။

အမေရိကန်က ထိုင်းနိုင်ငံနဲ့အတူ ပူးတွဲဦးဆောင်ပြီးကျင်းပဖို့ ရှိတဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ကို ပြန်စဉ်းစားဖို့လိုလားနေသူတွေရှိသလို တဖက်မှာလည်း လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်းတိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုလိုကိစ္စရပ်တွေမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ ယူဆသူတွေလည်း ရှိနေကြပေမဲ့ ဒီအစီအစဉ်က အသုံးအဆောင်ပစ္စည်းကရိယာတွေဟာ မြန်မာစစ်ကောင်စီကို ပံ့ပိုးရာမရောက်အောင်လုပ်ဖို့လိုတယ်လို့လည်း သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]






XS
SM
MD
LG