သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ကို ထိခိုက္ေအာင္ စစ္ေကာင္စီလုပ္ႏိုင္မည္ မဟုတ္ (ဦးထင္လင္းေအာင္)


CRPH ႏိုင္ငံတကာဆက္ဆံေရးကိုယ္စားလွယ္ ဦးထင္လင္းေအာင္

(Zawgyi/Unicode)

CRPH နဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ၿခိမ္းေျခာက္တဲ့ လုပ္ရပ္မွန္သမွ်သူတို႔ကို ထိခိုက္မႈရွိမွာမဟုတ္ဘူးလို႔ CRPH ႏိုင္ငံတကာဆက္ဆံေရးကိုယ္စားလွယ္ ဦးထင္လင္းေအာင္ က ေျပာပါတယ္။

စစ္ေကာင္စီရဲ႕အဂၤါေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြလည္း CRPH နဲ႔ ဆက္သြယ္တဲ့ သတင္းမီဒီယာေတြကို အေရးယူသြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့သလို၊ CRPH အြန္လိုင္းအစည္းအေ၀းမွတ္တမ္းကိုလည္း စစ္ေကာင္စီက သတင္းအျဖစ္ ထုတ္ျပန္ခဲ့ပါတယ္။

ဒီအေပၚမွာ CRPH တုန္႔ျပန္ခ်က္သေဘာထားကို မအင္ၾကင္းႏိုင္က Skype ကေန ဦးထင္လင္းေအာင္ကို ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလို စေျပာပါတယ္။

ဦးထင္လင္းေအာင္။ ။ ထိခိုက္မႈ မရွိႏိုင္ပါဘူးခင္ဗ် က်ေနာ္တို႔ရဲ႕ အစည္းအေ၀းမွတ္တမ္းေတြကို သူတို႔ရတယ္ဆိုတာကလည္း အမွန္ တ၀က္ ၊ အမွားတ၀က္ မွားတာေတြလည္း မ်ားမယ္၊ မွန္တာေတြလည္း မ်ားရင္လည္း မ်ားမယ္၊ ဒါေပမယ့္ က်ေနာ္တို႔ရဲ႕ လုပ္ငန္းစဥ္ကို ထိခိုက္ဖို႔ဆိုတာက လံုး၀ မျဖစ္ႏိုင္ပါဘူး။ က်ေနာ္တို႔က က်ေနာ္တို႔ရဲ႕ လုပ္ငန္းစဥ္ကို တည့္တည့္မတ္မတ္ ေျဖာင့္ေျဖာင့္မတ္မတ္သြားေနတာ က်ေနာ္တို႔ရဲ႕လမ္းေၾကာင္းေပၚမွာ ေလွ်ာက္ေနတာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။။ တဘက္မွာက်ေတာ့ စစ္ေကာင္စီကေန ႏိုင္ငံတကာမွာ ေလာ္ဘီလုပ္ဖို႔ဆိုၿပီး အစၥေရးလူမ်ဳိးပိုင္တဲ့ ကေနဒါအေျခစိုက္ ေလာ္ဘီအဖဲြ႔တဖဲြ႔ကို ငွားထားတဲ့အခါမွာ အဲဒီ ေလာ္ဘီလုပ္မယ့္ အက်ဴိးေဆာင္ကေျပာတာက သူတို႔ စစ္တပ္ဘာေတြလုပ္ေနတယ္ဆိုတာ ႏိုင္ငံတကာမွာ အျမင္မွန္ေတြသိေအာင္ေျပာမယ္၊ ေနာက္ ရိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံကို ျပန္ေခၚမယ့္ကိစၥ ယူေအးအီ လိုႏိုင္ငံေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္ေနတယ္လုိ႔ ထုတ္ေဖၚေျပာဆိုထားပါတယ္။ ဆိုေတာ့ CRPH အေနနဲ႔ ရိုဟင္ဂ်ာ အေရးကိစၥ နဲ႔ အထူးသျဖင့္ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းေပၚမွာ CRPH ရဲ႕ ရပ္တည္ခ်က္ ဘယ္လိုရွိပါလဲ။

ဦးထင္လင္းေအာင္။ ။ရိုဟင္ဂ်ာ ပဲ သံုးသံုး ဘယ္လိုမ်ိဳးအေခၚအေ၀ၚပဲ သံုးသံုး ဒါကေတာ့ လူမ်ိဳးတမ်ိဳးအေပၚမွာ ဒါမွ မဟုတ္လည္း ဘာသာေရး ကိုးကြယ္မႈအေပၚမွာ က်ေနာ္တို႔အေနနဲ႔ ဘာမွ ေျပာစရာမရွိပါဘူး တခုပဲရွိတာက အဲဒီလို ဘယ္လိုပဲ သံုးႏႈန္းသြား သံုးႏႈန္းသြား အဲဒီလူေတြအေပၚမွာ ဆက္ဆံတဲ့အခါ၊ အဲဒီလူေတြအေပၚမွာ ထိေတြ႔တဲ့အခါမွာ ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြနဲ႔ ကိုက္ညီရဲ႕လား ၊ ၿပီးရင္ လူ႔အခြင့္အေရးနဲ႔ေရာ ကိုက္ညီရဲ႕လား ဘယ္လိုပဲ သံုးထားသံုးထား လူေတြကိုေတာ့ ညီအကိုရင္းခ်ာလို၊ ေမာင္ႏွမလို ခ်စ္ခင္ပါတယ္ဆိုၿပီးေတာ့ ၿပီးေတာ့မွ ေသနတ္နဲ႔ သြားပစ္ ၊ တုတ္နဲ႔ရိုက္ အိမ္ကို မီးရိႈ႕ မုဒိမ္းက်င့္ ဆိုတာမ်ိဳး ဆိုရင္ေတာ့ ဒီလို စံခ်ိန္စံညႊန္းေတြနဲ႔ေတာ့ သူ႔ဟာသူ ဘယ္လိုပဲ ေခၚေခၚ ႀကိဳက္သလိုေခၚ ၊ ဒီအသံုးအႏႈန္းကို ဘယ္လို တိုင္းရင္းသားကို ဘယ္လိုပဲ ေခၚေခၚ ဒါက ဘာမွ အဓိပၸါယ္မရွိပါဘူး သူတို႔ ႀကိဳက္သလိုေခၚေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့ CRPH အေနနဲ႔ေသာ္လည္းေကာင္း CRPH ကေန ထြက္ေပၚလာမယ့္ အစိုးရကေန ေသာ္လည္းေကာင္း က်ေနာ္တို႔အေနနဲ႔ကေတာ့ ရိုဟင္ဂ်ာေတြအေပၚမွာ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္းေတြနဲ႔ ထိေတြ႔ဆက္ဆံသြားမယ္။ ၿပီးရင္ ႏိုင္ငံတကာမွာ ရွိေနတဲ့ က်င့္သံုးေနတဲ့ ဒီမိုကေရစီ စံခ်ိန္စံညႊန္းေတြနဲ႔ အတူတူ ဆက္ဆံၿပီးေတာ့ ေရွ႕ဆက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အခု CRPH ရဲ႕ ယာယီ၀န္ႀကီးေတြက သက္ဆိုင္ရာ က႑အသီးသီးအလိုက္လိုက္ အမိန္႔ေၾကညာခ်က္ေတြ ထုတ္ျပန္တာေတြရွိပါတယ္။ ဒါေတြဟာ ျပည္တြင္းနဲ႔ ျပည္ပမွာ ဘယ္လိုထိေရာက္မႈေတြရွိေနလဲ။

ဦးထင္လင္းေအာင္။ ။ ျပည္တြင္းမွာဆိုရင္ ဒီ ေၾကညာခ်က္ေတြေၾကာင့္ လူေတြက အားတက္တယ္။ ဥပမာအားျဖင့္ မီတာခေတြ မေပးရဘူး ၊ အခြန္ေတြ မေဆာင္ရဘူး ဆိုရင္ လူေတြက အဲဒီအေပၚမွာ CRPH ကို လူထုက ေထာက္ခံမႈက ရၿပီးသားျဖစ္တယ္ခင္ဗ်။ ၿပီးရင္ Legitimacy လို႔ေခၚတဲ့ တရာ၀င္မႈက CRPH ဘက္မွာ အျပည့္အ၀ ရွိေနတယ္။ အဲဒီေတာ့ လူထုက CRPH ကို လိုက္ၿပီးေတာ့ ေထာက္ခံလာတာသည္ စစ္ေကာင္စီရဲ႕ က်ဆံုးခန္းျဖစ္မွာပဲခင္ဗ်။ ဆိုေတာ့ ဒါက က်ေနာ္တို႔ ေအာင္ျမင္မႈ၊ က်ေနာ္တို႔ ေၾကညာခ်က္ေတြအေပၚမွာ လူေတြက လိုက္ၿပီးေတာ့ လုပ္တဲ့အတြက္ေၾကာင့္ ရိုက္ခတ္မႈေတြ ျဖစ္လာတယ္။ ဒါက ေအာင္ျမင္မႈပဲခင္ဗ်။ ဒီအတိုင္းပဲ ျပည္ပမွာလည္း ဒီလိုပဲ က်ေနာ္တို႔ ၀န္ႀကီးေတြကို အသိအမွတ္ျပဳတယ္။ CRPH က ခန္႔ထားတဲ့ ၀န္ႀကီးေတြနဲ႔ ႏိုင္ငံတကာက အစိုးရေတြနဲ႔လည္း ေတြ႔ဆံုမႈေတြ ရွိေနတယ္။ ဒါေတြက က်ေနာ္တို႔ ေအာင္ျမင္မႈပဲခင္ဗ်။

အင္ၾကင္းႏိုင္။။ ၂၀၂၀ ေ႐ြးေကာက္ပြဲအႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ ဆက္သြယ္ရင္ မတရားအသင္းအက္ဥပေဒပုဒ္မ ၁၇(၁) နဲ႔ တရားစြဲခံရမယ္လို႔ စစ္ေကာင္စီကေျပာဆိုလိုက္တဲ့အတြက္ CRPH အေပၚ ဘယ္လိုသက္ေရာက္မႈေတြရွိမလဲ။

ဦးထင္လင္းေအာင္။ ။ဘယ္လိုသက္ေရာက္မႈမွ မရွိဘူးလို႔ က်ေနာ္ေျပာလိုတယ္ခင္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ မတရားအသင္းေၾကညာတဲ့ CRPHသည္ ခုနက ေျပာသြားတဲ့ တရား၀င္မႈအရ ၾကည့္ရင္ လူထုကေန ေထာက္ခံထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတာျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ သူတို႔ ဘယ္လို ေၾကညာေၾကညာ ဒါေတြက စာရြက္ေပၚမွာပဲ ရွိတယ္။ သူတို႔ ဥပေဒဆိုတာ ပါးစပ္ထဲက ထြက္လာၿပီးေတာ့ ဥပေဒကဲ့သို႔ အာဏာတည္ေသာ အမိန္႔ဆိုတာ ႏွစ္ေပါင္းမ်ားစြာျဖစ္ခဲ့တာ ။ ဒါေပမယ့္ ဒီအမိန္႔ေတြ ဥပေဒေတြသည္ တရားသလား မတရားသလား ဆိုတာ လူထုက သိၿပီးသားပါ။ CRPH နဲ႔ ဆက္သြယ္လို႔ သူတို႔ ဒီလိုမ်ိဳး ျဖစ္လာမယ္ဆိုရင္ လူထု တရပ္လံုးကေနၿပီးေတာ့ သူတို႔ကို မေၾကာက္မရြံ႕ဆက္သြယ္ေနတာပဲ အဲဒီေတာ့ ဘာျဖစ္မွာလဲ သူတို႔ပဲ က်ဆံုးမွာပဲ။

အင္ၾကင္းႏိုင္။ ။ ႏိုင္ငံတကာမွာရွိတဲ့ ျမန္မာသံရံုးေတြက သံတမန္၀န္ထမ္းတခ်ဳိ႕ CDM လႈပ္ရွားမႈမွာ ပူးေပါင္း ပါ၀င္တာေတြရွိပါတယ္။ အဲဒီအတြက္ သူတို႔ေရာက္ရွိေနတဲ့ႏိုင္ငံေတြမွာ ရင္ဆိုင္ေနရတဲ့ လိုအပ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ CRPH က ဘယ္လို တာ၀န္ယူေဆာင္ရြက္ေပးေနပါလဲ။

ဦးထင္လင္းေအာင္။ ။သံတမန္ နဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္နဲ႔ တိုက္ရိုက္ဆက္သြယ္တာလည္း ရွိတယ္။ အခုဆိုရင္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ဆက္သြယ္တာေတြလည္းရွိတာေပါ့ေနာ္။ က်ေနာ္တို႔ကေနၿပီးေတာ့ Community နဲ႔ ေပါင္းၿပီးေတာ့ သူတို႔ရဲ႕ ေနေရးထိုင္ေရး စားေရး ေသာက္ေရးကို တတ္ႏိုင္သေလာက္ တာ၀န္ယူေပးထားတာရွိတယ္။ ၿပီးရင္ အဲဒီ သက္ဆိုင္ရာ ႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရး၀န္ႀကီးဌာနေတြကို လွမ္းၿပီးေတာ့ အေၾကာင္းၾကားထားၿပီးေတာ့ သူတို႔ရဲ႕ status ေတြကို Visa ေတြ Passport ေတြကို အဲလိုကိစၥေတြမွာလည္း ၀ိုင္းၿပီးေတာ့ ကူေနတာေတြလည္း ရွိပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုဆိုရင္ အေမရိကန္ဘက္က ျမန္မာကိစၥကို ဖိအားေပးျပင္းျပင္ထန္ထန္ ေဆာင္ရြက္လာေနတဲ့အပိုင္းမွာ တနလၤာေန႔ကဆိုရင္လည္း စစ္ေခါင္းေဆာင္ တာ၀န္ရွိသူေတြကို ေနာက္ထပ္တိုးၿပီး ပစ္မွတ္ထားအေရးယူတာ၊ ေနာက္ တပ္မ အလိုက္ နာမည္ေတြတပ္ၿပီး အတိအက် ပစ္မွတ္ထားအေရးယူတာေတြ႕ရပါတယ္။ တခ်ိန္တည္းမွာပဲအေမရိကန္ ႏိုင္ငံျခားဝန္ႀကီးဟာ ဥေရာပခရီးစဥ္သြားေနပါတယ္။ ျမန္မာကိစၥနဲ႔ပတ္သက္ရင္ အေမရိကန္က မဟာမိတ္ေတြနဲ႔ အနီးကပ္ပူးေပါင္းေဆာင္ရြက္မယ္လို႔ ေျပာထားတဲ့ အခု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ ဥေရာပခရီးစဥ္ကေန ျမန္မာ့အေရးကို သူတို႔ ဘယ္ေလာက္ထိေဆာင္ရြက္ႏိုင္မလဲလို႔ ျမင္ပါလဲ။

ဦးထင္လင္းေအာင္။ ။ ဟိုရက္ကဆိုရင္ေတာ့ က်ေနာ္တို႔ အားမရဘူးေပါ့ခင္ဗ်ာ အေမရိကန္ႏိုင္ငံရဲ႕ လုပ္ေဆာင္မႈေတြကိုေပါ့ေနာ္။ ဒါေပမယ့္ အခုရက္ပိုင္းမွာ ေတာ္ေတာ္ေလး အားရစရာေကာင္းတယ္။ ၿပီးရင္ ပိတ္ဆို႔မႈေတြလည္း ဆက္ၿပီးေတာ့ လာမယ္ဆိုတာကို က်ေနာ္တို႔ ၾကားသိေနရတယ္။ ၿပီးရင္ က်ေနာ္တို႔ နဲ႔လည္း တိုက္ရိုက္စကားေျပာေနတာေတြလည္း ရွိတယ္ခင္ဗ် အေမရိကန္ အစိုးရ ေအဂ်င္စီ ဌာနႀကီး ၃ ခုေလာက္ Department ႀကီး ၃ ခု ၄ ခုေလာက္နဲ႔ စကားေျပာေနတာေတြရွိတယ္။ က်ေနာ္တို႔ဆီက Data ေတြ သူတို႔ကို ေပးထားတာေတြရွိတယ္။ ဆိုေတာ့ ေရွ႕ေလွ်ာက္ၿပီးေတာ့ အေမရိကန္ကေန ပိတ္ဆို႔မႈေတြ ဒဏ္ခတ္မႈေတြ အေရးယူမႈေတြ အမ်ားႀကီး ထပ္ၿပီးေတာ့ ေပၚလာဖို႔ ရွိတယ္ မၾကာခင္မွာေပါ့ေနာ္။ ၿပီးေတာ့ က်ေနာ္တို႔ ဆိုရိုးစကားရွိတယ္မလား “ဆင္သြားရင္ လမ္းျဖစ္တယ္” ဆိုတာ။ ဆိုေတာ့ အေမရိကန္ကေနၿပီးေတာ့ EU ႏိုင္ငံေတြကို သြားမယ္ ေနာက္တျခားႏိုင္ငံေတြကို သြားၿပီးေတာ့ သူတို႔ရဲ႕ မဟာမိတ္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္ဆိုရင္ ဒီ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက EU ဘက္ကလည္း ေပၚထြက္လာမယ္ အျခားႏိုင္ငံေတြ ဘက္ကလည္း ေပၚထြက္လာဖို႔ ရွိပါတယ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္


................

CRPH ကို ထိခိုက်အောင် စစ်ကောင်စီလုပ်နိုင်မည် မဟုတ် (ဦးထင်လင်းအောင်)

(Unicode)

CRPH နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တဲ့ လုပ်ရပ်မှန်သမျှသူတို့ကို ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင် က ပြောပါတယ်။

စစ်ကောင်စီရဲ့အင်္ဂါနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲလည်း CRPH နဲ့ ဆက်သွယ်တဲ့ သတင်းမီဒီယာတွေကို အရေးယူသွားမှာဖြစ်တယ်လို့ ကြေညာခဲ့သလို၊ CRPH အွန်လိုင်းအစည်းအဝေးမှတ်တမ်းကိုလည်း စစ်ကောင်စီက သတင်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအပေါ်မှာ CRPH တုန့်ပြန်ချက်သဘောထားကို မအင်ကြင်းနိုင်က Skype ကနေ ဦးထင်လင်းအောင်ကို ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စပြောပါတယ်။

ဦးထင်လင်းအောင်။ ။ ထိခိုက်မှု မရှိနိုင်ပါဘူးခင်ဗျ ကျနော်တို့ရဲ့ အစည်းအဝေးမှတ်တမ်းတွေကို သူတို့ရတယ်ဆိုတာကလည်း အမှန် တဝက် ၊ အမှားတဝက် မှားတာတွေလည်း များမယ်၊ မှန်တာတွေလည်း များရင်လည်း များမယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ကို ထိခိုက်ဖို့ဆိုတာက လုံး၀ မဖြစ်နိုင်ပါဘူး။ ကျနော်တို့က ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ကို တည့်တည့်မတ်မတ် ဖြောင့်ဖြောင့်မတ်မတ်သွားနေတာ ကျနော်တို့ရဲ့လမ်းကြောင်းပေါ်မှာ လျှောက်နေတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။။ တဘက်မှာကျတော့ စစ်ကောင်စီကနေ နိုင်ငံတကာမှာ လော်ဘီလုပ်ဖို့ဆိုပြီး အစ္စရေးလူမျိုးပိုင်တဲ့ ကနေဒါအခြေစိုက် လော်ဘီအဖွဲ့တဖွဲ့ကို ငှားထားတဲ့အခါမှာ အဲဒီ လော်ဘီလုပ်မယ့် အကျိူးဆောင်ကပြောတာက သူတို့ စစ်တပ်ဘာတွေလုပ်နေတယ်ဆိုတာ နိုင်ငံတကာမှာ အမြင်မှန်တွေသိအောင်ပြောမယ်၊ နောက် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ့်ကိစ္စ ယူအေးအီ လိုနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ဆိုတော့ CRPH အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စ နဲ့ အထူးသဖြင့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းပေါ်မှာ CRPH ရဲ့ ရပ်တည်ချက် ဘယ်လိုရှိပါလဲ။

ဦးထင်လင်းအောင်။ ။ရိုဟင်ဂျာ ပဲ သုံးသုံး ဘယ်လိုမျိုးအခေါ်အဝေါ်ပဲ သုံးသုံး ဒါကတော့ လူမျိုးတမျိုးအပေါ်မှာ ဒါမှ မဟုတ်လည်း ဘာသာရေး ကိုးကွယ်မှုအပေါ်မှာ ကျနော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး တခုပဲရှိတာက အဲဒီလို ဘယ်လိုပဲ သုံးနှုန်းသွား သုံးနှုန်းသွား အဲဒီလူတွေအပေါ်မှာ ဆက်ဆံတဲ့အခါ၊ အဲဒီလူတွေအပေါ်မှာ ထိတွေ့တဲ့အခါမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား ၊ ပြီးရင် လူ့အခွင့်အရေးနဲ့ရော ကိုက်ညီရဲ့လား ဘယ်လိုပဲ သုံးထားသုံးထား လူတွေကိုတော့ ညီအကိုရင်းချာလို၊ မောင်နှမလို ချစ်ခင်ပါတယ်ဆိုပြီးတော့ ပြီးတော့မှ သေနတ်နဲ့ သွားပစ် ၊ တုတ်နဲ့ရိုက် အိမ်ကို မီးရှို့ မုဒိမ်းကျင့် ဆိုတာမျိုး ဆိုရင်တော့ ဒီလို စံချိန်စံညွှန်းတွေနဲ့တော့ သူ့ဟာသူ ဘယ်လိုပဲ ခေါ်ခေါ် ကြိုက်သလိုခေါ် ၊ ဒီအသုံးအနှုန်းကို ဘယ်လို တိုင်းရင်းသားကို ဘယ်လိုပဲ ခေါ်ခေါ် ဒါက ဘာမှ အဓိပ္ပါယ်မရှိပါဘူး သူတို့ ကြိုက်သလိုခေါ်ပေါ့နော်။ ကျနော်တို့ကတော့ CRPH အနေနဲ့သော်လည်းကောင်း CRPH ကနေ ထွက်ပေါ်လာမယ့် အစိုးရကနေ သော်လည်းကောင်း ကျနော်တို့အနေနဲ့ကတော့ ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ထိတွေ့ဆက်ဆံသွားမယ်။ ပြီးရင် နိုင်ငံတကာမှာ ရှိနေတဲ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ အတူတူ ဆက်ဆံပြီးတော့ ရှေ့ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခု CRPH ရဲ့ ယာယီဝန်ကြီးတွေက သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက်လိုက် အမိန့်ကြေညာချက်တွေ ထုတ်ပြန်တာတွေရှိပါတယ်။ ဒါတွေဟာ ပြည်တွင်းနဲ့ ပြည်ပမှာ ဘယ်လိုထိရောက်မှုတွေရှိနေလဲ။

ဦးထင်လင်းအောင်။ ။ ပြည်တွင်းမှာဆိုရင် ဒီ ကြေညာချက်တွေကြောင့် လူတွေက အားတက်တယ်။ ဥပမာအားဖြင့် မီတာခတွေ မပေးရဘူး ၊ အခွန်တွေ မဆောင်ရဘူး ဆိုရင် လူတွေက အဲဒီအပေါ်မှာ CRPH ကို လူထုက ထောက်ခံမှုက ရပြီးသားဖြစ်တယ်ခင်ဗျ။ ပြီးရင် Legitimacy လို့ခေါ်တဲ့ တရာဝင်မှုက CRPH ဘက်မှာ အပြည့်အ၀ ရှိနေတယ်။ အဲဒီတော့ လူထုက CRPH ကို လိုက်ပြီးတော့ ထောက်ခံလာတာသည် စစ်ကောင်စီရဲ့ ကျဆုံးခန်းဖြစ်မှာပဲခင်ဗျ။ ဆိုတော့ ဒါက ကျနော်တို့ အောင်မြင်မှု၊ ကျနော်တို့ ကြေညာချက်တွေအပေါ်မှာ လူတွေက လိုက်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ရိုက်ခတ်မှုတွေ ဖြစ်လာတယ်။ ဒါက အောင်မြင်မှုပဲခင်ဗျ။ ဒီအတိုင်းပဲ ပြည်ပမှာလည်း ဒီလိုပဲ ကျနော်တို့ ဝန်ကြီးတွေကို အသိအမှတ်ပြုတယ်။ CRPH က ခန့်ထားတဲ့ ဝန်ကြီးတွေနဲ့ နိုင်ငံတကာက အစိုးရတွေနဲ့လည်း တွေ့ဆုံမှုတွေ ရှိနေတယ်။ ဒါတွေက ကျနော်တို့ အောင်မြင်မှုပဲခင်ဗျ။

အင်ကြင်းနိုင်။။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်သွယ်ရင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံရမယ်လို့ စစ်ကောင်စီကပြောဆိုလိုက်တဲ့အတွက် CRPH အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။

ဦးထင်လင်းအောင်။ ။ဘယ်လိုသက်ရောက်မှုမှ မရှိဘူးလို့ ကျနော်ပြောလိုတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မတရားအသင်းကြေညာတဲ့ CRPHသည် ခုနက ပြောသွားတဲ့ တရားဝင်မှုအရ ကြည့်ရင် လူထုကနေ ထောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့ ဘယ်လို ကြေညာကြေညာ ဒါတွေက စာရွက်ပေါ်မှာပဲ ရှိတယ်။ သူတို့ ဥပဒေဆိုတာ ပါးစပ်ထဲက ထွက်လာပြီးတော့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာ နှစ်ပေါင်းများစွာဖြစ်ခဲ့တာ ။ ဒါပေမယ့် ဒီအမိန့်တွေ ဥပဒေတွေသည် တရားသလား မတရားသလား ဆိုတာ လူထုက သိပြီးသားပါ။ CRPH နဲ့ ဆက်သွယ်လို့ သူတို့ ဒီလိုမျိုး ဖြစ်လာမယ်ဆိုရင် လူထု တရပ်လုံးကနေပြီးတော့ သူတို့ကို မကြောက်မရွံ့ဆက်သွယ်နေတာပဲ အဲဒီတော့ ဘာဖြစ်မှာလဲ သူတို့ပဲ ကျဆုံးမှာပဲ။

အင်ကြင်းနိုင်။ ။ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေက သံတမန်ဝန်ထမ်းတချို့ CDM လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်တာတွေရှိပါတယ်။ အဲဒီအတွက် သူတို့ရောက်ရှိနေတဲ့နိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ CRPH က ဘယ်လို တာဝန်ယူဆောင်ရွက်ပေးနေပါလဲ။

ဦးထင်လင်းအောင်။ ။သံတမန် နဲ့ ပတ်သက်ပြီးတော့ ကျနော်နဲ့ တိုက်ရိုက်ဆက်သွယ်တာလည်း ရှိတယ်။ အခုဆိုရင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်တာတွေလည်းရှိတာပေါ့နော်။ ကျနော်တို့ကနေပြီးတော့ Community နဲ့ ပေါင်းပြီးတော့ သူတို့ရဲ့ နေရေးထိုင်ရေး စားရေး သောက်ရေးကို တတ်နိုင်သလောက် တာဝန်ယူပေးထားတာရှိတယ်။ ပြီးရင် အဲဒီ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို လှမ်းပြီးတော့ အကြောင်းကြားထားပြီးတော့ သူတို့ရဲ့ status တွေကို Visa တွေ Passport တွေကို အဲလိုကိစ္စတွေမှာလည်း ဝိုင်းပြီးတော့ ကူနေတာတွေလည်း ရှိပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန်ဘက်က မြန်မာကိစ္စကို ဖိအားပေးပြင်းပြင်ထန်ထန် ဆောင်ရွက်လာနေတဲ့အပိုင်းမှာ တနင်္လာနေ့ကဆိုရင်လည်း စစ်ခေါင်းဆောင် တာဝန်ရှိသူတွေကို နောက်ထပ်တိုးပြီး ပစ်မှတ်ထားအရေးယူတာ၊ နောက် တပ်မ အလိုက် နာမည်တွေတပ်ပြီး အတိအကျ ပစ်မှတ်ထားအရေးယူတာတွေ့ရပါတယ်။ တချိန်တည်းမှာပဲအမေရိကန် နိုင်ငံခြားဝန်ကြီးဟာ ဥရောပခရီးစဉ်သွားနေပါတယ်။ မြန်မာကိစ္စနဲ့ပတ်သက်ရင် အမေရိကန်က မဟာမိတ်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားတဲ့ အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပခရီးစဉ်ကနေ မြန်မာ့အရေးကို သူတို့ ဘယ်လောက်ထိဆောင်ရွက်နိုင်မလဲလို့ မြင်ပါလဲ။

ဦးထင်လင်းအောင်။ ။ ဟိုရက်ကဆိုရင်တော့ ကျနော်တို့ အားမရဘူးပေါ့ခင်ဗျာ အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကိုပေါ့နော်။ ဒါပေမယ့် အခုရက်ပိုင်းမှာ တော်တော်လေး အားရစရာကောင်းတယ်။ ပြီးရင် ပိတ်ဆို့မှုတွေလည်း ဆက်ပြီးတော့ လာမယ်ဆိုတာကို ကျနော်တို့ ကြားသိနေရတယ်။ ပြီးရင် ကျနော်တို့ နဲ့လည်း တိုက်ရိုက်စကားပြောနေတာတွေလည်း ရှိတယ်ခင်ဗျ အမေရိကန် အစိုးရ အေဂျင်စီ ဌာနကြီး ၃ ခုလောက် Department ကြီး ၃ ခု ၄ ခုလောက်နဲ့ စကားပြောနေတာတွေရှိတယ်။ ကျနော်တို့ဆီက Data တွေ သူတို့ကို ပေးထားတာတွေရှိတယ်။ ဆိုတော့ ရှေ့လျှောက်ပြီးတော့ အမေရိကန်ကနေ ပိတ်ဆို့မှုတွေ ဒဏ်ခတ်မှုတွေ အရေးယူမှုတွေ အများကြီး ထပ်ပြီးတော့ ပေါ်လာဖို့ ရှိတယ် မကြာခင်မှာပေါ့နော်။ ပြီးတော့ ကျနော်တို့ ဆိုရိုးစကားရှိတယ်မလား “ဆင်သွားရင် လမ်းဖြစ်တယ်” ဆိုတာ။ ဆိုတော့ အမေရိကန်ကနေပြီးတော့ EU နိုင်ငံတွေကို သွားမယ် နောက်တခြားနိုင်ငံတွေကို သွားပြီးတော့ သူတို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေက EU ဘက်ကလည်း ပေါ်ထွက်လာမယ် အခြားနိုင်ငံတွေ ဘက်ကလည်း ပေါ်ထွက်လာဖို့ ရှိပါတယ်ခင်ဗျ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG