သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election စကားလုံး အီဒီယံအသုံးအနှုန်းများ


ဒီတပတ် English American-style Idioms ကဏ္ဍမှာ ရွေးကောက်ပွဲ နှင့်ပတ်သက်တဲ့အီဒီယံအသုံးတချို့ဖြစ်တဲ့ Dead heat, Win by a nose, Neck and neck နဲ့ Win hands down တို့ကို တင်ပြထားပါတယ်။

Election စကားလုံး အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:07:20 0:00
တိုက်ရိုက် လင့်ခ်


(၁) Dead heat

Dead က ဒီနေရာမှာ သာမန်အဓိပ္ပါယ်ဖြစ်တဲ့ သေဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်အစား ထပ်တူထပ်မျှဖြစ်တာ၊ တထေရာထဲ ဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ Heat (အပူ) ဆိုတော့ စကားစုတခုလုံး တိုက်ရိုက်အဓိပ္ပါယ်ကတော့ ထပ်တူထပ်မျှအပူ ဖြစ်ပါတယ်။ ။ ဒီအသုံးကတော့ (၁၈) ရာစု မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ ပန်းဝင်လာတဲ့ မြင်းနှစ်ကောင်ဟာ သိပ်ကိုကပ်နေတဲ့အတွက်ကြောင့် ဘယ်မြင်းက နိုင်မယ်ဆိုတာကို ပြောနိုင်ဖို့သိပ်ကိုခက်တဲ့ အခြေအနေမျိုးကို ရည်ညွှန်းသုံးထားတာ ဖြစ်ပါတယ်။ အီဒီယံအသုံးကလည်း သိပ်မကွာလှပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ တခြားယှဉ်ပြိုင်မှုတွေမှာ နိုင်ခြေက အတူတူ ဖြစ်နေတာ၊ ဘယ်သူက အနိုင်ရမယ်ဆိုတာကိုပြောနိုင်ဖို့ ခဲယဉ်းလှတာ၊ ရမှတ်တွေ၊ မဲတွေမှာလည်း ထပ်တူထပ်မျှ နီးပါးတူတာ စသဖြင့်အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Presidential polls show a dead heat between the two candidates. So both sides are trying hard to get the support of the voters!

သမ္မတရွေးကောက်ပွဲဆိုင်ရာလူထုဆန္ဒကောက်ခံချက်တွေအရတော့ကိုယ်စားလှယ်နှစ်ဦးအနက်ဘယ်သူ ငနိုင်မယ်ဆိုတာကိုပြောရဖို့သိပ်ကိုခက်နေတယ်။ ဒါကြောင့်မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုရရှိဖို့နှစ်ဖက်စလုံးက ကြိုးပမ်းနေကြတယ်။

(၂) Win by a nose

Win (နိုင်တာ)၊ by (နှင့်)၊ a (တစ်ခု)၊ nose (နှာခေါင်း) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က နှာခေါင်းနဲ့ အနိုင်ရတာ ဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။မြင်းတွေပြိုင်ရာမှာတကောင်နဲ့ တကောင်သိပ်ကိုကပ်နေတဲ့အတွက်ကြောင့်ပန်းဝင်တဲ့အခါမှာ၊မြင်းခန္ဓာကိုယ်ရဲ့ရှေ့ဆုံးပိုင်းကနှာခေါင်းဖြစ်တဲ့အတိုင်း နှာခေါင်းတလုံးနှင့်ကပ်ပြီးအနိုင်ရတာမျိုးဖြစ်ပါတယ်။အီဒီယံအသုံးကမြန်မာမှာအနီးစပ်ဆုံးနှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိတယ်ဆိုတဲ့အသုံးလိုမျိုးဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။

The candidate won by a nose in the election. The voting was so closed that some voters suggested a recount.

အဲဒီကိုယ်စားလှယ်က ရွေးကောက်ပွဲမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရသွားတာပါ။ ရတဲ့မဲတွေကလည်း သိပ်ကိုကပ်နေတာမို့ တချို့မဲဆန္ဒရှင်တွေကမဲပြန်ရေတွက်ဖို့တောင်ပြောနေကြလေရဲ့။

(၃) Neck and neck

Neck (လည်ပင်း)၊ and (နှင့်) neck (လည်ပင်း)၊ ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က လည်ပင်း နဲ့လည်ပင်း ဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ မြင်းပြိုင်ပွဲတွေကို ကြည့်ဖူးကြမယ်ဆိုရင် မြင်းတွေ တကောင်နဲ့တကောင် အပြိုင်အဆိုင်ပြေးကြရာမှာ သိပ်ပြီးကပ်နေလို့ရှိရင် လည်ပင်းချင်း ထပ်နေတဲ့ပုံကို မြင်ဖူးကြမှာပါ။ ဒါကြောင့် Neck and neck ရဲ့ အီဒီယံအသုံးက သူမသာကိုယ်မသာဖြစ်နေတဲ့အခြေအနေမျိုး၊ အနိုင်ရဖို့က သိပ်ကပ်နေတဲ့ အခြေအနေမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two candidates are neck and neck in the election campaign so far. It’s too early to say who will win at this point.

ကိုယ်စားလှယ်နှစ်ဦးတို့က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာတော့ အနိုင်ရဖို့က သိပ်ကိုကပ်နေတယ်။ ဒါ့ကြောင့် ဒီအခြေအနေမှာ ဘယ်သူနိုင်မယ်ဆိုတာကို ပြောနိုင်ဖို့ စောလွန်းနေသေးတယ်။

(၃) Win hands down

ဒီအသုံးကတော့ စောစောက အီဒီယံတွေလို ကပ်ပြီး အနိုင်ရရှိတာ မဟုတ်ဘဲနဲ့ အပြတ်အသတ်နဲ့ အေးအေးဆေးဆေး အနိုင်ရသွားတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ စာလုံးပေါင်းက Win (နိုင်တာ)၊ hands (လက်တွေ)၊ down (အောက်) ဆိုတော့ စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က လက်တွေကို အောက်ချပြီး အနိုင်ရသွားတာဖြစ်ပါတယ်။ ဒီအသုံးကလည်း မြင်းပြိုင်ပွဲကနေ ဆင်းသက်လာတာပါ။ မြင်းပြိုင်ပွဲမှာ မြင်းစီးတဲ့လူ (jockey) အနေနှင့် သူ့မြင်းက ရှေ့ကနေအပြတ်အသာရနေလို့ သူနိုင်မှာ သေချာပြီမို့ စိတ်ချလက်ချနှင့် မြင်းဇက်ကြိုးကို အတင်းဆွဲမနေတော့ဘဲအေးအေးဆေးဆေးနဲ့ လက်နှစ်ဖက်ကို အောက်ချပြီး၊ စတိုင်ကျကျ ကျော့ကျော့လေး ပန်းဝင်လာတဲ့အခြေအနေမျိုးကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအသုံးရဲ့ အဓိပ္ပါယ်ကတော့ အေးအေးဆေးဆေးပဲ အနိုင်ရရှိလိုက်တာ၊ အပြတ်အသတ် အနိုင်ရရှိလိုက်တာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor won the election hands down! He has been elected twice already as the people liked him a lot for his ability to take care of the city’s needs.

မြို့တော်ဝန်က ရွေးကောက်ပွဲမှာ အေးအေးဆေးဆေးပဲ အနိုင်ရလိုက်တယ်။ သူဟာ အရင်ကလဲ နှစ်ခါပြန်ပြီး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးပြီ။ သူက မြို့ရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်တော့ လူတွေက သူ့ကို သဘောကျကြတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ ရွေးကောက်ပွဲ (election) နှင့်ပတ်သက်တဲ့ idiom အသုံးတွေက Dead heat, Win by a nose, Neck and neck နဲ့ Win hands down တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG