သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  မြန်မာစစ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူတွေကို EU ဒဏ်ခတ်အရေးယူ 



{{Zawgyi/Unicode}}

မြန်မာစစ်တပ်ကအရာရှိတွေအများစုအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနဲ့ စီးပွားရေးအဖွဲ့အစည်း ၇ ခုကို ဥရောပသမဂ္ဂ EU က တနင်္လာနေ့မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

EU က နောက်ထပ်အရေးယူလိုက်တဲ့သူတွေထဲမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး ၊ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီးမျိုးမြင့်အောင် တို့ပါဝင်ကြပါတယ်။

သူတို့ကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၂၇ နိုင်ငံတွေကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်တာနဲ့ ပိုင်ဆိုင်မှုတွေကိုထိန်းသိမ်း ဒဏ်ခတ်လိုက်ပါတယ်။ ဒါ့ပြင် Dynasty Group၊ International Gateways Group နဲ့ Sky Aviator Company တို့ အပါအဝင် မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ စစ်လက်နက်ဝယ်ယူပေးတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အရပ်ဘက်က လူပုဂ္ဂိုလ်တချို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ EU ရဲ့ အခုလိုလုပ်ရပ်ကြောင့် မြန်မာစစ်တပ်အနေနဲ့ စစ်လက်နက်အထောက်အပံ့တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေမှုတွေဟာ အကန့်အသတ်ရှိသွားစေတဲ့အတွက် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Anna Roberts က ပြောပါတယ်။

ဒါပေမယ့်လည်း EU အနေနဲ့ ဒီပိတ်ဆို့မှုတွေကို အကောင်အထည်ဖော်ရာမှာ နှေးကွေးလွန်းတယ်လို့ပြောပါတယ်။ မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေ ၊ ဝင်ငွေအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ နှေးကွေးတဲ့ ရလဒ်အနေနဲ့ ပြည်သူတွေရဲ့ အသက်တွေပေးဆပ်နေရတယ်လို့လည်း ထောက်ပြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာ ဥရောပသမဂ္ဂ EU က မြန်မာစစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အခုအချိန်အထိဆိုရင် EU အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် အရေးယူတာ ၆ ကြိမ်ရှိခဲ့ပြီး လူပုဂ္ဂိုလ် ၉၃ ဦးနဲ့ အဖွဲ့အစည်းပေါင်း ၁၈ ခုကို ပိတ်ဆို့ အရေးယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}





XS
SM
MD
LG