{{Zawgyi/Unicode}}
အီရန္ႏိုင္ငံရဲ႕ႏ်ဴကလီယားဆိုင္ရာကိစၥေတြေဆြးေႏြးရာမွာ အဓိကအေရးႀကီးတဲ့ သိပၸံနည္းပညာက႑နဲ႔ အေျခအေနေတြတိုးတက္လာၿပီး သေဘာတူညီမႈရရွိႏိုင္မယ့္ေမွ်ာ္လင့္ခ်က္ေတြအပါအဝင္ အဓိကက႑ႏွစ္ခုကို ေဆြးေႏြးခဲ့တယ္လို႔ ႏိုင္ငံတကာအႏုျမဴစြမ္းအင္ ေအဂ်င္စီ IAEA အႀကီးအကဲ Rafael Grossi ကစေန ေန႔မွာေျပာလိုက္ပါတယ္။
IAEA အႀကီးအကဲ Grossi ဟာအီရန္အစိုးရတာဝန္ရွိသူေတြနဲ႔ ေသာၾကာေန႔က ေတြ႔ဆုံခဲ့ၿပီး အီရန္မွာထုတ္ေဖၚေၾကညာထားျခင္းမရွိတဲ့ ႏ်ဴကလီယားလက္နက္ထုတ္လုပ္ႏိုင္ေလာက္တဲ့ ယူေရနီယံသတၱဳေတြ ေတြ႕ရွိခဲ့တဲ့ကိစၥကို IAEA က စုံစမ္းစစ္ေဆးႏိုင္ေရးမွာ အီရန္အစိုးရကပူးေပါင္းေဆာင္႐ြက္ဖို႔ ေဆြးေႏြးခဲ့ပါတယ္။ အီရန္ရဲ႕ ႏ်ဴကလီယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ယုံၾကည္စိတ္ခ်ရေလာက္တဲ့ အေျခအေနအထိ IAEA အေနနဲ႔ စုံစမ္းစစ္ေဆးႏိုင္ဖို႔ အီရန္က ဆက္လက္ပူးေပါင္းေဆာင္႐ြက္ဖို႔အျပင္ နည္းပညာဆိုင္ရာ ပူးေပါင္းလုပ္ေဆာင္ဖို႔ကိစၥေတြကိုေဆြးေႏြးခဲ့တယ္လို႔ Grossi ကသတင္းေထာက္ေတြကိုေျပာဆိုခဲ့ပါတယ္။
ဒီေဆြးေႏြးပြဲဟာ အလုပ္သေဘာေဆာင္ၿပီး ႐ိုးသားမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရွိတဲ့ေဆြးေႏြးပြဲျဖစ္တယ္လို႔ IAEA အႀကီးအကဲကေျပာဆိုခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က အီရန္အေပၚခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြ႐ုပ္သိမ္းေပးရင္ အီရန္က သူ႔ရဲ႕ႏ်ူကလီယားအစီအစဥ္ေတြကို ထိန္းခ်ဳပ္ကန႔္သတ္ဖို႔ သေဘာတူခဲ့ပါ တယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ သမၼတေဒၚနယ္ထရန႔္လက္ထက္ ဒီသေဘာတူညီခ်က္က ႏုတ္ထြက္အၿပီးမွာ အီရန္က သူ႔ရဲ႕ႏ်ူကလီယားအစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။
===============
{{Unicode}}
အီရန်နဲ့ နျူကလီယားအရေး ဆွေးနွေးမှု အောင်မြင်မှုရဖို့ IAEA မျှော်လင့်
အီရန်နိုင်ငံရဲ့နျူကလီယားဆိုင်ရာကိစ္စတွေဆွေးနွေးရာမှာ အဓိကအရေးကြီးတဲ့ သိပ္ပံနည်းပညာကဏ္ဍနဲ့ အခြေအနေတွေတိုးတက်လာပြီး သဘောတူညီမှုရရှိနိုင်မယ့်မျှော်လင့်ချက်တွေအပါအဝင် အဓိကကဏ္ဍနှစ်ခုကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ကစနေ နေ့မှာပြောလိုက်ပါတယ်။
IAEA အကြီးအကဲ Grossi ဟာအီရန်အစိုးရတာဝန်ရှိသူတွေနဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပြီး အီရန်မှာထုတ်ဖေါ်ကြေညာထားခြင်းမရှိတဲ့ နျူကလီယားလက်နက်ထုတ်လုပ်နိုင်လောက်တဲ့ ယူရေနီယံသတ္တုတွေ တွေ့ရှိခဲ့တဲ့ကိစ္စကို IAEA က စုံစမ်းစစ်ဆေးနိုင်ရေးမှာ အီရန်အစိုးရကပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီယားအစီအစဉ်နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရလောက်တဲ့ အခြေအနေအထိ IAEA အနေနဲ့ စုံစမ်းစစ်ဆေးနိုင်ဖို့ အီရန်က ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့အပြင် နည်းပညာဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ Grossi ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ အလုပ်သဘောဆောင်ပြီး ရိုးသားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ IAEA အကြီးအကဲကပြောဆိုခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က အီရန်အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပေးရင် အီရန်က သူ့ရဲ့နျူကလီယားအစီအစဉ်တွေကို ထိန်းချုပ်ကန့်သတ်ဖို့ သဘောတူခဲ့ပါ တယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် သမ္မတဒေါ်နယ်ထရန့်လက်ထက် ဒီသဘောတူညီချက်က နုတ်ထွက်အပြီးမှာ အီရန်က သူ့ရဲ့နျူကလီယားအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။