သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီမြို့တော်မှာ အမျိုးသမီးတွေ ဘတ်စ်ကား အခမဲ့စီးခွင့်ရပြီ


(Zawgyi/Unicode)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ အမျိုးသမီးတွေ အခမဲ့ ခရီးသွားနိုင်ဖို့ ဘတ်စကားလက်မှတ်တွေ စတင်ပေးဝေနေပြီဖြစ်ပါတယ်။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲက အမျိုးသမီးထုအတွက် အလုပ်အကိုင်နဲ့ ဘေးကင်းလုံခြုံရေး သမိုင်းဝင် ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ အိန္ဒိယမှာ အမျိုးသမီး အလုပ်လုပ်ကိုင်တဲ့နှုန်းဟာ ကမ္ဘာမှာ အနိမ့်ဆုံးအဆင့် နိုင်ငံတွေထဲ ပါဝင်နေသလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာလည်း သိပ်များပါတယ်။

အင်္ဂါနေ့ကတော့ အမျိုးသမီးတွေ အခမဲ့ ခရီးသွားနိုင်ဖို့ ပန်းရောင်လက်မှတ်တွေ ပေးရာမှာ လက်မှတ်ကျောဘက်ခြမ်းမှာ မြို့တော်အကြီးအကဲ Arvind Kejriwal ရဲ့ မှတ်ချက်စကား ပါရှိပါတယ်။ အခုလို ဘတ်စ်ကား အခမဲ့ စီးခွင့်ပေးတာကြောင့် အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို လုပ်ပိုင်ခွင့်ပိုပြီး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးထားပါတယ်။

၂၀၁၂ ခုနှစ်က ကျောင်းသူတစ်ဦးကို ဘတ်စ်ကားတစ်စီးပေါ်မှာ အဓမ္မပြုကျင့်မှုဖြစ်လို့ ဆန္ဒပြပွဲတွေ ဖြစ်ပြီးတဲ့အချိန်ကစပြီး မြို့တော် နယူးဒေလီမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာ လူအာရုံစိုက်ခံရတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့တာပါ။

မြို့တော် အကြီးအကဲ Kejriwal က လူဦးရေ သန်း ၂၀ ရှိတဲ့ မြို့တော် ဒေလီက ပုံမှန် ဘတ်စကားစီးသူ အမျိုးသမီး ၈ သိန်းခွဲအတွက် အစောင့်အရှောက်လိုက်ပါသူ ၁၃,၀၀၀ ချထားမယ်လို့ ဆိုပါတယ်။

ဒေလီမြို့လယ်က လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေသူ အသက် ၂၄ နှစ်ရှိတဲ့ Sonia Rathore က အခမဲ့ လက်မှတ်ရလို့ တစ်လကို ရူပီး ၂,၀၀၀ (အမေရိကန် ဒေါ်လာ ၃၀) လောက် သူ့အတွက် သက်သာစေမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


.................

နယူးဒလေီမွို့တောျမှာ အမြိုးသမီးတှေ ဘတျဈကား အခမဲ့စီးခှင့ျရပွီ

(Unicode)



၂၀၁၂ ခုနှဈက ကြောငျးသူတဈဦးကို ဘတျဈကားတဈစီးပေါျမှာ အဓမ်မပွုကငြ့ျမှုဖွဈလို့ ဆန်ဒပွပှဲတှေ ဖွဈပွီးတဲ့အခြိနျကစပွီး မွို့တောျ နယူးဒလေီမှာ အမြိုးသမီးတှရေဲ့ လုံခွုံရေးဟာ လူအာရုံစိုကျခံရတဲ့ ကိစ်စတဈခုဖွဈလာခဲ့တာပါ။



XS
SM
MD
LG