သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားမွာ ေလာင္စာဆီေစ်းတက္ၿပီး ေငြေၾကးေဖာင္းပြမႈအေပၚ ကန္႔ကြက္ဆႏၵျပ


အင္ဒိုနီးရွား အလုပ္သမားသမဂၢအဖြဲ႔၀င္မ်ား စက္တင္ဘာ ၆ ရက္ေန႔က ဂ်ကာတာၿမိဳ႕မွာ ဆႏၵျပနေၾကစဥ္။ (ဓါတ္ပုံ-႐ိုက္တာ)

[[Zawgyi/Unicode]]

အင္ဒိုနီးရွားႏိုင္ငံမွာ ေလာင္စာဆီေစ်းျမင့္တက္ၿပီး ေငြေၾကးေဖာင္းပြမႈေတြျဖစ္ေနတာေၾကာင့္ ဒါကို အစိုးရအေနနဲ႔ အေရးယူကိုင္တြယ္ဖို႔၊ ေထာင္ဂဏန္းရွိတဲ့ ဆႏၵျပသူေတြ အင္ဒိုနီးရွားႏိုင္ငံၿမိဳ႕ေတာ္ ဂ်ကာတာလမ္းေတြေပၚမွာ အခု စက္တင္ဘာလ ၆ရက္ေန႔က ဆႏၵျပခဲ့ၾကပါတယ္။

ေလာင္စာဆီအတြက္ အစိုးရသတ္မွတ္ေပးထားတဲ့ အသုံးစရိတ္ ျမင့္တက္လာကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သူ႔အေနနဲ႔ ေလာင္စာဆီေစ်းကို ၃၀ ရာခိုင္ႏႈန္းေလာက္ ျမႇင့္လိုက္႐ုံကလြဲၿပီး၊ တျခားေ႐ြးခ်ယ္စရာ မရွိသေလာက္ျဖစ္ခဲ့တယ္လို႔ သမၼတ Joko Widodo က စေနေန႔က ေျပာဆိုခဲ့ပါတယ္။

လူဦးရည္ သန္း၂၇၀ရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံမွာ ဆီေစ်းဟာ ၿပီးခဲ့တဲ့တႏွစ္ကထက္ ၃၂ ရာခိုင္ႏႈန္းေလာက္ ​ျမင့္တက္လာတာပါ။

ၿမိဳ႕ေတာ္ဂ်ာကာတာအျပင္ Surabaya, Makassar, Kendari, Aceh နဲ႔ Yogyakarta ၿမိဳ႕ေတြမွာ ဒီေန႔ အဂၤါေန႔ ေနလည္ပိုင္းအထိ ဆႏၵျပမႈေတြရွိေနၿပီး၊ ဆႏၵျပမႈေတြကို ေက်ာင္းသားေတြနဲ႔ အလုပ္သမားသမဂၢေတြက ဦးေဆာင္ခဲ့ၾကတာပါ။

ဂ်ာကာတာၿမိဳ႕ေတာ္တဝိုက္မွာ ေထာင္နဲ႔ခ်ီတဲ့ ရဲလုံၿခဳံေရးေတြခ်ထားၿပီး၊ ေဒါသ တႀကီး တုန႔္ျပန္လာႏိုင္တဲ့ ဓါတ္ဆီဆိုင္ေတြကို အကာအကြယ္ေပးထားၾကပါတယ္။ အခုလို ေလာင္စာဆီေစ်းေၾကာင့္ အလုပ္သမားေတြနဲ႔ ၿမိဳ႕ျပက ဆင္းရဲသားလူထုကို အႀကီးမားဆုံးထိခိုက္မႈျဖစ္ေစတယ္လို႔ သမဂၢေတြက ေျပာၾကပါတယ္။

အခု စက္တင္ဘာ ၆ ရက္ အဂၤါေန႔ ဆႏၵျပမႈေတြဟာ ေအးေအးခ်မ္းခ်မ္းပဲ စတင္ခဲ့ၿပီး၊ အၾကမ္းဖက္မႈေတြနဲ႔ အဖမ္းအဆီး သတင္းေတြေတာ့ မရေသးပါဘူး။ ၿမိဳ႕ေတာ္ ဂ်ကာတာမွာေတာ့ ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြဟာ အနီေရာင္နဲ႔ လိေမာ္ေရာင္ ေခါင္းစည္းေတြဝတ္ၿပီး၊ ေႂကြးေၾကာ္သံေတြနဲ႔ ခ်ီတတ္ဆႏၵျပခဲ့ၾကတာပါ။

ေလာင္စာဆီေစ်းျမႇင့္လိုက္တဲ့ အစိုးရလုပ္ရပ္ကို ရႈတ္ခ်ျပစ္တင္ၿပီး၊ အနိမ့္ဆုံး လုပ္ခလစာကို ျမႇင့္ေပးဖို႔လည္း ေတာင္းဆိုခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အားလပ္ရက္နဲ႔ တနင္းလာေန႔ေတြမွာလည္း ဆႏၵျပမႈတခ်ိဳ႕ရွိခဲ့ၿပီး၊ ဆႏၵျပသူေတြဟာ ကားတာယာေတြကို မီးရႈိ႕ၿပီး လမ္းတခ်ိဳ႕ကို ပိတ္ဆို႔ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးမြင့်တက်ပြီး ငွေကြေးဖောင်းပွမှုတွေဖြစ်နေတာကြောင့် ဒါကို အစိုးရအနေနဲ့ အရေးယူကိုင်တွယ်ဖို့၊ ထောင်ဂဏန်းရှိတဲ့ ဆန္ဒပြသူတွေ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာလမ်းတွေပေါ်မှာ အခု စက်တင်ဘာလ ၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

လောင်စာဆီအတွက် အစိုးရသတ်မှတ်ပေးထားတဲ့ အသုံးစရိတ် မြင့်တက်လာကို ထိန်းချုပ်နိုင်ဖို့အတွက် သူ့အနေနဲ့ လောင်စာဆီဈေးကို ၃၀ ရာခိုင်နှုန်းလောက် မြှင့်လိုက်ရုံကလွဲပြီး၊ တခြားရွေးချယ်စရာ မရှိသလောက်ဖြစ်ခဲ့တယ်လို့ သမ္မတ Joko Widodo က စနေနေ့က ပြောဆိုခဲ့ပါတယ်။

လူဦးရည် သန်း၂၇၀ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆီဈေးဟာ ပြီးခဲ့တဲ့တနှစ်ကထက် ၃၂ ရာခိုင်နှုန်းလောက် မြင့်တက်လာတာပါ။

မြို့တော်ဂျာကာတာအပြင် Surabaya, Makassar, Kendari, Aceh နဲ့ Yogyakarta မြို့တွေမှာ ဒီနေ့ အင်္ဂါနေ့ နေလည်ပိုင်းအထိ ဆန္ဒပြမှုတွေရှိနေပြီး၊ ဆန္ဒပြမှုတွေကို ကျောင်းသားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ဦးဆောင်ခဲ့ကြတာပါ။

ဂျာကာတာမြို့တော်တဝိုက်မှာ ထောင်နဲ့ချီတဲ့ ရဲလုံခြုံရေးတွေချထားပြီး၊ ဒေါသ တကြီး တုန့်ပြန်လာနိုင်တဲ့ ဓါတ်ဆီဆိုင်တွေကို အကာအကွယ်ပေးထားကြပါတယ်။ အခုလို လောင်စာဆီဈေးကြောင့် အလုပ်သမားတွေနဲ့ မြို့ပြက ဆင်းရဲသားလူထုကို အကြီးမားဆုံးထိခိုက်မှုဖြစ်စေတယ်လို့ သမဂ္ဂတွေက ပြောကြပါတယ်။

အခု စက်တင်ဘာ ၆ ရက် အင်္ဂါနေ့ ဆန္ဒပြမှုတွေဟာ အေးအေးချမ်းချမ်းပဲ စတင်ခဲ့ပြီး၊ အကြမ်းဖက်မှုတွေနဲ့ အဖမ်းအဆီး သတင်းတွေတော့ မရသေးပါဘူး။ မြို့တော် ဂျကာတာမှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အနီရောင်နဲ့ လိမော်ရောင် ခေါင်းစည်းတွေဝတ်ပြီး၊ ကြွေးကြော်သံတွေနဲ့ ချီတတ်ဆန္ဒပြခဲ့ကြတာပါ။

လောင်စာဆီဈေးမြှင့်လိုက်တဲ့ အစိုးရလုပ်ရပ်ကို ရှုတ်ချပြစ်တင်ပြီး၊ အနိမ့်ဆုံး လုပ်ခလစာကို မြှင့်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အားလပ်ရက်နဲ့ တနင်းလာနေ့တွေမှာလည်း ဆန္ဒပြမှုတချို့ရှိခဲ့ပြီး၊ ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး လမ်းတချို့ကို ပိတ်ဆို့ခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG