{{Zawgyi/Unicode}}
သိပ္မၾကာခင္လပိုင္းေတြမွာ သမၼတေ႐ြးေကာက္ပြဲ ျပန္အေ႐ြးခံဖို႔ ေၾကညာဖြယ္ရွိတဲ့ သမၼတဂ်ိဳးဘိုင္ဒန္ သူ႔ပါတီတြင္းမွာပဲ ဆန႔္က်င္မႈတခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရပါတယ္။
နယူးဟမ့္ရႈိင္းယားျပည္နယ္က ဒီမိုကရက္ပါတီဝင္ေတြဟာ သမၼတေ႐ြးေကာက္ပြဲရဲ႕အႀကိဳ Primary ေ႐ြးေကာက္ပြဲေတြကို သူတို႔ျပည္နယ္က ပထမဆုံး က်င္းပခြင့္ရတဲ့ထုံးတမ္းစဥ္လာ ပယ္ဖ်က္လိုက္တာအေပၚ သမၼတဘိုင္ဒန္ကို စိတ္ပ်က္ေနၾကပါတယ္။ ဒါ့ျပင္ သူတို႔ဟာ ႏိုင္ငံတဝန္းမွာရွိတဲ့ အျခားဒီမိုကရက္ေထာက္ခံသူအမ်ားစုလိုပဲ အသက္ ၈၀ ရွိေနၿပီျဖစ္တဲ့ မစၥတာဘိုင္ဒန္တေယာက္ သမၼတသက္တမ္း ေနာက္တႀကိမ္ ထပ္အေ႐ြးခံမွာကိုလည္း စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။
အမ်ားစုကေတာ့ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အသက္ကို စိုးရိမ္မကင္းျဖစ္ေနၾကတာပါ။ တခ်ိဳ႕ကေတာ့ အာဖဂန္စစ္ပြဲကေန ႏုတ္ထြက္လိုက္တဲ့အေပၚစိတ္ပ်က္ေနၾကၿပီး ပါတီကို ပိုမိုေကာင္းမြန္ေစလိုတဲ့ ျပဳျပင္ေရးသမားေတြကေတာ့ အရင္ကတည္းက ဘိုင္ဒန္ကို အားတက္သေရာေထာက္ခံဖို႔ဆႏၵ မရွိၾကပါဘူး။
ဒီမိုကရက္ပါတီက တာဝန္ရွိသူေတြရဲ႕သေဘာထားနဲ႔ သမၼတဂ်ိဳးဘိုင္ဒန္ ေ႐ြးေကာက္ပြဲျပန္ဝင္မွာကိုေထာက္ခံတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြ၊ အထက္ဆီးနိတ္လႊတ္ေတာ္အမတ္ေတြနဲ႔ ကြန္ဂရက္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕ ရပ္တည္မႈကေတာ့ သိသိသာသာကို ဆန႔္က်င္ဘက္ျဖစ္ေနပါတယ္။
၂၀၁၉ တုန္းက သမၼတဂ်ိဳးဘိုင္ဒန္ကို သမၼတျပန္အေ႐ြးခံဖို႔ နယူးဟမ့္ရႈိင္းယား ျပည္နယ္လႊတ္ေတာ္မွာေထာက္ခံခဲ့တဲ့ အမတ္ စတိဖ္ရွက္လက္က အခုအခါ ေထာက္ခံဖို႔ ဆႏၵမရွိဘူးေတာ့ဘူးလို႔ အတိအလင္းေျပာလာပါတယ္။
ၿပီးခဲ့တဲ့လက ေအပီသတင္းဌာနကလုပ္တဲ့ ျပည္သူ႔ေရးရာစစ္တမ္းမွာေတာ့ ႏိုင္ငံတဝွမ္းရွိ ဒီမိုကရက္ေထာက္ခံသူေတြရဲ႕ ၃၇ ရာခိုင္ႏႈန္းကသာ သမၼဂ်ိဳးဘိုင္ဒန္ ဒုတိယသက္တမ္းအျဖစ္ ေ႐ြးေကာက္ပြဲျပန္ဝင္မွာကို လိုလားၾကေၾကာင္းေတြ႕ရပါတယ္။ ဒါက မႏွစ္က ၾကားျဖတ္ေ႐ြးေကာက္ပြဲမတိုင္မီခင္က ရွိေနတဲ့ ၅၂ ရာခိုင္ႏႈန္းကေန က်ဆင္းသြားတာပဲျဖစ္ပါတယ္။
============
{{Unicode}}
သမ္မတဂျိုးဘိုင်ဒန် ရွေးကောက်ပွဲပြန်အရွေးခံရေး ဒီမိုကရက်တချို့ကန့်ကွက်
သိပ်မကြာခင်လပိုင်းတွေမှာ သမ္မတရွေးကောက်ပွဲ ပြန်အရွေးခံဖို့ ကြေညာဖွယ်ရှိတဲ့ သမ္မတဂျိုးဘိုင်ဒန် သူ့ပါတီတွင်းမှာပဲ ဆန့်ကျင်မှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်။
နယူးဟမ့်ရှိုင်းယားပြည်နယ်က ဒီမိုကရက်ပါတီဝင်တွေဟာ သမ္မတရွေးကောက်ပွဲရဲ့အကြို Primary ရွေးကောက်ပွဲတွေကို သူတို့ပြည်နယ်က ပထမဆုံး ကျင်းပခွင့်ရတဲ့ထုံးတမ်းစဉ်လာ ပယ်ဖျက်လိုက်တာအပေါ် သမ္မတဘိုင်ဒန်ကို စိတ်ပျက်နေကြပါတယ်။ ဒါ့ပြင် သူတို့ဟာ နိုင်ငံတဝန်းမှာရှိတဲ့ အခြားဒီမိုကရက်ထောက်ခံသူအများစုလိုပဲ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ မစ္စတာဘိုင်ဒန်တယောက် သမ္မတသက်တမ်း နောက်တကြိမ် ထပ်အရွေးခံမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
အများစုကတော့ သမ္မတဂျိုးဘိုင်ဒန်ရဲ့အသက်ကို စိုးရိမ်မကင်းဖြစ်နေကြတာပါ။ တချို့ကတော့ အာဖဂန်စစ်ပွဲကနေ နုတ်ထွက်လိုက်တဲ့အပေါ်စိတ်ပျက်နေကြပြီး ပါတီကို ပိုမိုကောင်းမွန်စေလိုတဲ့ ပြုပြင်ရေးသမားတွေကတော့ အရင်ကတည်းက ဘိုင်ဒန်ကို အားတက်သရောထောက်ခံဖို့ဆန္ဒ မရှိကြပါဘူး။
ဒီမိုကရက်ပါတီက တာဝန်ရှိသူတွေရဲ့သဘောထားနဲ့ သမ္မတဂျိုးဘိုင်ဒန် ရွေးကောက်ပွဲပြန်ဝင်မှာကိုထောက်ခံတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ အထက်ဆီးနိတ်လွှတ်တော်အမတ်တွေနဲ့ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်မှုကတော့ သိသိသာသာကို ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
၂၀၁၉ တုန်းက သမ္မတဂျိုးဘိုင်ဒန်ကို သမ္မတပြန်အရွေးခံဖို့ နယူးဟမ့်ရှိုင်းယား ပြည်နယ်လွှတ်တော်မှာထောက်ခံခဲ့တဲ့ အမတ် စတိဖ်ရှက်လက်က အခုအခါ ထောက်ခံဖို့ ဆန္ဒမရှိဘူးတော့ဘူးလို့ အတိအလင်းပြောလာပါတယ်။
ပြီးခဲ့တဲ့လက အေပီသတင်းဌာနကလုပ်တဲ့ ပြည်သူ့ရေးရာစစ်တမ်းမှာတော့ နိုင်ငံတဝှမ်းရှိ ဒီမိုကရက်ထောက်ခံသူတွေရဲ့ ၃၇ ရာခိုင်နှုန်းကသာ သမ္မဂျိုးဘိုင်ဒန် ဒုတိယသက်တမ်းအဖြစ် ရွေးကောက်ပွဲပြန်ဝင်မှာကို လိုလားကြကြောင်းတွေ့ရပါတယ်။ ဒါက မနှစ်က ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီခင်က ရှိနေတဲ့ ၅၂ ရာခိုင်နှုန်းကနေ ကျဆင်းသွားတာပဲဖြစ်ပါတယ်။