{{Zawgyi/Unicode}}
သမၼတေဟာင္းထရမ့္ဟာ ၂၀၂၁ ဇန္နဝါရီလ ၆ ရက္က လႊတ္ေတာ္ကို စီးနင္းတိုက္ခိုက္ခဲ့တာကို အားေပးအားေျမႇာက္ျပဳခဲ့တဲ့အတြက္ ပုဂၢိဳလ္ေရးအရတာဝန္ရွိတယ္လို႔ ဒုတိယသမၼတေဟာင္း Mike Pence က ေျပာလိုက္ပါတယ္။
အဲဒီအခ်ိန္တုန္းက ေ႐ြးေကာက္ခံရသူ သမၼတဘိုင္ဒန္ကို လႊတ္ေတာ္ မွာ အတည္ျပဳတာပ်က္ျပားေအာင္ ထရမ့္ေထာက္ခံသူေတြက လႊတ္ေတာ္ကို အၾကမ္းဖက္စီးနင္းခဲ့ၾကတာျဖစ္ပါတယ္။
“သမၼတထရမ့္မွားခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲကိုပယ္ဖ်က္ဖို႔ က်ေနာ့္မွာ အခြင့္အေရးမရွိပါဘူး။” လို႔ ႏွစ္စဥ္လုပ္တဲ့သတင္းေထာက္ေတြနဲ႔ Gridiron ညစာစားပြဲမွာ စေနေန႔က ပင္န႔္စ္က ေျပာခဲ့တာျဖစ္ပါတယ္။ အက်ိဳးအေၾကာင္းမဲ့ သူ႔ရဲ႕စကားေတြေၾကာင့္ အဲဒီေန႔ လႊတ္ေတာ္မွာရွိၾကတဲ့လူတိုင္းနဲ႔ က်ေနာ့္မိသားစုတို႔ အႏၲရာယ္ႀကဳံခဲ့ရပါတယ္။ သမိုင္းက Donald Trump ကို အေရးယူမယ္ဆိုတာ က်ေနာ္သိပါတယ္။” လို႔ ဒုတိယသမၼတေဟာင္း မိုက္ပန္႔စ္ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။
ဇန္နဝါရီ ၆ ရက္ အုံႂကြမႈနဲ႔ ေ႐ြးေကာက္ပြဲရလာဒ္ကို ေျပာင္းျပန္လွန္ဖို႔ ထရမ့္ရဲ႕အားထုတ္မႈေတြနဲ႔ပတ္သက္ၿပီး အထူးစုံစမ္းစစ္ေဆးေရးမႉးက ဒုတိယသမၼတထရမ့္ကို ဆင့္ေခၚခဲ့တုန္းကေတာ့ ဒီလို ဆင့္ေခၚစာကို တားျမစ္ေပးဖို႔ ပင့္န္စ့္က တရား႐ုံးကို ၿပီးခဲ့တဲ့အပတ္က ေလွ်ာက္ထားခဲ့ပါတယ္။ ဒါေပမဲ့ စေနညစာစားပြဲမွာေတာ့ ကြန္ဆာေဗးတစ္အမတ္ေတြနဲ႔ Fox သတင္းဌာန ေဝဖန္သုံးသပ္သူေတြက ဇန္နဝါရီလ ၆ ရက္ ျဖစ္ရပ္ကို အေရးမႀကီးသလို ေျပာဆိုေနတာေတြကိုေတာ့ သူက ေဝဖန္ျပစ္တင္လိုက္ပါတယ္။
“မမွားပါေစနဲ႔။ အဲဒီေန႔မွာ ျဖစ္ခဲ့တာေတြက က်က္သေရယုတ္ပါတယ္။ သိကၡာရွိရွိ လုပ္ေဆာင္ေနၾကတာကို ေျပာင္ေလွာင္ခဲ့တာ ျဖစ္ပါတယ္။” လို႔ မိုက္ပန္႔စ္ ေျပာခဲ့ပါတယ္။ ထရမ့္က ၂၀၂၄ ခုႏွစ္ သမၼတေလာင္း ေ႐ြးပြဲ မွာ ဝင္မယ္လို႔ ေၾကညာခဲ့ၿပီး မိုက္ပန္႔စ္က ဝင္ဖို႔ ခ်င့္ခ်ိန္ေနတယ္လို႔ ေျပာထားပါတယ္။
=====================
{{Unicode}}
၂၀၂၁ ကန်လွှတ်တော်စီးနင်းမှု ဒေါ်နယ်ထရမ့် သမိုင်းတရားခံ ဖြစ်မယ် (မိုက်ပန့်စ်-ဒုသမ္မတဟောင်း)
၂၀၂၁ ကန်လွှတ်တော်စီးနင်းမှု ဒေါ်နယ်ထရမ့် သမိုင်းတရားခံ ဖြစ်မယ် (မိုက်ပန့်စ်-ဒုသမ္မတဟောင်း)
သမ္မတဟောင်းထရမ့်ဟာ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်က လွှတ်တော်ကို စီးနင်းတိုက်ခိုက်ခဲ့တာကို အားပေးအားမြှောက်ပြုခဲ့တဲ့အတွက် ပုဂ္ဂိုလ်ရေးအရတာဝန်ရှိတယ်လို့ ဒုတိယသမ္မတဟောင်း Mike Pence က ပြောလိုက်ပါတယ်။
အဲဒီအချိန်တုန်းက ရွေးကောက်ခံရသူ သမ္မတဘိုင်ဒန်ကို လွှတ်တော် မှာ အတည်ပြုတာပျက်ပြားအောင် ထရမ့်ထောက်ခံသူတွေက လွှတ်တော်ကို အကြမ်းဖက်စီးနင်းခဲ့ကြတာဖြစ်ပါတယ်။
“သမ္မတထရမ့်မှားခဲ့ပါတယ်။ ရွေးကောက်ပွဲကိုပယ်ဖျက်ဖို့ ကျနော့်မှာ အခွင့်အရေးမရှိပါဘူး။” လို့ နှစ်စဉ်လုပ်တဲ့သတင်းထောက်တွေနဲ့ Gridiron ညစာစားပွဲမှာ စနေနေ့က ပန့်စ်က ပြောခဲ့တာဖြစ်ပါတယ်။ အကျိုးအကြောင်းမဲ့ သူ့ရဲ့ စကားတွေကြောင့် အဲဒီနေ့ လွှတ်တော်မှာရှိကြတဲ့လူတိုင်းနဲ့ ကျနော့်မိသားစုတို့ အန္တရာယ်ကြုံခဲ့ရပါတယ်။ သမိုင်းက Donald Trump ကို အရေးယူမယ်ဆိုတာ ကျနော်သိပါတယ်။” လို့ ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဇန်နဝါရီ ၆ ရက် အုံကြွမှုနဲ့ ရွေးကောက်ပွဲရလာဒ်ကို ပြောင်းပြန်လှန်ဖို့ ထရမ့်ရဲ့အားထုတ်မှုတွေနဲ့ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူးက ဒုတိယသမ္မတထရမ့်ကို ဆင့်ခေါ်ခဲ့တုန်းကတော့ ဒီလို ဆင့်ခေါ်စာကို တားမြစ်ပေးဖို့ ပန့်စ်က တရားရုံးကို ပြီးခဲ့တဲ့အပတ်က လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ စနေညစာစားပွဲမှာတော့ ကွန်ဆာဗေးတစ်အမတ်တွေနဲ့ Fox သတင်းဌာန ဝေဖန်သုံးသပ်သူတွေက ဇန်နဝါရီလ ၆ ရက် ဖြစ်ရပ်ကို အရေးမကြီးသလို ပြောဆိုနေတာတွေကိုတော့ သူက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
“မမှားပါစေနဲ့။ အဲဒီနေ့မှာ ဖြစ်ခဲ့တာတွေက ကျက်သရေယုတ်ပါတယ်။ သိက္ခာရှိရှိ လုပ်ဆောင်နေကြတာကို ပြောင်လှောင်ခဲ့တာ ဖြစ်ပါတယ်။” လို့ မိုက်ပန့်စ်က ပြောခဲ့ပါတယ်။ ထရမ့်က ၂၀၂၄ ခုနှစ် သမ္မတလောင်း ရွေးပွဲ မှာ ဝင်မယ်လို့ ကြေညာခဲ့ပြီး မိုက်ပန့်စ်ကတော့ ဝင်ဖို့ ချင့်ချိန်နေတယ်လို့ ပြောထားပါတယ်။
#MikePence #အမေရိကန်လွှတ်တော်စီးနင်းမှု #မိုက်ပန့်စ် #ဒေါ်နယ်ထရမ့်