သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Mr. Sasakawa ၾကား၀င္ေစ႔စပ္မႈ ႏွင္႔ ရခိုင္ေရြးေကာက္ပဲြ အလားအလာ


ဂ်ပန္အစိုးရအထူးကိုယ္စားလွယ္ Mr. Sasakawa နဲ႔  UEC ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ တို႔ေတြ႔ဆံု (Union Election Commission)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္က မက်င္းပျဖစ္ခဲ့တဲ့ ေရြးေကာက္ပြဲေတြ ျပန္က်င္းပႏိုင္ေရး ဂ်ပန္အစိုးရအထူးကိုယ္စားလွယ္ Mr. Sasakawa အေနနဲ႔ ဒီအပတ္ထဲ UEC ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌနဲ႔၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒါေပမဲ့ အခုအခ်ိန္ထိ ဒီေရြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ေရေရရာရာ မၾကားရေသးတာမို႔ စိုးရိမ္မူေတြလည္း တိုးလာေနပါတယ္။

ဒီအေၾကာင္း Mr. Sasakawa ဂ်ပန္မျပန္ခင္မွာ ၾကာသပေတးေန႔ကပဲ ေတြ႔ဆံုခဲ့တဲ့ ရခိုင္အမတ္တစ္ဦးနဲ႔၊ ေနာက္ သံုးသပ္သူတစ္ဦးကို ကိုဝင္းမင္းက ေမးရာမွာ၊ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ.နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက ခုလိုစရွင္းျပပါတယ္။

“ဦးဦးလွေစာ။ ။ Mr. Sasakawa နဲ႔ ေတြ႔ပါတယ္။ သူကေတာ့ ရခိုင္သြားတဲ့အေတြ႔အၾကံဳရယ္၊ ေနျပည္ေတာ္မွာ ေတြ႔ခဲ့တဲ့ အေၾကာင္းေတြကိုေတာ့ အၾကမ္းဖ်င္းအားျဖင့္ ေျပာျပပါတယ္။ အဓိကေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒နဲ႔ ေတြ႔တယ္ဆိုတဲ့အေၾကာင္းေျပာျပတယ္။ သူက ရခိုင္မွာရွိတဲ့ သူကိုယ္တိုင္သြားေရာက္ခဲ့တဲ့ အေျခအေနေတြ ေျပာျပတယ္။ ရခိုင္မွာေရြးေကာက္ပြဲ လုပ္ႏိုင္တယ္ဆိုတဲ့ အေနအထားတခုရွိတယ္ဆိုတာကို သူအာမခံၿပီးေျပာျပတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ဘက္ကေရာ ဘယ္လိုအေၾကာင္းျပန္ခဲ့တယ္လို႔ ၾကားလဲ။

ဦးဦးလွေစာ။ ။ ေရြးေကာက္ပြဲ ေကာ္မရွင္ဘက္ကေတာ့ ပထမတခါလုပ္တုန္းကေတာ့၊ ၀န္ႀကီးဌာန ႏွစ္ခုရဲ႕ လံုၿခံုေရးကိစၥေၾကာင့္ ရခိုင္မွာ ေရြးေကာက္ပြဲ မျဖစ္ခဲ့ဘူးလို႔ ေျပာတယ္ ။ အခုေတာ့ သူက လံုၿခံဳေရးကိစၥလည္း တပ္မေတာ္နဲ႔ ရခိုင္ AA ေတြၾကားထဲမွာ ယံုၾကည္မႈရသြားၿပီ၊ တစံုတရာ ပစ္တာ ခတ္တာေတြလည္း မရွိဘူး။ သူတို႔ ၂ ဖက္ကလည္း ေရြးေကာက္ပြဲျဖစ္ဖို႔အတြက္ ေတာင္းဆိုထားတယ္။ ေနာက္ၿပီးေတာ့ ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း ေရြးေကာက္ပြဲ ျဖစ္ဖို႔အတြက္ ေျပာထားတယ္ ဆိုတဲ့အေၾကာင္းကို သူကေျပာေတာ့၊ ေရြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ ျပတ္သားတဲ့ အေျဖေတာ့ မေပးပါဘူးခင္ဗ်။ သူကေရွ႕က လံုၿခံဳေရးကိစၥေၾကာင့္ ရခိုင္မွာ ေရြးေကာက္ပြဲ မျဖစ္တဲ့ ကိစၥကိုပဲ ထပ္ၿပီးေတာ့ပဲ ေျပာျပပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ သူ႔ခန္႔မွန္းခ်က္ေရာ ဘယ္လိုရွိသလဲ

ဦးဦးလွေစာ။ ။ခန္႔မွန္းခ်က္ကေတာ့ ဘာမွ မေျပာဘူး။

ကို၀င္းမင္း။ ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔တာေရာ။

ဦးဦးလွေစာ။ ။ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔တာေတာ့ သူက တျခားကိစၥေတာ့မေျပာဘူး အဲဒီ ေရြးေကာက္ပြဲ ကိစၥပဲေျပာတယ္လို႔ေျပာပါတယ္။ အဲဒီေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ဒီကိစၥဟာ ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ေဆြးေႏြးျပီးသားျဖစ္တဲ့အတြက္ေၾကာင့္ ဆိုတဲ့သေဘာမ်ိဳးပဲ ေျပာပါတယ္။ ေရြးေကာက္ပြဲ ေကာ္မရွင္ကိုေတာ့ သူ refer (လြဲခဲ့တာ) လုပ္ပါတယ္။ သူ႔အေနနဲ႔ကေတာ့ ေရြးေကာက္ပြဲ ေကာ္မရွင္ကိုေျပာသလိုပါပဲ အေျခအေနက အကုန္လံုး ready ျဖစ္တဲ့အေၾကာင္းေပါ့ေလ။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ သူ႔အေနနဲ႔ေရာ အားရမႈ ၊ အားမရမႈ။

ဦးဦးလွေစာ။ ။သူ အဲဒါမ်ိဳးေတာ့ မေျပာဘူးခင္ဗ် သူက က်ေနာ္တို႔ကို ဒီရခိုင္ခရီးစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ေက်နပ္တဲ့အေၾကာင္း အဲဒါပဲ ေျပာပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဘယ္ေတာ့ေလာက္ အေၾကာင္းျပန္ႏိုင္မယ္လို႔ သူေမွ်ာ္လင့္ထားပါသလဲ။

ဦးဦးလွေစာ။ ။အဲဒါလည္း မေျပာဘူးခင္ဗ် ။ က်ေနာ္တို႔ကလည္း သိခ်င္တာေပါ့ခင္ဗ် ေရြးေကာက္ပြဲ ျဖစ္မလား မျဖစ္ဘူးလား ဆိုတာ ။ ရိုးရိုးသားသားေျပာတာပါ၊ ဒါ ျဖစ္ေစခ်င္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးဦးလွေစာ ခင္ဗ်။”

အဲဒီေတာ့ အခုလို ၾကား၀င္ေဆာင္ရြက္ေပးတဲ့အပိုင္းမွာ လက္ရွိ AA ရခိုင္တပ္မေတာ္နဲ႔ အစိုးရပိုင္းကလည္း အခုေရြးေကာက္ပြဲ ျပန္ျဖစ္လာႏိုင္ဖို႔အတြက္ အျမန္ဆံုးဘာေတြ စၿပီးေတာ့ လုပ္ေဆာင္သင့္တာကို ႏိုင္ငံေရးသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းကို ဆက္ၿပီးေတာ့ ေမးရာမွာ သူက အခုလို စၿပီးရွင္းျပပါတယ္။

“ေဒါက္တာရန္မ်ိဳးသိန္း။ ။ Mr. Sasakawa ရဲ႕ ခရီးစဥ္အၿပီးမွာ တကယ့္ ဆုပ္ဆုပ္ကိုင္ကိုင္ေပါ့ေလ ရလဒ္ေကာင္းေတြ မျမင္ရေသးတာဟာ၊ ဒီညိွႏိႈင္းေဆြးေႏြးမႈေတြမွာ ယံုၾကည္မႈ တည္ေဆာက္ေရးမွာ အားနည္းခ်က္ေတြ လိုအပ္ခ်က္ေတြ ရွိေနတာလားလို႔ ေမးခြန္းထုတ္စရာ ရွိပါတယ္။ က်ေနာ္စိုးရိမ္တာက တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေ၀းေတြ မစတင္ခင္မွာ၊ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္မွာ ေရႊးေကာက္ပြဲေတြ မလုပ္ႏိုင္ခဲ့ဘူးဆိုရင္ ရခိုင္ျပည္နယ္မွာ စစ္အရွိန္ေတြ ျပန္ၿပီးေတာ့ ျမင့္တက္လာမလား စိုးရိမ္စရာျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ လက္ရွိမွာ ဘယ္လိုမ်ိဳး အဟန္႔အတားေတြ ၊ အခက္အခဲေတြရွိေနတယ္လို႔ သံုးသပ္မိသလဲ။

ေဒါက္တာရန္မ်ိဳးသိန္း။ ။ AA အေနနဲ႔ ဖမ္းဆီး ထိန္းသိမ္းထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃ ဦးထဲမွာ၊ အနည္းဆံုး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ဦးကို အျမန္ဆံုး ျပန္လႊတ္ေပးႏိုင္မယ္ဆိုရင္၊ အစိုးရအေနနဲ႔က အျမန္ဆံုးေပါ့ေလ ရခိုင္ျပည္နယ္အေျခစိုက္ပါတီက ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီးေတာ့၊ အဲဒီ တၿပိဳင္နက္မွာပဲ ဒီ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔လည္း က်ေနာ္တို႔ ေဒသဆိုင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္ေတြနဲ႔ အျမန္ဆံုးဆက္သြယ္ၿပီးေတာ့၊ ေရြးေကာက္ပြဲက်င္းပႏိုင္ဖို႔ အလားအလာေကာင္းဆံုးရွိတဲ့ ရပ္ကြက္ေတြ ၊ ေက်းရြာေတြမွာ ေရြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ကို ျပင္ဆင္သင့္တယ္လို႔ ျမင္ပါတယ္။ အဲဒါအျပင္ အစုိးရနဲ႔ တပ္မေတာ္နဲ႔ AA ဘက္နဲ႔ တိုက္ရိုက္ေသာ္လည္းေကာင္း သြယ္၀ုိက္ၿပီးေတာ့ လည္းေကာင္း ညိွႏိႈင္းေဆြးေႏြးေဆာင္ရြက္သင့္တယ္လို႔ ျမင္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာရန္မ်ိဳးသိန္းခင္ဗ်။

တိုက္႐ိုက္ လင့္ခ္


..................

Mr. Sasakawa ကြားဝင်စေ့စပ်မှု နှင့် ရခိုင်ရွေးကောက်ပွဲ အလားအလာ

(Unicode)

ရခိုင်ပြည်နယ်က မကျင်းပဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ဂျပန်အစိုးရအထူးကိုယ်စားလှယ် Mr. Sasakawa အနေနဲ့ ဒီအပတ်ထဲ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်ထိ ဒီရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရေရေရာရာ မကြားရသေးတာမို့ စိုးရိမ်မူတွေလည်း တိုးလာနေပါတယ်။

ဒီအကြောင်း Mr. Sasakawa ဂျပန်မပြန်ခင်မှာ ကြာသပတေးနေ့ကပဲ တွေ့ဆုံခဲ့တဲ့ ရခိုင်အမတ်တစ်ဦးနဲ့၊ နောက် သုံးသပ်သူတစ်ဦးကို ကိုဝင်းမင်းက မေးရာမှာ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို.နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ခုလိုစရှင်းပြပါတယ်။

“ဦးဦးလှစော။ ။ Mr. Sasakawa နဲ့ တွေ့ပါတယ်။ သူကတော့ ရခိုင်သွားတဲ့အတွေ့အကြုံရယ်၊ နေပြည်တော်မှာ တွေ့ခဲ့တဲ့ အကြောင်းတွေကိုတော့ အကြမ်းဖျင်းအားဖြင့် ပြောပြပါတယ်။ အဓိကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့တယ်ဆိုတဲ့အကြောင်းပြောပြတယ်။ သူက ရခိုင်မှာရှိတဲ့ သူကိုယ်တိုင်သွားရောက်ခဲ့တဲ့ အခြေအနေတွေ ပြောပြတယ်။ ရခိုင်မှာရွေးကောက်ပွဲ လုပ်နိုင်တယ်ဆိုတဲ့ အနေအထားတခုရှိတယ်ဆိုတာကို သူအာမခံပြီးပြောပြတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကရော ဘယ်လိုအကြောင်းပြန်ခဲ့တယ်လို့ ကြားလဲ။

ဦးဦးလှစော။ ။ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ပထမတခါလုပ်တုန်းကတော့၊ ဝန်ကြီးဌာန နှစ်ခုရဲ့ လုံခြုံရေးကိစ္စကြောင့် ရခိုင်မှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘူးလို့ ပြောတယ် ။ အခုတော့ သူက လုံခြုံရေးကိစ္စလည်း တပ်မတော်နဲ့ ရခိုင် AA တွေကြားထဲမှာ ယုံကြည်မှုရသွားပြီ၊ တစုံတရာ ပစ်တာ ခတ်တာတွေလည်း မရှိဘူး။ သူတို့ ၂ ဖက်ကလည်း ရွေးကောက်ပွဲဖြစ်ဖို့အတွက် တောင်းဆိုထားတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ပြောထားတယ် ဆိုတဲ့အကြောင်းကို သူကပြောတော့၊ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပြတ်သားတဲ့ အဖြေတော့ မပေးပါဘူးခင်ဗျ။ သူကရှေ့က လုံခြုံရေးကိစ္စကြောင့် ရခိုင်မှာ ရွေးကောက်ပွဲ မဖြစ်တဲ့ ကိစ္စကိုပဲ ထပ်ပြီးတော့ပဲ ပြောပြပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ သူ့ခန့်မှန်းချက်ရော ဘယ်လိုရှိသလဲ

ဦးဦးလှစော။ ။ခန့်မှန်းချက်ကတော့ ဘာမှ မပြောဘူး။

ကိုဝင်းမင်း။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာရော။

ဦးဦးလှစော။ ။ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တာတော့ သူက တခြားကိစ္စတော့မပြောဘူး အဲဒီ ရွေးကောက်ပွဲ ကိစ္စပဲပြောတယ်လို့ပြောပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စဟာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးပြီးသားဖြစ်တဲ့အတွက်ကြောင့် ဆိုတဲ့သဘောမျိုးပဲ ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကိုတော့ သူ refer (လွဲခဲ့တာ) လုပ်ပါတယ်။ သူ့အနေနဲ့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုပြောသလိုပါပဲ အခြေအနေက အကုန်လုံး ready ဖြစ်တဲ့အကြောင်းပေါ့လေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ သူ့အနေနဲ့ရော အားရမှု ၊ အားမရမှု။

ဦးဦးလှစော။ ။သူ အဲဒါမျိုးတော့ မပြောဘူးခင်ဗျ သူက ကျနော်တို့ကို ဒီရခိုင်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကျေနပ်တဲ့အကြောင်း အဲဒါပဲ ပြောပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဘယ်တော့လောက် အကြောင်းပြန်နိုင်မယ်လို့ သူမျှော်လင့်ထားပါသလဲ။

ဦးဦးလှစော။ ။အဲဒါလည်း မပြောဘူးခင်ဗျ ။ ကျနော်တို့ကလည်း သိချင်တာပေါ့ခင်ဗျ ရွေးကောက်ပွဲ ဖြစ်မလား မဖြစ်ဘူးလား ဆိုတာ ။ ရိုးရိုးသားသားပြောတာပါ၊ ဒါ ဖြစ်စေချင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဦးဦးလှစော ခင်ဗျ။”

အဲဒီတော့ အခုလို ကြားဝင်ဆောင်ရွက်ပေးတဲ့အပိုင်းမှာ လက်ရှိ AA ရခိုင်တပ်မတော်နဲ့ အစိုးရပိုင်းကလည်း အခုရွေးကောက်ပွဲ ပြန်ဖြစ်လာနိုင်ဖို့အတွက် အမြန်ဆုံးဘာတွေ စပြီးတော့ လုပ်ဆောင်သင့်တာကို နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကို ဆက်ပြီးတော့ မေးရာမှာ သူက အခုလို စပြီးရှင်းပြပါတယ်။

“ဒေါက်တာရန်မျိုးသိန်း။ ။ Mr. Sasakawa ရဲ့ ခရီးစဉ်အပြီးမှာ တကယ့် ဆုပ်ဆုပ်ကိုင်ကိုင်ပေါ့လေ ရလဒ်ကောင်းတွေ မမြင်ရသေးတာဟာ၊ ဒီညှိနှိုင်းဆွေးနွေးမှုတွေမှာ ယုံကြည်မှု တည်ဆောက်ရေးမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနေတာလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ကျနော်စိုးရိမ်တာက တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ မစတင်ခင်မှာ၊ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်မှာ ရွှေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ စစ်အရှိန်တွေ ပြန်ပြီးတော့ မြင့်တက်လာမလား စိုးရိမ်စရာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လက်ရှိမှာ ဘယ်လိုမျိုး အဟန့်အတားတွေ ၊ အခက်အခဲတွေရှိနေတယ်လို့ သုံးသပ်မိသလဲ။

ဒေါက်တာရန်မျိုးသိန်း။ ။ AA အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးထဲမှာ၊ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်မယ်ဆိုရင်၊ အစိုးရအနေနဲ့က အမြန်ဆုံးပေါ့လေ ရခိုင်ပြည်နယ်အခြေစိုက်ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့၊ အဲဒီ တပြိုင်နက်မှာပဲ ဒီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း ကျနော်တို့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ အမြန်ဆုံးဆက်သွယ်ပြီးတော့၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာကောင်းဆုံးရှိတဲ့ ရပ်ကွက်တွေ ၊ ကျေးရွာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ အဲဒါအပြင် အစိုးရနဲ့ တပ်မတော်နဲ့ AA ဘက်နဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးတော့ လည်းကောင်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာရန်မျိုးသိန်းခင်ဗျ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG