သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြတ္စလင္ေဒသခံ လူငယ္ ၂ ဦး ေသဆံုးမႈ ျမန္မာစစ္တပ္ ျပန္စံုစမ္းစစ္ေဆး


ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ သတင္းစာရွင္းလင္းပြဲ။ (ေအာက္တိုဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ေအာက္တိုဘာ ၅ ရက္ေန႔တုန္းက ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ျပင္ရွည္ (မြတ္စလင္) ေက်းရြာက လူငယ္ေလးႏွစ္ဦး ေသဆုံးတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ေသဆံုးခဲ့တဲ့ လူငယ္ႏွစ္ဦး အပါအဝင္ လူ ၁၅ ဦးေလာက္ကုိ တပ္မေတာ္က ေခၚေဆာင္သြားၿပီး AA နဲ႔ျဖစ္ၾကတဲ့ တိုက္ပဲြအတြင္း ေသဆံုးခဲ့တာလို႔ ေဒသခံေက်းရြာေတြက ေျပာဆိုခဲ့ၾကေပမယ့္ ဒါဟာ သူတို႔လက္ခ်က္ေၾကာင့္ မဟုတ္ဘူးလို႔ တပ္မေတာ္ဘက္က ျငင္းဆန္ထားတာပါ။ ဒါေပမယ့္ ဒီျဖစ္စဥ္ကို တပ္မေတာ္ဘက္က ျပန္လည္စံုစမ္းမႈေတြ လုပ္ေနတယ္လို႔ ျမန္မာစစ္တပ္ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့ပါတယ္။

“ဘူးသီးေတာင္ေဒသမွာရွိတဲ့ မြတ္စလင္ေက်းရြာတခုမွာ ျဖစ္ပ်က္ခဲ့တာရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ သတင္းထုတ္ျပန္ၿပီး ျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ ေသဆုံးသြားတဲ့သူ ႏွစ္ေယာက္ရွိတယ္။ ျပင္းထန္စြာ ထိိခိုက္ဒဏ္ရာရသူတေယာက္ ရွိတယ္။ ဒီဟာနဲ႔ပတ္သက္လို႔ ခ်ိဳ႕ယြင္းခ်က္ အားနည္းခ်က္ရွိရင္ သိနိုင္ေအာင္လို႔ ဘယ္လိုပဲေျပာေျပာ စုံစမ္းစစ္ေဆးမႈေတြကို အဲဒီကေန စၿပီးလုပ္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ လုပ္ေနတယ္ဆိုတာကို က်ေနာ္တုိ႔ ထုတ္ျပန္ၿပီးသားလည္း ျဖစ္ပါတယ္။”

စံုစမ္းစစ္ေဆးမႈ အေသးစိတ္ကိုေတာ့ ေျပာဆိုတာမရွိပါဘူး။

ဘူးသီးေတာင္ၿမိဳ႕နယ္ စံညႇင္းေဝေက်းရြာအုပ္စု ျပင္႐ွည္ (မြတ္စလင္) ေက်းရြာဘက္မွာ ေအာက္တိုဘာ ၅ ရက္ေန႔တုန္းက အခုလို မြတ္စလင္လူငယ္ႏွစ္ဦး အသတ္ခံရၿပီး တဦးဒဏ္ရာရခဲ့တဲ့ကိစၥနဲ႔ ပတ္သက္လို႔ ဒါဟာ AA ရခိုင္လက္နက္ကိုင္အဖဲြ႔လက္ခ်က္ ျဖစ္တယ္လို႔ ျမန္မာစစ္တပ္ဘက္က ဗြီအိုေအကို ေျပာခဲ့ဖူးပါတယ္။

ေသဆုံးသူအေလာင္းနဲ႔ ဒဏ္ရာရသူကို တပ္မေတာ္က ရြာကို သယ္ေဆာင္လာတယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ေသဆုံးသြားတဲ့သူကို က်ေနာ္တုိ႔က ရြာမွာ အေလာင္းကသယ္တယ္။ ထိခိုက္ဒဏ္ရာရရွိသူကိုေတာ့ တပ္မေတာ္ေဆး႐ုံမွာ ကုသေပးတယ္။ အဲဒီ ထိခိုက္ဒဏ္ရာရသူ ကိုယ္တိုင္ကလည္း သူတို႔ ဘယ္သူဆိုတာ ေျပာထားပါတယ္။”

ျပင္ရွည္ (မြတ္စလင္) ေက်းရြာ ကေလးငယ္ႏွစ္ဦး ေသဆုံးမႈနဲ႔ပတ္သက္လို႔ တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ကေန ႏွစ္ဖက္ အျပန္အလွန္ စြပ္စြဲထားၾကပါတယ္။

ဒါေပမယ့္ ေဒသခံရြာသားေတြကေတာ့ AA အဖြဲ႔ကေန လုပ္ေဆာင္တာမဟုတ္ဘဲ ျမန္မာစစ္တပ္ဘက္က ရြာသားေတြကို အထမ္းသမားအျဖစ္ ေခၚေဆာင္သြားရာမွာ တိုက္ပြဲအတြင္း ၾကားညပ္ေသဆုံးတာလို႔ ျပင္ရွည္ေက်းရြာသားတဦးက ေျပာပါတယ္။

“AA ကပစ္တာ မဟုတ္ဘူး။ သူတို႔ကို ေပၚတာဆြဲသြားတာ ၁၅ ေယာက္ေပါ့။ စစ္တပ္ေတြ ေပၚတာဆြဲတာပါ။ ဒီဟာေခၚၿပီးေတာ့ ႏွစ္ဖက္ပစ္တာမွာ ေသသြားတာပါ။ သူတို႔လႊတ္လိုက္တာ မဟုတ္ဘူး။ ကိုယ့္ဟာကို ေျပးၿပီး ျပန္လာခဲ့တာ။ က်ေနာ္တုိ႔ ေသသြားတဲ့ကေလးေတြကို ရြာကေန သြားၿပီးေတာ့ ယူလာတယ္။ ရြာကိုယူလာၿပီးေတာ့ ေျမျမႇဳပ္လုိက္တာပါ။”

ျမန္မာစစ္တပ္ကေန အထမ္းသမားအျဖစ္ ေခၚေဆာင္သြားစဥ္ တိုက္ပြဲအတြင္း ရြာသားေတြေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္က ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီဝင္ ဒိုစ္ မူဟာမက္ (ခ) ဦးေအးဝင္းက အခုလိုေျပာပါတယ္။

“ရြာသားေတြကလည္း အဲဒီလိုမ်ိဳး ကေ်နာ့္ဆီ သတင္းပို႔တယ္။ စစ္တပ္ကေခၚသြားၿပီးေတာ့ အဲဒီလို ေပၚတာဆြဲၿပီးေတာ့ ရြာသားေတြကို ဓားစာခံလုပ္တဲ့သေဘာ ရွိတယ္ေလ။ ဒီဟာေတြေတာ့ မလုပ္သင့္တဲ့အလုပ္ပါ။ ၾကားထဲမွာ ဒီလိုလုပ္တယ္ဆိုေတာ့ ႏုိင္ငံေတာ္အတြက္ ေတာ္ေတာ္ေလး ဆုံး႐ႈံးမႈတခုပဲ။ ဒါ ICJ ႐ုံး အေထာက္ထားျဖစ္သြားၿပီး အဲဒီလိုမ်ိဳး ေျပာခ်င္တယ္။”

ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက ဂမ္ဘီယာႏုိင္ငံကေန ျမန္မာအစိုးရအေနနဲ႔ ဂ်ီႏုိဆိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈ ဟန္႔တားေရး သေဘာတူစာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး စာမ်က္ႏွာ ၅၀၀ ရွိတဲ့ အခ်က္အလက္ အျပည့္အစုံ တင္ျပခ်က္ကို ႏုိင္ငံတကာတရား႐ုံး ICJ ကို တင္သြင္းထားတာ ျဖစ္ပါတယ္။

ကေလးငယ္ႏွစ္ဦး ေသဆုံးမႈ ျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လို႔ ဒီကိစၥရပ္ကို စုံစမ္းစစ္ေဆးမႈေတြ လွ်င္ျမန္စြာလုပ္ေဆာင္ဖို႔ ေအာက္တိုဘာ ၁၄ ရက္ေန႔က ကုလသမဂၢ ဦးေဆာင္တဲ့ ႏုိင္ငံအဆင့္ ေစာင့္ၾကည့္ေရးႏွင့္ အစီရင္ခံေရး အထူးတာဝန္အဖြဲ႔ (CTFMR) က တိုက္တြန္းထားပါတယ္။

ဒီလဆန္းမွာပဲ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္း တုိက္ပဲြေတြၾကား ကေလးငယ္ ၂ ဦး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္အတြက္ ထိတ္လန္႔တုန္လႈပ္မိေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေအာက္တိုဘာ ၁၄ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ ဒီႏွစ္ ၂၀၂၀ ျပည့္ ပထမ ၃ လအတြင္း ကေလးငယ္ ၁၀၀ ေက်ာ္ ေသေက်ဒဏ္ရာရခဲ့တာဟာ ၿပီးခဲ့တဲ့ႏွစ္ တႏွစ္လုံးရဲ႕ ထက္ဝက္ေက်ာ္ ရွိေနတဲ့အေၾကာင္း ကုလသမဂၢ လူသားခ်င္း စာနာမႈဆုိင္ရာ ညႇိႏႈိင္းေရးမွဴး႐ုံးက ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ သတင္းထုတ္ျပန္လုိက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မွတ်စလင်ဒေသခံ လူငယ် ၂ ဦး သေဆုံးမှု မြန်မာစစ်တပ် ပြန်စုံစမ်းစစ်ဆေး

အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ လူငယ်နှစ်ဦး အပါအဝင် လူ ၁၅ ဦးလောက်ကို တပ်မတော်က ခေါ်ဆောင်သွားပြီး AA နဲ့ဖြစ်ကြတဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာလို့ ဒေသခံကျေးရွာတွေက ပြောဆိုခဲ့ကြပေမယ့် ဒါဟာ သူတို့လက်ချက်ကြောင့် မဟုတ်ဘူးလို့ တပ်မတော်ဘက်က ငြင်းဆန်ထားတာပါ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို တပ်မတော်ဘက်က ပြန်လည်စုံစမ်းမှုတွေ လုပ်နေတယ်လို့ မြန်မာစစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ဘူးသီးတောင်ဒေသမှာရှိတဲ့ မွတ်စလင်ကျေးရွာတခုမှာ ဖြစ်ပျက်ခဲ့တာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သတင်းထုတ်ပြန်ပြီး ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သေဆုံးသွားတဲ့သူ နှစ်ယောက်ရှိတယ်။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူတယောက် ရှိတယ်။ ဒီဟာနဲ့ပတ်သက်လို့ ချို့ယွင်းချက် အားနည်းချက်ရှိရင် သိနိုင်အောင်လို့ ဘယ်လိုပဲပြောပြော စုံစမ်းစစ်ဆေးမှုတွေကို အဲဒီကနေ စပြီးလုပ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်။”

စုံစမ်းစစ်ဆေးမှု အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။

ဘူးသီးတောင်မြို့နယ် စံညှင်းဝေကျေးရွာအုပ်စု ပြင်ရှည် (မွတ်စလင်) ကျေးရွာဘက်မှာ အောက်တိုဘာ ၅ ရက်နေ့တုန်းက အခုလို မွတ်စလင်လူငယ်နှစ်ဦး အသတ်ခံရပြီး တဦးဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့လက်ချက် ဖြစ်တယ်လို့ မြန်မာစစ်တပ်ဘက်က ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

သေဆုံးသူအလောင်းနဲ့ ဒဏ်ရာရသူကို တပ်မတော်က ရွာကို သယ်ဆောင်လာတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သေဆုံးသွားတဲ့သူကို ကျနော်တို့က ရွာမှာ အလောင်းကသယ်တယ်။ ထိခိုက်ဒဏ်ရာရရှိသူကိုတော့ တပ်မတော်ဆေးရုံမှာ ကုသပေးတယ်။ အဲဒီ ထိခိုက်ဒဏ်ရာရသူ ကိုယ်တိုင်ကလည်း သူတို့ ဘယ်သူဆိုတာ ပြောထားပါတယ်။”

ပြင်ရှည် (မွတ်စလင်) ကျေးရွာ ကလေးငယ်နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကနေ နှစ်ဖက် အပြန်အလှန် စွပ်စွဲထားကြပါတယ်။

ဒါပေမယ့် ဒေသခံရွာသားတွေကတော့ AA အဖွဲ့ကနေ လုပ်ဆောင်တာမဟုတ်ဘဲ မြန်မာစစ်တပ်ဘက်က ရွာသားတွေကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားရာမှာ တိုက်ပွဲအတွင်း ကြားညပ်သေဆုံးတာလို့ ပြင်ရှည်ကျေးရွာသားတဦးက ပြောပါတယ်။

“AA ကပစ်တာ မဟုတ်ဘူး။ သူတို့ကို ပေါ်တာဆွဲသွားတာ ၁၅ ယောက်ပေါ့။ စစ်တပ်တွေ ပေါ်တာဆွဲတာပါ။ ဒီဟာခေါ်ပြီးတော့ နှစ်ဖက်ပစ်တာမှာ သေသွားတာပါ။ သူတို့လွှတ်လိုက်တာ မဟုတ်ဘူး။ ကိုယ့်ဟာကို ပြေးပြီး ပြန်လာခဲ့တာ။ ကျနော်တို့ သေသွားတဲ့ကလေးတွေကို ရွာကနေ သွားပြီးတော့ ယူလာတယ်။ ရွာကိုယူလာပြီးတော့ မြေမြှုပ်လိုက်တာပါ။”

မြန်မာစစ်တပ်ကနေ အထမ်းသမားအဖြစ် ခေါ်ဆောင်သွားစဉ် တိုက်ပွဲအတွင်း ရွာသားတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒိုစ် မူဟာမက် (ခ) ဦးအေးဝင်းက အခုလိုပြောပါတယ်။

“ရွာသားတွေကလည်း အဲဒီလိုမျိုး ကျေနာ့်ဆီ သတင်းပို့တယ်။ စစ်တပ်ကခေါ်သွားပြီးတော့ အဲဒီလို ပေါ်တာဆွဲပြီးတော့ ရွာသားတွေကို ဓားစာခံလုပ်တဲ့သဘော ရှိတယ်လေ။ ဒီဟာတွေတော့ မလုပ်သင့်တဲ့အလုပ်ပါ။ ကြားထဲမှာ ဒီလိုလုပ်တယ်ဆိုတော့ နိုင်ငံတော်အတွက် တော်တော်လေး ဆုံးရှုံးမှုတခုပဲ။ ဒါ ICJ ရုံး အထောက်ထားဖြစ်သွားပြီး အဲဒီလိုမျိုး ပြောချင်တယ်။”

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဂမ်ဘီယာနိုင်ငံကနေ မြန်မာအစိုးရအနေနဲ့ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားရေး သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး စာမျက်နှာ ၅၀၀ ရှိတဲ့ အချက်အလက် အပြည့်အစုံ တင်ပြချက်ကို နိုင်ငံတကာတရားရုံး ICJ ကို တင်သွင်းထားတာ ဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဒီကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုတွေ လျှင်မြန်စွာလုပ်ဆောင်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေး အထူးတာဝန်အဖွဲ့ (CTFMR) က တိုက်တွန်းထားပါတယ်။

ဒီလဆန်းမှာပဲ ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲတွေကြား ကလေးငယ် ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက အောက်တိုဘာ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၂၀ ပြည့် ပထမ ၃ လအတွင်း ကလေးငယ် ၁၀၀ ကျော် သေကျေဒဏ်ရာရခဲ့တာဟာ ပြီးခဲ့တဲ့နှစ် တနှစ်လုံးရဲ့ ထက်ဝက်ကျော် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG