(Zawgyi/Unicode)
ကုိဗစ္၁၉ အေရးေပၚကာလ နယ္စပ္ေတြ ပိတ္ထားခ်ိန္ ထုိင္းေက်ာင္းတက္ေနတဲ့ကေလးမ်ားကို နယ္စပ္လမ္းေတြကေန ျပန္ပုိ႔ေနတဲ့ ျမန္မာႏိုင္ငံသား ေက်ာင္းသားမိဘေတြနဲ႔ ထုိင္းဘက္ကုိခိုး၀င္လာသူ လူ ၅၀ထက္မနည္း ဒီရက္ပိုင္းမွာ ဖမ္းဆီးခံေနရပါတယ္။ ဒီသတင္းကို္ VOA ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထုိင္းျမန္မာနယ္စပ္ကေနသတင္းေပးပို႔ ထားပါတယ္။
အခုရက္ပိုင္းအတြင္း ထိုင္းနိုင္ငံ ေျမာက္ပိုင္း ခ်င္းရိုင္ခရိုင္ မယ္ဆိုင္ၿမိဳ႕၊ ေကာ့ခ်န္း နယ္စပ္ တရားမ၀င္ လမ္းေတြကေန ေခ်ာင္းျဖတ္ကူးလာေနၾကတဲ့ ကေလးငယ္ေတြပါ၀င္တဲ့ ျမန္မာမိသားစုေတြနဲ ့ အလုပ္သမားေတြ အပါအ၀င္ အုပ္စုလိုက္၀င္လာၾကတဲ့ လူ၄၀ ေက်ာ္ကုိ ထိုင္းအမွတ္ ၃ ထိုင္းနယ္ျခားေစာင့္စစ္တပ္ဖြဲ ့က ဒီရက္ပိုင္းမွာပဲ ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။
အလားတူပဲ ထုိင္းေတာင္ပုိင္း ကမ္ခ်နဘူရီခရိုင္ဘက္ကို ၀င္လာသူ ျမန္မာေတြကုိလည္း ဖမ္းဆီးလိုက္ပါတယ္။ ဒါအျပင္ ျမန္မာႏိုင္ငံသားေတြကို ေတာလမ္းကေန ကားနဲ ့တင္ေဆာင္လာတဲ့ ထိုင္းနိုင္ငံသား ႏွစ္ဦးကိုလည္း လူကုန္ကူးမႈနဲ ့ ဖမ္းဆီးအေရးယူလိုက္ပါတယ္။
ထိုင္းနိုင္ငံမွာ ဇူလိုင္လ (၁) ရက္ေန ့မွာ စာသင္ေက်ာင္း ေတြျပန္ဖြင့္ေတာ့မယ္ဆုိတဲ့သတင္းေတြေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ ထိုင္းဘက္မွာ ပညာသင္ၾကားေနၾကတဲ့ ျမန္မာနိုင္ငံသားကေလးေတြကို သူတို ့ရဲ ့ မိဘေတြက တရားမ၀င္ ေတာလမ္းေတြကေန ထိုင္းေက်ာင္းတက္ႏိုင္ဖို႔ မဲဆိုင္နဲ ့ ကမ္ခ်နဘူရီနယ္စပ္မွာ နယ္စပ္လမ္းေတြကိုသံုးျပီး ျပန္လာပို ့ေနၾကတာပါ ။
ျမန္မာေရႊေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ ့ရဲ ့ မဲေဆာက္ရံုးတာ၀န္ခံ ဦးမုိးေက်ာ္ကေတာ ့ဒီကာလမွာ ျမန္မာေတြျပန္မလာေသးဖို႔ သတိေပးစကားေျပာခဲ့ပါတယ္။
“အရင္တုန္းက သာမန္အခိ်န္တုန္းက ထုိင္းနဲ႔ ျမန္မာကီလို ၁၄၀၀ေက်ာ္နယ္စပ္တေလ်ွာက္က သြားလို႔ လာလို႔ရတဲ့ ၀င္ေပါက္ ထြက္ေပါက္ေတြရွိတယ္။ အဲဒီ ၀င္ေပါက္ထြက္ေပါက္ေတြကေန သြားလို႔ လာလို႔ရတယ္ ထင္ျပီး ျမန္မာျပည္ျပန္သြားၿပီးေတာ့ အခုျပန္၀င္လာတဲ့သူေတြအတြက္ အရမ္းစိုရိမ္စရာေကာင္းပါတယ္။ ထိုင္းႏိုင္ငံကလည္း သူတို႔ ႏိုင္ငံထဲကို ကုိဗစ္ကာလမွာ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ တားျမစ္ထားတဲ့ ဥပေဒေတြရွိလို႔ တကယ္လို႔ ျပန္လာလို႔ရတယ္ထင္ၿပီး ၀င္လာတာရွိရင္ ဖမ္းဆီးခံရတာေတြရွိမယ္။ ဒဏ္ရိုက္ခံရိုက္တာေတြရွိမယ္ ၊ ၿပီးရင္ ေနရပ္ရင္းကိုျပန္ပို႔တဲ့ အစီအစဥ္ေတြနဲ႔ လုပ္ေနတာရွိလို႔ ေက်ာင္းသား မိဘေတြပဲျဖစ္ျဖစ္ ၊ ေရႊ႕ေျပာင္းအလုပ္သမားေတြပဲျဖစ္ျဖစ္ တရားမ၀င္တဲ့နယ္စပ္အေပါက္ေတြကေန ဒီကာလမွာ လံုး၀ျပန္မ၀င္လာပါနဲ႔လို႔ေျပာခ်င္ပါတယ္။”
ထိုင္း-ျမန္မာနယ္စပ္ အ၀င္အထြက္ေတြ ပိတ္ထားဆဲမို ့ နယ္စပ္လမ္းေတြမွာ စစ္တပ္ေတြက ေစာင့္ၾကည့္ စစ္ေဆးေနၾကတာပါ။ တခ်ိဳေနရာေတြမွာဆိုရင္ မွန္ဘီလူးနဲ႔ ၾကည့္ေနၿပီး ၀င္လာသူေတြရွိတာနဲ႔ ဖမ္းဆီးေနပါတယ္ ။
အခုလို ဖမ္းဆီးလိုက္တဲ့ မိသားစုေတြအေနနဲ႔ တဦးကိုဘတ္ေငြ ၅ေထာင္ ဒဏ္ရိုက္ခံရမယ့္အျပင္ ေရာဂါပုိးရွိမရွိ စစ္ေဆးေစာင့္ၾကည့္ခံရတာေတြခံရၿပီးရင္ေတာ့ ျမန္မာနိုင္ငံဘက္ကို ျပန္ပို ့ခံရမွာျဖစ္ပါတယ္။ ဒီမိသားစုေတြဟာ ေက်ာင္းေတြ ပိတ္ထားခ်ိန္ ထိုင္းေက်ာင္းမွာ ပညာသင္ၾကားေနတဲ့သူတို ့ရဲ ့ သားသမီးေတြကို ေခၚျပီး ျမန္မာနိုင္ငံဘက္ကို ျပန္သြားၾကသူေတြျဖစ္ပါတယ္။
ကုိဗစ္ ၁၉ အေရးေပၚကာလမွာ ထိုင္းနိုင္ငံမွာ ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုေပမယ့္ အခုလို ျမန္မာနိုင္ငံဘက္ကေန ေန႔စဥ္လာေရာက္ ေက်ာင္းတက္ေနၾကတဲ့ ကေလးငယ္ေတြအတြက္ ေက်ာင္းျပန္လည္တက္ခြင့္ ရမရဆိုတာကလည္း မေသခ်ာေသးတဲ့အေျခအေနပါ။ျမန္မာႏိုင္ငံ ရွမ္းျပည္တာခ်ီလိတ္ဘက္ကေန နယ္စပ္ျဖတ္ေက်ာ္ျပီး ထိုင္းေျမာက္ပုိင္းမဲဆုိင္ျမိုဘက္ကို ထုိင္းေက်ာင္းလာတက္တဲ့ေက်ာင္းသားေက်ာင္းသူေပါင္း တစ္ေထာင္ထက္မနည္းရွိတယ္လုိ႔ လည္း ထုိင္းဘက္ကဆုိပါတယ္။
.................
မြန်မာ ၅၀ ထက်မနည်း ထိုင်းမြောက်ပိုင်းနယ်စပ်မှာ ခိုးဝင်မှုနဲ့ ဖမ်းဆီးခံရ
(Unicode)
ကိုဗစ်၁၉ အရေးပေါ်ကာလ နယ်စပ်တွေ ပိတ်ထားချိန် ထိုင်းကျောင်းတက်နေတဲ့ကလေးများကို နယ်စပ်လမ်းတွေကနေ ပြန်ပို့နေတဲ့ မြန်မာနိုင်ငံသား ကျောင်းသားမိဘတွေနဲ့ ထိုင်းဘက်ကိုခိုးဝင်လာသူ လူ ၅၀ထက်မနည်း ဒီရက်ပိုင်းမှာ ဖမ်းဆီးခံနေရပါတယ်။ ဒီသတင်းကို VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေသတင်းပေးပို့ ထားပါတယ်။
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့၊ ကော့ချန်း နယ်စပ် တရားမဝင် လမ်းတွေကနေ ချောင်းဖြတ်ကူးလာနေကြတဲ့ ကလေးငယ်တွေပါဝင်တဲ့ မြန်မာမိသားစုတွေနဲ့ အလုပ်သမားတွေ အပါအဝင် အုပ်စုလိုက်ဝင်လာကြတဲ့ လူ၄၀ ကျော်ကို ထိုင်းအမှတ် ၃ ထိုင်းနယ်ခြားစောင့်စစ်တပ်ဖွဲ့က ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အလားတူပဲ ထိုင်းတောင်ပိုင်း ကမ်ချနဘူရီခရိုင်ဘက်ကို ဝင်လာသူ မြန်မာတွေကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံသားတွေကို တောလမ်းကနေ ကားနဲ့တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း လူကုန်ကူးမှုနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင်လ (၁) ရက်နေ့မှာ စာသင်ကျောင်း တွေပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်မှာ ပညာသင်ကြားနေကြတဲ့ မြန်မာနိုင်ငံသားကလေးတွေကို သူတို့ရဲ့ မိဘတွေက တရားမဝင် တောလမ်းတွေကနေ ထိုင်းကျောင်းတက်နိုင်ဖို့ မဲဆိုင်နဲ့ ကမ်ချနဘူရီနယ်စပ်မှာ နယ်စပ်လမ်းတွေကိုသုံးပြီး ပြန်လာပို့နေကြတာပါ ။
မြန်မာရွှေပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်ကတော့ဒီကာလမှာ မြန်မာတွေပြန်မလာသေးဖို့ သတိပေးစကားပြောခဲ့ပါတယ်။
“အရင်တုန်းက သာမန်အချိန်တုန်းက ထိုင်းနဲ့ မြန်မာကီလို ၁၄၀၀ကျော်နယ်စပ်တလျှောက်က သွားလို့ လာလို့ရတဲ့ ဝင်ပေါက် ထွက်ပေါက်တွေရှိတယ်။ အဲဒီ ဝင်ပေါက်ထွက်ပေါက်တွေကနေ သွားလို့ လာလို့ရတယ် ထင်ပြီး မြန်မာပြည်ပြန်သွားပြီးတော့ အခုပြန်ဝင်လာတဲ့သူတွေအတွက် အရမ်းစိုရိမ်စရာကောင်းပါတယ်။ ထိုင်းနိုင်ငံကလည်း သူတို့ နိုင်ငံထဲကို ကိုဗစ်ကာလမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ တားမြစ်ထားတဲ့ ဥပဒေတွေရှိလို့ တကယ်လို့ ပြန်လာလို့ရတယ်ထင်ပြီး ဝင်လာတာရှိရင် ဖမ်းဆီးခံရတာတွေရှိမယ်။ ဒဏ်ရိုက်ခံရိုက်တာတွေရှိမယ် ၊ ပြီးရင် နေရပ်ရင်းကိုပြန်ပို့တဲ့ အစီအစဉ်တွေနဲ့ လုပ်နေတာရှိလို့ ကျောင်းသား မိဘတွေပဲဖြစ်ဖြစ် ၊ ရွှေ့ပြောင်းအလုပ်သမားတွေပဲဖြစ်ဖြစ် တရားမဝင်တဲ့နယ်စပ်အပေါက်တွေကနေ ဒီကာလမှာ လုံးဝပြန်မဝင်လာပါနဲ့လို့ပြောချင်ပါတယ်။”
ထိုင်း-မြန်မာနယ်စပ် အဝင်အထွက်တွေ ပိတ်ထားဆဲမို့ နယ်စပ်လမ်းတွေမှာ စစ်တပ်တွေက စောင့်ကြည့် စစ်ဆေးနေကြတာပါ။ တချိုနေရာတွေမှာဆိုရင် မှန်ဘီလူးနဲ့ ကြည့်နေပြီး ဝင်လာသူတွေရှိတာနဲ့ ဖမ်းဆီးနေပါတယ် ။
အခုလို ဖမ်းဆီးလိုက်တဲ့ မိသားစုတွေအနေနဲ့ တဦးကိုဘတ်ငွေ ၅ထောင် ဒဏ်ရိုက်ခံရမယ့်အပြင် ရောဂါပိုးရှိမရှိ စစ်ဆေးစောင့်ကြည့်ခံရတာတွေခံရပြီးရင်တော့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရမှာဖြစ်ပါတယ်။ ဒီမိသားစုတွေဟာ ကျောင်းတွေ ပိတ်ထားချိန် ထိုင်းကျောင်းမှာ ပညာသင်ကြားနေတဲ့သူတို့ရဲ့ သားသမီးတွေကို ခေါ်ပြီး မြန်မာနိုင်ငံဘက်ကို ပြန်သွားကြသူတွေဖြစ်ပါတယ်။
ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုပေမယ့် အခုလို မြန်မာနိုင်ငံဘက်ကနေ နေ့စဉ်လာရောက် ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေအတွက် ကျောင်းပြန်လည်တက်ခွင့် ရမရဆိုတာကလည်း မသေချာသေးတဲ့အခြေအနေပါ။မြန်မာနိုင်ငံ ရှမ်းပြည်တာချီလိတ်ဘက်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းမြောက်ပိုင်းမဲဆိုင်မြိုဘက်ကို ထိုင်းကျောင်းလာတက်တဲ့ကျောင်းသားကျောင်းသူပေါင်း တစ်ထောင်ထက်မနည်းရှိတယ်လို့ လည်း ထိုင်းဘက်ကဆိုပါတယ်။