သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧရာ၀တီတုိင္းက အပန္းေျဖကမ္းေျခေတြ ျပန္ဖြင့္ေတာ့မည္


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကာလမွာ ပိတ္ထားရတဲ့ ဧရာဝတီတုိင္းက အပမ္းေျဖကမ္းေျခေတြကုိ ျပန္လည္ဖြင့္လွစ္ဖုိ႔ စီစဥ္ေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

၃ လေက်ာ္ၾကာ ပိတ္ထားတဲ့ ေခ်ာင္းသာ၊ ေငြေဆာင္၊ ေရႊေသာင္ယံနဲ႔ ေဂၚရင္ဂ်ီ ကမ္းေျခ ေဒသေတြကုိ ျပန္လည္ ဖြင့္လွစ္ဖုိ႔ ဧရာ၀တီတုိင္း အစုိးရက စီစဥ္ေနတာပါ။ ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ပိတ္ထားရတဲ့အတြက္ ခရီးသြားေတြကုိ အားထားေနတဲ့ လုပ္ငန္းေတြနဲ႔ ၀န္ထမ္းေတြ အခက္အခဲေတြနဲ႔လည္း ႀကံဳခဲ့ရၿပီးေနာက္ ျပန္လည္ဖြင့္လွစ္ဖုိ႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း လုပ္ငန္းေတြ ျပန္လည္ဖြင့္လွစ္တဲ့အခါ က်န္းမာေရးအတြက္ ကာကြယ္ေရး အစီအမံေတြကုိ လုိက္နာရမွာ ျဖစ္ေၾကာင္းလည္း ဧရာဝတီတုိင္း စည္ပင္သာယာေရးဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာပါတယ္။

“ဟုိတယ္ေတြ၊ ကမ္းေျခေတြ ျပန္လည္ဖြင့္လွစ္တဲ့ေနရာမွာ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြကုိ က်ေနာ္တို႔အတည္ျပဳၿပီးထုတ္ျပန္ေပးလိုက္ေတာ့ ဒါေတြနဲ႔ညီညြတ္ေအာင္ ဟုိတယ္ေတြက အရင္ျပင္ဆင္ရမယ္။ ျပင္ဆင္ၿပီးရင္ သက္ဆုိင္ရာတုိင္းအဆင့္ ဌာနေတြကုိ အေၾကာင္းၾကားရမယ္။ စစ္ေဆးေရးအဖြဲ႕ေတြက သတ္မွတ္ခ်က္ေတြနဲ႔ညီ မညီစစ္ေဆးမယ္။ ျပည့္ျပည့္စံုစံု ျပင္ဆင္ထားၿပီ ဆုိလို႔ရွိရင္ တိုင္းအစိုးရကုိတင္ျပၿပီး တုိင္းအစုိးရကေနၿပီးေတာ့ ဖြင့္လွစ္ခြင့္အမိန္႔ထုတ္ေပးမယ္ေပါ့။”

သတ္မွတ္ခ်က္ေတြအတုိင္း လုပ္ငန္းရွင္ေတြက ျပင္ဆင္ဖုိ႔နဲ႔ တာဝန္ရွိသူေတြက လိုက္လံစစ္ေဆးဖုိ႔ လုပ္ငန္းစဥ္ေတြ ၿပီးဆုံးမွသာ ဖြင့္လွစ္ခြင့္ရမွာ ျဖစ္တာေၾကာင့္ ရက္အတိအက်ေတာ့ မသိရေသးဘူးလုိ႔လည္း ေျပာပါတယ္။

အပမ္းေျဖ ကမ္းေျခေတြနဲ႔ လုပ္ငန္းေတြ ျပန္ဖြင့္ေပးဖုိ႔ ျပင္ဆင္ေနေပမဲ့လည္း ျမန္မာႏုိင္ငံ အပါအ၀င္ ကမာၻတ၀န္းမွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အစီအမံေတြ ရွိေနဆဲ ျဖစ္သလုိ၊ မုိးတြင္းကာလ ေရာက္လၿပီ ျဖစ္တာေၾကာင့္ ခရီးသြားေတြ မ်ားမ်ားစားစား ေရာက္လာဖုိ႔ ေမွ်ာ္လင့္မထားေၾကာင္း ျမန္မာႏုိင္ငံခရီးသြား လုပ္ငန္းေကာ္မတီရဲ႕ ေျပာခြင့္ရ ဦးသက္လြင္တုိးက VOA ကိုေျပာပါတယ္။

“ဒီအခ်ိန္က ကမ္းေျခေဒသကေတာ့ မုိးတြင္းလည္းျဖစ္တယ္။ ေက်ာင္းေတြလည္း ျပန္ဖြင့္ေတာ့မယ္ ဆုိေတာ့ Domestic Traveler ေတြကေတာ့ သိပ္အမ်ားႀကီးသြားဦးမွာမဟုတ္ဘူးေလ။ စီးပြားေရးအေျခအေနလည္း ပါဦးမွာေပါ့ေနာ္။ အဓိကေတာ့ Service Provider ေတြက ဧည့္သည္လာမွပဲ အလုပ္ျဖစ္တာဆုိေတာ့ သူတုိ႔ရွင္သန္ရပ္တည္ႏုိင္ေရးအတြက္လည္း ဒါရည္စူးၿပီး လုပ္တာလည္း ျဖစ္မွာေပါ့ေနာ္။ ဒါေပမယ့္ ခုနကေျပာသလို ဒီအခ်ိန္မွာ အမ်ားႀကီး အျပံဳလိုက္ သြားဖို႔ကလည္း မသင့္ေတာ္ေသးသလို၊ သြားဖို႔အေျခအေနေတြ ကလည္း က်ေနာ္တို႔ သိသေလာက္ကေတာ့ သူ႔အစုကိုယ့္အစုေလးေလာက္ပဲ သြားၾကတုန္းပဲေပါ့ေနာ္။ ဒီ Package Tour ႀကီးေတြနဲ႔အုပ္စုလိုက္ သြားတာမ်ိဳးေတြကေတာ့ သိပ္မလြယ္ေသးဘူးထင္ပါတယ္။”

ဧရာဝတီတုိင္းအတြင္း ခရီးသြားလာႏုိင္ဖို႔အတြက္ သက္ဆုိင္ရာကေန ခရီးသြားေထာက္ခံခ်က္ ယူလာရမယ္လို႔လည္း တုိင္းအစုိးရက ထုတ္ျပန္ထားပါတယ္။ COVID- 19 အမ်ိဳးသားအဆင့္ ဗဟုိေကာ္မတီကလည္း ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ႏုိင္ဖို႔အတြက္ ထုတ္ျပန္ထားတဲ့အမိန္႔ ညႊန္ၾကားခ်က္ေတြကုိ ဇူလိုင္လကုန္အထိ လုိက္နာေဆာင္ရြက္ဖို႔ ရက္တုိးသတ္မွတ္ထားပါတယ္။

အျပည္ျပည္ဆုိင္ရာ ေငြေၾကးရန္ပံုေငြအဖဲြ႔ (IMF) ရဲ႕ ၿပီးခဲ့တဲ့လကုန္ပုိင္း ထုတ္ျပန္ခ်က္အရ ကပ္ေဘးဒဏ္ကာလ ျမန္မာႏိုင္ငံမွာ ခရီးသြားလုပ္ငန္းေတြကို သိသိသာသာ ႐ုိက္ခတ္ခဲ့ေၾကာင္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေ ပြန်ဖွင့်တော့မည်

(Unicode)

COVID-19 ကပ်ရောဂါကာလမှာ ပိတ်ထားရတဲ့ ဧရာဝတီတိုင်းက အပမ်းဖြေကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

၃ လကျော်ကြာ ပိတ်ထားတဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီ ကမ်းခြေ ဒေသတွေကို ပြန်လည် ဖွင့်လှစ်ဖို့ ဧရာဝတီတိုင်း အစိုးရက စီစဉ်နေတာပါ။ ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ပိတ်ထားရတဲ့အတွက် ခရီးသွားတွေကို အားထားနေတဲ့ လုပ်ငန်းတွေနဲ့ ဝန်ထမ်းတွေ အခက်အခဲတွေနဲ့လည်း ကြုံခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ ကျန်းမာရေးအတွက် ကာကွယ်ရေး အစီအမံတွေကို လိုက်နာရမှာ ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

“ဟိုတယ်တွေ၊ ကမ်းခြေတွေ ပြန်လည်ဖွင့်လှစ်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကျနော်တို့အတည်ပြုပြီးထုတ်ပြန်ပေးလိုက်တော့ ဒါတွေနဲ့ညီညွတ်အောင် ဟိုတယ်တွေက အရင်ပြင်ဆင်ရမယ်။ ပြင်ဆင်ပြီးရင် သက်ဆိုင်ရာတိုင်းအဆင့် ဌာနတွေကို အကြောင်းကြားရမယ်။ စစ်ဆေးရေးအဖွဲ့တွေက သတ်မှတ်ချက်တွေနဲ့ညီ မညီစစ်ဆေးမယ်။ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပြီ ဆိုလို့ရှိရင် တိုင်းအစိုးရကိုတင်ပြပြီး တိုင်းအစိုးရကနေပြီးတော့ ဖွင့်လှစ်ခွင့်အမိန့်ထုတ်ပေးမယ်ပေါ့။”

သတ်မှတ်ချက်တွေအတိုင်း လုပ်ငန်းရှင်တွေက ပြင်ဆင်ဖို့နဲ့ တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးဖို့ လုပ်ငန်းစဉ်တွေ ပြီးဆုံးမှသာ ဖွင့်လှစ်ခွင့်ရမှာ ဖြစ်တာကြောင့် ရက်အတိအကျတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

အပမ်းဖြေ ကမ်းခြေတွေနဲ့ လုပ်ငန်းတွေ ပြန်ဖွင့်ပေးဖို့ ပြင်ဆင်နေပေမဲ့လည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ ကပ်ရောဂါထိန်းချုပ်ရေး အစီအမံတွေ ရှိနေဆဲ ဖြစ်သလို၊ မိုးတွင်းကာလ ရောက်လပြီ ဖြစ်တာကြောင့် ခရီးသွားတွေ များများစားစား ရောက်လာဖို့ မျှော်လင့်မထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကော်မတီရဲ့ ပြောခွင့်ရ ဦးသက်လွင်တိုးက VOA ကိုပြောပါတယ်။

“ဒီအချိန်က ကမ်းခြေဒေသကတော့ မိုးတွင်းလည်းဖြစ်တယ်။ ကျောင်းတွေလည်း ပြန်ဖွင့်တော့မယ် ဆိုတော့ Domestic Traveler တွေကတော့ သိပ်အများကြီးသွားဦးမှာမဟုတ်ဘူးလေ။ စီးပွားရေးအခြေအနေလည်း ပါဦးမှာပေါ့နော်။ အဓိကတော့ Service Provider တွေက ဧည့်သည်လာမှပဲ အလုပ်ဖြစ်တာဆိုတော့ သူတို့ရှင်သန်ရပ်တည်နိုင်ရေးအတွက်လည်း ဒါရည်စူးပြီး လုပ်တာလည်း ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ခုနကပြောသလို ဒီအချိန်မှာ အများကြီး အပြုံလိုက် သွားဖို့ကလည်း မသင့်တော်သေးသလို၊ သွားဖို့အခြေအနေတွေ ကလည်း ကျနော်တို့ သိသလောက်ကတော့ သူ့အစုကိုယ့်အစုလေးလောက်ပဲ သွားကြတုန်းပဲပေါ့နော်။ ဒီ Package Tour ကြီးတွေနဲ့အုပ်စုလိုက် သွားတာမျိုးတွေကတော့ သိပ်မလွယ်သေးဘူးထင်ပါတယ်။”

ဧရာဝတီတိုင်းအတွင်း ခရီးသွားလာနိုင်ဖို့အတွက် သက်ဆိုင်ရာကနေ ခရီးသွားထောက်ခံချက် ယူလာရမယ်လို့လည်း တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ COVID- 19 အမျိုးသားအဆင့် ဗဟိုကော်မတီကလည်း ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့အမိန့် ညွှန်ကြားချက်တွေကို ဇူလိုင်လကုန်အထိ လိုက်နာဆောင်ရွက်ဖို့ ရက်တိုးသတ်မှတ်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ပြီးခဲ့တဲ့လကုန်ပိုင်း ထုတ်ပြန်ချက်အရ ကပ်ဘေးဒဏ်ကာလ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကို သိသိသာသာ ရိုက်ခတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG