သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ကူးစက္သူ ၁ ဦးထပ္တုိး၊ စုစုေပါင္း ၃၁၈ ဦးရွိ


က်န္းမာေရး၀န္ထမ္းမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကုိရုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ ၁ ဦး စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇူလုိင္လ ၉ ရက္ေန႔ မနက္ ၈ နာရီမွာ ေၾကညာလုိက္တာေၾကာင့္ အခုခ်ိန္ထိ ေရာဂါပုိးကူးစက္သူ စုစုေပါင္း ၃၁၈ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ေတြ႔ရွိတဲ့လူနာ ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္ကျဖစ္ၿပီး အိႏၵိယက ျပန္လာသူျဖစ္တယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ သူ႔ကုိေတာ့ ေလာေလာဆယ္ တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံမွာ ကုသမႈေပးေနတယ္လုိ႔ ဆုိပါတယ္။

ဇူလုိင္လ ၈ ရက္ေန႔က အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲမႈဆုိင္ရာဌာန (ရန္ကုန္)၊ ေဆးသုေတသန ဦးစီးဌာန (DMR)၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (မႏၱေလး) ၊ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆုိင္ရာဌာန (ေမာ္လၿမိဳင္) နဲ႔ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ ေဆးရုံႀကီးတုိ႔မွာ စုစုေပါင္း ဓာတ္ခြဲမႈနမူနာ ၁,၆၈၈ ဦးတုိ႔ကုိ စမ္းသပ္ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္မွာ ေရာဂါပုိး ကူးစက္ေနသူကုိ ေတြ႔ရွိခဲ့တာပါ။ ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲမွာ ေသဆံုးသြားသူကေတာ့ ၆ ဦးရွိခဲ့ၿပီ ျဖစ္ပါတယ္။

...........

မြန်မာမှာ ကိုဗစ်ကူးစက်သူ ၁ ဦးထပ်တိုး၊ စုစုပေါင်း ၃၁၈ ဦးရှိ

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၈ နာရီမှာ ကြေညာလိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၃၁၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခု အသစ်တွေ့ရှိတဲ့လူနာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကဖြစ်ပြီး အိန္ဒိယက ပြန်လာသူဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူ့ကိုတော့ လောလောဆယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသန ဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီးတို့မှာ စုစုပေါင်း ဓာတ်ခွဲမှုနမူနာ ၁,၆၈၈ ဦးတို့ကို စမ်းသပ် စစ်ဆေးခဲ့ပြီးတဲ့နောက်မှာ ရောဂါပိုး ကူးစက်နေသူကို တွေ့ရှိခဲ့တာပါ။ ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးသွားသူကတော့ ၆ ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG