သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်ဓာတ်ခွဲ အတည်ပြု စုစုပေါင်း ၁၄၀,၁၄၅ ဦး၊ သေဆုံး ၃,၁၃၁ ဦး


ရန်ကုန် ဧရာဝတီ ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန် ဧရာဝတီ ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၂၈၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၄၀,၁၄၅ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၆ ဦး ရှိတာကြောင့် အခုထိ သေဆုံးသူ စုစုပေါင်း ၃,၁၃၁ ယောက် ရှိပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁၆,၂၇၉ ခု စစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂,၃၉၀,၃၄၇ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၂၅,၀၇၂ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ တွေ့ရတဲ့ အတည်ပြုလူနာစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၈၇,၁၄၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရောဂါကူးစက်သူ ၁၇,၃၈၅ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဇန်နဝါရီလကုန် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းက သိသိသာသာ ကျဆင်းလာသလို အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူကလည်း ၈၉ ရာခိုင်နှုန်းဝန်းကျင် ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

COVID-19 ကာကွယ်ဆေးထိုးနှံပေးတဲ့ အစီအစဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နေပြီး ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ၃,၄၅၃ ယောက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

-----------------------

(Unicode)







XS
SM
MD
LG