သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေျခခံပညာေက်ာင္းစာသင္ခ်ိန္တိုးမႈ ကန္႔ကြက္မႈႀကံဳ


(Zawgyi / Unicode)

ပညာေရးဝန္ႀကီးဌာနရဲ႕ အေျခခံပညာေက်ာင္းစာသင္ခ်ိန္ တလတိုုးတဲ့ အစီအစဥ္ဟာ ျမန္မာႏိုုင္ငံရဲ႕ ပညာေရးစနစ္ ကိုု ထပ္မံဖ်က္ဆီးမယ့္အစီအစဥ္တခုုလိုု႔ ပညာေရး အသိုုင္းအဝိုုင္း က ျပင္းျပင္းထန္ထန္ေဝဖန္ ၾကသလို ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ ကေတာ့ စနစ္တက် စီမံခ်က္ခ် လုပ္ေဆာင္ဖုိ႔ ေတာင္းဆိုလုိက္ပါတယ္။ ဗီြအိုုေအသတင္းေထာက္ေမခက စုုစည္း တင္ျပထားပါတယ္။

အေျခခံပညာေက်ာင္းစာသင္ခ်ိန္ကို မတ္လကုန္အထိ ေက်ာင္းတက္ရက္ တလတိုုးတဲ့ အစီအစဥ္ဟာ ျမန္မာႏိုုင္ငံရဲ႕ ပညာေရးစနစ္ ကိုု ထပ္မံဖ်က္ဆီးမယ့္အစီအစဥ္တခုုသာ ျဖစ္ၿပီး ဘယ္သူ႔အတြက္မွ အက်ိဳးမရွိတဲ့ အစီအစဥ္တခုု ျဖစ္ေနတယ္လိုု႔ တကၠသိုုလ္ ဆရာမ်ားသမဂၢ ကုုိယ္စားျပဳ ေကာ္မတီ က အဖြဲ႔ဝင္ အေရွ႔ပိုုင္းတကၠသိုုလ္ သမိုုင္းဘာသာ ကထိက ဦးသန္းထိုုက္ေအာင္က ေျပာပါတယ္။

“ဘယ္သူ႔အတြက္မွ အက်ိဳးမျဖစ္ဘူး။ ဆိုလိုတာက မိဘေတြအတြက္လည္း အက်ိဳးမျဖစ္ဘူး။ဆရာ၊ဆရာမ၊ ေက်ာင္းသူ၊ေက်ာင္းသားအတြက္ေကာ အက်ိဳးမရွိဘူး။ အက်ိဳးမရွိတာကိုုလုုပ္တာက ပညာေရးကိုုတိုုးတက္ေအာင္လုုပ္တာမဟုုတ္ဘူး။ ဖ်က္လိုုဖ်က္ဆီး လုုပ္တာဘဲ။ သူ တိုု႔အယူအဆမွာကိုုက စာသင္ခ်ိန္တိုုးတာက စာပိုုတတ္တယ္လိုု႔မ်ား ထင္ေနလိုု႔လားမသိဘူး။ တျခားႏိုင္ငံမွာ ၾကည့္ရင္သိပါတယ္ေနာ္ေဝတိုု႔ ဆြီဒင္တိုု႔မွာဆိုုရင္ စာသင္ခ်ိန္ ေတြကိုုေတာင္ ေတာ္ေတာ္ေလ်ာ့ၿပီးေတာ့ ပညာေရးကို လုပ္ေဆာင္ေနတာ။”

မတ္လကုန္အထိ ေက်ာင္းတက္ရက္တိုုးတဲ့ သတ္မွတ္ခ်က္အရ အေျခခံ ပညာေက်ာင္းေတြဟာ မတ္လကုုန္ အထိ ဖြင့္လွစ္ရေတာ့ မွာျဖစ္ပါတယ္။ ဒီႏွစ္ ပညာသင္ႏွစ္အစထဲက တိုုးဖိုု႔ေၾကညာထားေပမယ့္ ခုုခ်ိန္ထိညႊန္ၾကားခ်က္ တိတိပပထုုတ္ျပန္ႏိုုင္တာမရွိေသးသလိုု တိုုးျမင့္မယ့္ အခ်ိန္အတြက္ သင္ရိုုး ညႊန္းတမ္း သီးျခားေရးဆြဲထား တာမရွိ တာ၊ လက္ရွိေရးဆြဲထားတဲ့ သင္ရိုးကလည္း လာမယ့္ ေဖေဖာ္ဝါရီ အထိသာ ေရးဆြဲထားတာေၾကာင့္ ဒီအစီအစဥ္အေပၚ ဘဝင္မက်မႈေတြ အေတာ္ေလး ထြက္ေပၚေနတာပါ။

ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္(MTF) က ေဒါက္တာမိုုးေအာင္ကေတာ့ ပညာေရးဝန္ႀကီးဌာန အေနနဲ႔လက္ရွိ ပကတိ ပညာေရး အေျခအေနကိုု ထည္႔သြင္းစဥ္းစားဖိုု႔၊ စီမံခ်က္တိတိက်က် မရွိဘဲ လုုပ္ေဆာင္တာေတြ မလုုပ္ဖိုု႔ ေတာင္းဆိုုလိုုက္ပါ တယ္။

“ စီမံခ်က္မရွိ ၿဗံဳန္းတိုင္းထလုပ္တာေတြကေတာ့ ဘာမွ ပညာေရးကို ဘာမွ တိုးတက္မႈ ျဖစ္မလာပဲနဲ႔ ေပါ့ေစလိုုလိုု႔ ေၾကာင္ရုုပ္ ထိုုးကာမွ ေဆးေၾကာင့္ေလးတဲ့ အေျခအေနဘဲျဖစ္လာမွာပါဘဲ။ ဆရာဆရာမေတြ၊ မိဘေတြ၊ ေက်ာင္းသူေက်ာင္း သားေတြ အဆင္မေျပပါဘူးေျပာတဲ့စကားကိုု အေလးနက္ထားညိွႏိႈင္းသင့္တယ္။”

ဒီသတ္မွတ္ခ်က္အရ စတုုတၳတန္း၊ အဌမတန္း နဲ႔ တကၠသိုုလ္ဝင္တန္း ကလြဲၿပီး က်န္အတန္းေတြဟာ မတ္လ ၃၁ ရက္ေန႔ အထိေက်ာင္းတက္ရမွာျဖစ္ပါတယ္။

ဒီႏွစ္ပညာသင္ႏွစ္ကေနစၿပီး အေျခခံပညာအတန္းမ်ားရဲ႕ ႏွစ္ဆံုုး စာေမးပြဲေတြကိုု မတ္လ ေနာက္ဆုံး ပတ္တြင္ စစ္ေဆးသြားမယ္လုုိ႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက သတင္းမီဒီယာေတြ ကိုု ေျပာဆိုုထားပါတယ္။မၾကာခင္ က်င့္သံုုးေတာ့မယ့္ ဒီအစီအစဥ္ကိုု ဒီႏွစ္ ပညာသင္ႏွစ္အစမွာ ေၾကညာထားေပ မယ့္ တိက်ခိုင္မာတဲ့ ပညာေရးသေဘာတရား၊ မူဝါဒဆိုုင္ရာ တိက်တဲ့ စနစ္ခ်က္ေတြကိုုခ်ျပႏိုုင္တာ မရွိေသးပါဘူး။ အေကာင္အထည္ေဖာ္ၾကရမယ့္ ဆရာ၊ ဆရာမေတြကိုုယ္တိုုင္ ဒီအစီအစဥ္ကိုု တိက်မသိေသးဘူး လိုု႔ ျဖဴးၿမိဳ႕ အမ်ိဳးသားအထက္တန္းေက်ာင္းက အလယ္တန္းျပဆရာမတဦးက ဗီြအိုုေအကိုု ေျပာပါတယ္။

“တိတိက်က်မသိေသးဘူး။ မိဘေတြကေတာ့ အဲလိုု တက္ရမယ္အသံထြက္တယ္ေျပာေနၾကတာဘဲ။ တကယ္တက္ရမယ္၊ မတက္ရဘူးဆိုုတဲ့စာကေတာ့မဝင္ေသးဘူး”

ေက်ာင္းသား၊ မိဘ၊ ဆရာေတြ အခက္အခဲ သေဘာထားတင္ျပမႈမပါဘဲ စာသင္ကာလ အတင္း အဓမၼတိုးတာကိုု ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ျပင္ဆင္မေပးရင္ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲ႐ုံတာဝန္ထမ္း မွာ မဟုုတ္ဘူး လိုု႔ ျမန္မာနိုင္ငံလုံးဆိုင္ရာဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္(MTF)က ထုုတ္ျပန္ထားပါတယ္။ ဒီလိုုထုုတ္ျပန္တာဟာ ပညာေရး ဝန္ႀကီးဌာနဘက္က ညိွႏိႈင္းလုုပ္ေဆာင္တဲ့ သေဘာသဘာဝကိုု လက္ခံလာေစဖိုု႔ လုုပ္ေဆာင္တာျဖစ္ တယ္လိုု႔ ေဒါက္တာမိုုးေအာင္က ေျပာပါတယ္။

အရင္က အေျခခံပညာ သူငယ္တန္းမွ နဝမတန္း ေတြရဲ႕ ႏွစ္ဆံုုးစာေမးပြဲေတြကိုုေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္မွာ လုုပ္ေလ့ရွိၿပီး မတ္လမွ ဇြန္ထိ ေႏြေက်ာင္းပိတ္ကာလ အေနနဲ႔ သံုုးလ သတ္မွတ္ထား ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

အခြေခံပညာကျောင်းစာသင်ချိန်တိုးမှု ကန့်ကွက်မှုကြုံ

(Unicode)

ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းစာသင်ချိန် တလတိုးတဲ့ အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကို ထပ်မံဖျက်ဆီးမယ့်အစီအစဉ်တခုလို့ ပညာရေး အသိုင်းအဝိုင်း က ပြင်းပြင်းထန်ထန်ဝေဖန် ကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် ကတော့ စနစ်တကျ စီမံချက်ချ လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဗွီအိုအေသတင်းထောက်မေခက စုစည်း တင်ပြထားပါတယ်။

အခြေခံပညာကျောင်းစာသင်ချိန်ကို မတ်လကုန်အထိ ကျောင်းတက်ရက် တလတိုးတဲ့ အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကို ထပ်မံဖျက်ဆီးမယ့်အစီအစဉ်တခုသာ ဖြစ်ပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အစီအစဉ်တခု ဖြစ်နေတယ်လို့ တက္ကသိုလ် ဆရာများသမဂ္ဂ ကိုယ်စားပြု ကော်မတီ က အဖွဲ့ဝင် အရှေ့ပိုင်းတက္ကသိုလ် သမိုင်းဘာသာ ကထိက ဦးသန်းထိုက်အောင်က ပြောပါတယ်။

“ဘယ်သူ့အတွက်မှ အကျိုးမဖြစ်ဘူး။ ဆိုလိုတာက မိဘတွေအတွက်လည်း အကျိုးမဖြစ်ဘူး။ဆရာ၊ဆရာမ၊ ကျောင်းသူ၊ကျောင်းသားအတွက်ကော အကျိုးမရှိဘူး။ အကျိုးမရှိတာကိုလုပ်တာက ပညာရေးကိုတိုးတက်အောင်လုပ်တာမဟုတ်ဘူး။ ဖျက်လိုဖျက်ဆီး လုပ်တာဘဲ။ သူ တို့အယူအဆမှာကိုက စာသင်ချိန်တိုးတာက စာပိုတတ်တယ်လို့များ ထင်နေလို့လားမသိဘူး။ တခြားနိုင်ငံမှာ ကြည့်ရင်သိပါတယ်နော်ဝေတို့ ဆွီဒင်တို့မှာဆိုရင် စာသင်ချိန် တွေကိုတောင် တော်တော်လျော့ပြီးတော့ ပညာရေးကို လုပ်ဆောင်နေတာ။”

မတ်လကုန်အထိ ကျောင်းတက်ရက်တိုးတဲ့ သတ်မှတ်ချက်အရ အခြေခံ ပညာကျောင်းတွေဟာ မတ်လကုန် အထိ ဖွင့်လှစ်ရတော့ မှာဖြစ်ပါတယ်။ ဒီနှစ် ပညာသင်နှစ်အစထဲက တိုးဖို့ကြေညာထားပေမယ့် ခုချိန်ထိညွှန်ကြားချက် တိတိပပထုတ်ပြန်နိုင်တာမရှိသေးသလို တိုးမြင့်မယ့် အချိန်အတွက် သင်ရိုး ညွှန်းတမ်း သီးခြားရေးဆွဲထား တာမရှိ တာ၊ လက်ရှိရေးဆွဲထားတဲ့ သင်ရိုးကလည်း လာမယ့် ဖေဖော်ဝါရီ အထိသာ ရေးဆွဲထားတာကြောင့် ဒီအစီအစဉ်အပေါ် ဘဝင်မကျမှုတွေ အတော်လေး ထွက်ပေါ်နေတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)က ဒေါက်တာမိုးအောင်ကတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့လက်ရှိ ပကတိ ပညာရေး အခြေအနေကို ထည့်သွင်းစဉ်းစားဖို့၊ စီမံချက်တိတိကျကျ မရှိဘဲ လုပ်ဆောင်တာတွေ မလုပ်ဖို့ တောင်းဆိုလိုက်ပါ တယ်။

“ စီမံချက်မရှိ ဗြုံန်းတိုင်းထလုပ်တာတွေကတော့ ဘာမှ ပညာရေးကို ဘာမှ တိုးတက်မှု ဖြစ်မလာပဲနဲ့ ပေါ့စေလိုလို့ ကြောင်ရုပ် ထိုးကာမှ ဆေးကြောင့်လေးတဲ့ အခြေအနေဘဲဖြစ်လာမှာပါဘဲ။ ဆရာဆရာမတွေ၊ မိဘတွေ၊ ကျောင်းသူကျောင်း သားတွေ အဆင်မပြေပါဘူးပြောတဲ့စကားကို အလေးနက်ထားညှိနှိုင်းသင့်တယ်။”

ဒီသတ်မှတ်ချက်အရ စတုတ္ထတန်း၊ အဌမတန်း နဲ့ တက္ကသိုလ်ဝင်တန်း ကလွဲပြီး ကျန်အတန်းတွေဟာ မတ်လ ၃၁ ရက်နေ့ အထိကျောင်းတက်ရမှာဖြစ်ပါတယ်။

ဒီနှစ်ပညာသင်နှစ်ကနေစပြီး အခြေခံပညာအတန်းများရဲ့ နှစ်ဆုံး စာမေးပွဲတွေကို မတ်လ နောက်ဆုံး ပတ်တွင် စစ်ဆေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သတင်းမီဒီယာတွေ ကို ပြောဆိုထားပါတယ်။မကြာခင် ကျင့်သုံးတော့မယ့် ဒီအစီအစဉ်ကို ဒီနှစ် ပညာသင်နှစ်အစမှာ ကြေညာထားပေ မယ့် တိကျခိုင်မာတဲ့ ပညာရေးသဘောတရား၊ မူဝါဒဆိုင်ရာ တိကျတဲ့ စနစ်ချက်တွေကိုချပြနိုင်တာ မရှိသေးပါဘူး။ အကောင်အထည်ဖော်ကြရမယ့် ဆရာ၊ ဆရာမတွေကိုယ်တိုင် ဒီအစီအစဉ်ကို တိကျမသိသေးဘူး လို့ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းက အလယ်တန်းပြဆရာမတဦးက ဗွီအိုအေကို ပြောပါတယ်။

“တိတိကျကျမသိသေးဘူး။ မိဘတွေကတော့ အဲလို တက်ရမယ်အသံထွက်တယ်ပြောနေကြတာဘဲ။ တကယ်တက်ရမယ်၊ မတက်ရဘူးဆိုတဲ့စာကတော့မဝင်သေးဘူး”

ကျောင်းသား၊ မိဘ၊ ဆရာတွေ အခက်အခဲ သဘောထားတင်ပြမှုမပါဘဲ စာသင်ကာလ အတင်း အဓမ္မတိုးတာကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြင်ဆင်မပေးရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်း မှာ မဟုတ်ဘူး လို့ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)က ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်တာဟာ ပညာရေး ဝန်ကြီးဌာနဘက်က ညှိနှိုင်းလုပ်ဆောင်တဲ့ သဘောသဘာဝကို လက်ခံလာစေဖို့ လုပ်ဆောင်တာဖြစ် တယ်လို့ ဒေါက်တာမိုးအောင်က ပြောပါတယ်။

အရင်က အခြေခံပညာ သူငယ်တန်းမှ နဝမတန်း တွေရဲ့ နှစ်ဆုံးစာမေးပွဲတွေကိုဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ လုပ်လေ့ရှိပြီး မတ်လမှ ဇွန်ထိ နွေကျောင်းပိတ်ကာလ အနေနဲ့ သုံးလ သတ်မှတ်ထား ခဲ့ပါတယ်။

XS
SM
MD
LG