သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် နေရပ်ပြန်


MOU အလုပ်သမားများ နစ်နာကြေးရသွားပုံ (AAC)
MOU အလုပ်သမားများ နစ်နာကြေးရသွားပုံ (AAC)

(Zawgyi/ Unicode)

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ တရားဝင် အလုပ်သွားကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေက စာချုပ်ပါ စည်းမျဉ်းအတိုင်း လုပ်မပေးကြတဲ့အတွက် အဆင်မပြေဖြစ်ပြီး ဒီလပိုင်းအတွင်းမှာပဲ မြန်မာပြည်ကို ပြန်လာကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အများစုဟာ စာချုပ်ပါစက်ရုံမှာပဲ အလုပ်လုပ်ကြရတာ မဟုတ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံကြရသလို လုပ်အားခလည်း ပုံမှန်မရကြဘူးလို့ ပြောပါတယ်။

အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့အတွက် မြန်မာပြည်ထဲက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ ၃လမပြည့်ခင်မှာဘဲ နေရပ်ပြန်လာသူတွေ ရှိလာပါတယ်။ စာချုပ်ထဲမှာပါတဲ့ စက်ရုံကိုသွားရတာမဟုတ်ပဲ နေရာပေါင်းစုံကို ပို့နေတာကြောင့် တချို့လည်း ရဲတွေလာဝင်ဖမ်းတဲ့အခါမှာ အလုပ်နဲ့ နေရာမတူဘူးဆိုပြီး ဖမ်းဆီးခံရမူတွေလည်း ကြုံနေရပါတယ်။ လုပ်အားခလစာကလည်း ပုံမှန်မရသလို အလုပ်လုပ်ရတဲ့ ရက်ကလည်း ပုံမှန်မရှိတာကို ကြုံရတာကြောင့် နယ်စပ်ကိုပြန်ဆင်းပြီး သူတို့ ပို့ခဲ့တဲ့ကုမ္ပဏီတွေကို နစ်နာကြေးပြန်ပေးဖို့ တောင်းဆိုကြပါတယ်။ အခုဆိုရင် အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာပဲ အလုပ်သမား ၂၀၀ကျော် နယ်စပ်ဆင်းလာလို့အကူ့ညီပေးနေရကြောင်း အေအေစီမဟာမိတ်အဖွဲ့က ကိုရဲမင်းက အခုလိုပြောပါတယ်။

“ထိုင်းကို MOU စနစ်နဲ့ သွားတယ် စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေပုံစံမျိုးစုံနဲ့ ချိုးဖောက်ခံရတယ် အဲဒီအလုပ်သမားတွေက လောလောဆည် ပြန်လာတာပေါ့နော်။ ထိုင်းနယ်စပ်က ကျနော်တို့ အေအေစီအဖွဲ့ကိုချိတ်ဆက်ပြီးတော့ အကူအညီတောင်းပြီး ပြည်တော်ပြန်လာတာ။ ဒီလပိုင်းမှာပဲ နှစ်ရာကျော်သွားပြီ ၂၄၀ လောက်ရှိသွားပြီ”

မြဝတီရောက်တဲ့အခါမှာကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး သူတို့ ပေးထားခဲ့တဲ့ ကျပ်ငွေ ၈သိန်းကနေ ၁၀သိန်းအထိ ပေးထားတဲ့ ငွေတွေကိုပြန်ရဖို့ အတွက်တောင်းဆိုနေကြပါတယ်။ အဲဒီကာလအတွင်းမှာ မြဝတီမြို့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ တည်းခိုနေထိုင်နေရတာကြောင့် အခုဆိုရင် မြဝတီက လူ၁၀၀ကျော်လောက်ဟာ စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမတဦး ဆိုပါတယ်။

“နန္ဒသုခကျောင်းမှာနေရတယ်၊ စားရေးသောက်ရေးကအစ အခက်အခဲရှိတယ်။ နေရေးထိုင်ရေးကအစ အခက်အခဲရှိတယ်။ ကြာလာတော့ စားရေးသောက်ရေးက အရမ်း ခက်ခဲတယ်ပေါ့။ အခု ဆန်ဆိုလည်း မရှိတော့ဘူး မနက်ဆိုလည်း ဆရာတော်တွေ ဆွမ်းခံကျွေးတဲ့ ဟင်းနဲ့ပဲ ချက်ပြုတ်စားသောက်နေရတာ။ မြန်မာပြည်မှာလည်းပြန်လုပ်စားဖို့က အဆင်မပြေဘူး။”

MOU နဲ့ လာတဲ့ အလုပ်သမားတဦးကတော့ သူဟာ နေရာ ၃ နေရာထက်မနည်း ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ရပြီး နောက်ဆုံး အလုပ်ရှင်မတူဘူးဆိုရင် ဖမ်းဆီး ခံရမှာစိုးတာကြောင့် နယ်စပ်ကိုပြန်ဆင်းလာခဲ့ရတယ်လို့ အခုလိုပြောပါတယ်။

“ ဟိုရောက်တော့ ကျနော်တို့က သုံးနေရာ လေးနေရာကိုပြောင်းခဲ့ရတယ်။ အဲဒါနဲ့ သူဌေးကိုခေါ် ပြောတယ်။ သူဌေးက ဟိုလိမ်ခေါ်၊ ဒီလိမ်ခေါ်နဲ့ နောက်တော့ အဆင်မပြောတော့ ကျနော်တို့ အောက် (နယ်စပ်)ကိုပဲပြန်ဆင်းလာရပါတယ်”

တကယ်တော့ MoU နဲ့သွားကြတဲ့ အလုပ်သမားတွေဟာ တရားဝင်သွားကြတာပါ။ ဒါပေမယ့် ပိုလိုက်တဲ့ ကုမ္ပဏီတွေက တာဝန်ယူမူ တာဝန်ခံမူအားနည်းတာကြောင့် စာချုပ်ပါ စည်းမျဉ်းအတိုင်း လုပ်ဆောင်တာမျိုး မရှိတာကြောင့် အလုပ်သမားတွေ အခက်အခဲတွေ့ခဲ့ရတာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၃သန်းထက်မနည်းရှိပြီး MoU နဲ့ လာတဲ့ အလုပ်သမား သိန်းဂဏန်းရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက စာချုပ်ပါစည်းကမ်းအတိုင်း အလုပ်ရုံတွေကို ပို့မပေးတာကြောင့် အလုပ်နေရာလွဲမူ ၊ အလုပ်ရှင်သူဌေး မတူတာတွေနဲ့ ဖမ်းဆီးခံနေရပါတယ်။ ကုမဏီတွေက ထိုင်းဘက်က လုပ်ငန်းရှင်တွေ လိုအပ်တဲ့ အလုပ်သမားထက်ပိုပြီး လူပိုတွေကို ခေါ်လာပြီး ထိုင်းထဲကို ပို့နေတာပါ။ အလုပ်သမားတဦးကို ကျပ်ငွေ ၈သိန်းကနေ ၁၀သိန်းလောက်ထိ တောင်းခံ ပို့နေသလို အလုပ်အကိုင်အခွင့်အလမ်းရဖို့ လာတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်မရှိတဲ့ ပြဿနာတွေကြုံတဲ့အခါမှာတော့ တာဝန်ယူမူတွေ မရှိတာကြောင့် နောက်ဆုံးမှာ နယ်စပ်ပြန်ဆင်းပြီး သူတို့နစ်နာကြေးတွေကို ပြန်လည်တောင်းဆိုနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)











XS
SM
MD
LG