သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕မွာ ျမန္မာအမ်ားစု အပါအဝင္ ကုိဗစ္ကူးစက္ခံရသူ ၈၀၀ နီးပါးရွိ


က်န္းမာေရးစစ္ေဆးမႈ ခံယူေနတဲ့ မဲေဆာက္ၿမိဳ႕ တန္းလ်ားတခုက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဇူလုိင္ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕မွာ ကုိဗစ္ေရာဂါ ကူးစက္သူ အတည္ျပဳလူနာ အေရအတြက္ဟာ သီတင္းတပတ္အတြင္း ၈၀၀ နီးပါးရွိေၾကာင္း က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ နယ္စပ္ၿမိဳ႕မွာ ေရာဂါပုိးေတြ႔ရွိသူ အမ်ားစုကေတာ့ ျမန္မာႏုိင္ငံက ေရႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ၾကပါတယ္။ အျပည့္အစုံကုိ ဗြီအုိေအျမန္မာပုိင္းရဲ႕ ထုိင္းအေျခစုိက္ သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္းႏိုင္ငံ တာ့ခ္ျပည္နယ္ ကပ္ေရာဂါထိန္းခ်ဳပ္ေရးအဖြဲ႔က ဇူလိုင္လ ၃ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ကိုဗစ္အတည္ျပဳလူနာ ၇၈၈ ဦးထိရွိလာၿပီး ဒီထဲမွာ အမ်ားစုက ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒီရက္ပုိင္းမွာပဲ တာ့ခ္ျပည္နယ္ဟာ ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ ဒုတိယအမ်ားဆံုး ကူးစက္မႈႏႈန္း ျမင့္တက္လာတဲ့ျပည္နယ္ ျဖစ္လာပါတယ္။ မဲေဆာက္ၿမိဳ႕မွာေတာ့ ကိုဗစ္ကပ္ပိုး အစုလိုက္အၿပံဳလိုက္ ကူးစက္ခံရသူေတြဟာ ျမန္မာႏုိင္ငံသားေတြ ျဖစ္ၾကတယ္လို႔ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔က ဥပေဒေရးရာ တာဝန္ခံ မသူဇာႀကိဳင္က အခုလိုေျပာျပပါတယ္။

“အခုဟာက ျမန္တယ္လို႔ ေျပာရမွာေပါ့ေနာ္။ သိရသေလာက္ တပတ္ ၁၀ ရက္အတြင္းမွာ ဒီေလာက္ ၇၀၀ ေက်ာ္ေလာက္ျဖစ္လာတယ္။ အမ်ားစုက ျမန္မာျပည္သားေတြ ျဖစ္ေနတယ္။ ထုိင္းကေတာ့ စက္႐ုံဝင္းထဲမွာရွိေနတဲ့ ထိုင္းအလုပ္သမားေတြေတာ့ ဒီေလာက္ေတာ့ပါတယ္။ ျမန္မာလူမ်ိဳးကေတာ့ အမ်ားစုေပါ့။”

ဇြန္လ ၂၅ ရက္ေန႔ေလာက္ကစၿပီး အစုလိုက္ အၿပံဳလိုက္ ရာဂဏန္းနဲ႔ ကူးစက္တဲ့ လူနာေတြဟာ စက္႐ုံ ၅ ႐ုံနဲ႔ တန္းလ်ား ၄ ခုေလာက္က ျဖစ္ၾကတယ္လို႔လည္း သူကေျပာပါတယ္။

“၇၀၀ ေက်ာ္ထဲမွာေတ့ာ သိသေလာက္ ပထမဦးဆံုးေတြ႔တဲ့ မစုိးအိမ္စက္႐ုံ၊ ဆင္ႏွစ္ေကာင္စက္႐ုံ၊ CC&C၊ တီေကႀကီး၊ PS စက္႐ုံဆုိေတာ့ ၅ ႐ုံရွိတယ္။ အျပင္ေန တန္းလ်ားေတြကေတာ့ မစုိးစက္႐ုံဆို စက္႐ုံကပဲ ျပန္ငွားထားတဲ့ မစုိးတန္းလ်ားဆိုၿပီး အဲဒီသူေဌးကပဲ ျပန္ငွားထားတယ္။ တတန္းလ်ားတည္းပဲ။ တီေကႀကီးဘက္မွာေတာ့ စူပါစတားတန္းလ်ား၊ ေဂၚလီမတန္းလ်ား၊ တနဂၤေႏြေစ်းတန္းလ်ား စတဲ့ ျမန္မာေတြအေခၚေပါ့ေနာ္ တန္းလ်ားကေတာ့ ၄ ေနရာေလာက္ရွိတယ္။ အဲဒီကေနပဲ ပါသြားၾကတာ။”

ျမန္မာႏုိင္ငံသား ကုိဗစ္ကပ္ပုိး ကူးစက္ခံထားရတဲ့ လူနာေတြကို ယူနီအိုးရွင္းလို႔ ေခၚတဲ့ စက္႐ုံေဟာင္းတခုရဲ႕ စက္႐ုံဝင္းအတြင္းမွာ ယာယီေဆး႐ုံလုပ္ၿပီး ကုသေပးေနသလို ကူးစက္မႈ အမ်ားဆံုးျဖစ္ခဲ့တဲ့ မဲေဆာက္ၿမိဳ႕ မယ္ေတာင္ရပ္ကြက္ကုိလည္း ပိတ္ဆို႔ကန္႔သတ္မႈေတြ လုပ္ထားဆဲျဖစ္ပါတယ္။

ထိုင္းႏုိင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၂၇၇,၀၀၀ ေက်ာ္ရွိၿပီး ဇူလိုင္ ၃ ရက္ေန႔မွာ ကူးစက္သူလူနာအသစ္ ၆,၂၀၀ ေက်ာ္ရွိပါတယ္။ ေန႔စဥ္ ေထာင္ခ်ီၿပီး ကူးစက္မႈေတြ ျဖစ္ေနသလို ေသဆံုးသူကေတာ့ ၂,၁၈၂ ဦးထိ ရွိလာပါၿပီ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာအများစု အပါအဝင် ကိုဗစ်ကူးစက်ခံရသူ ၈၀၀ နီးပါးရှိ

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကိုဗစ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ အရေအတွက်ဟာ သီတင်းတပတ်အတွင်း ၈၀၀ နီးပါးရှိကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ နယ်စပ်မြို့မှာ ရောဂါပိုးတွေ့ရှိသူ အများစုကတော့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၇၈၈ ဦးထိရှိလာပြီး ဒီထဲမှာ အများစုက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ တာ့ခ်ပြည်နယ်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ ဒုတိယအများဆုံး ကူးစက်မှုနှုန်း မြင့်တက်လာတဲ့ပြည်နယ် ဖြစ်လာပါတယ်။ မဲဆောက်မြို့မှာတော့ ကိုဗစ်ကပ်ပိုး အစုလိုက်အပြုံလိုက် ကူးစက်ခံရသူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ဥပဒေရေးရာ တာဝန်ခံ မသူဇာကြိုင်က အခုလိုပြောပြပါတယ်။

“အခုဟာက မြန်တယ်လို့ ပြောရမှာပေါ့နော်။ သိရသလောက် တပတ် ၁၀ ရက်အတွင်းမှာ ဒီလောက် ၇၀၀ ကျော်လောက်ဖြစ်လာတယ်။ အများစုက မြန်မာပြည်သားတွေ ဖြစ်နေတယ်။ ထိုင်းကတော့ စက်ရုံဝင်းထဲမှာရှိနေတဲ့ ထိုင်းအလုပ်သမားတွေတော့ ဒီလောက်တော့ပါတယ်။ မြန်မာလူမျိုးကတော့ အများစုပေါ့။”

ဇွန်လ ၂၅ ရက်နေ့လောက်ကစပြီး အစုလိုက် အပြုံလိုက် ရာဂဏန်းနဲ့ ကူးစက်တဲ့ လူနာတွေဟာ စက်ရုံ ၅ ရုံနဲ့ တန်းလျား ၄ ခုလောက်က ဖြစ်ကြတယ်လို့လည်း သူကပြောပါတယ်။

“၇၀၀ ကျော်ထဲမှာတေ့ာ သိသလောက် ပထမဦးဆုံးတွေ့တဲ့ မစိုးအိမ်စက်ရုံ၊ ဆင်နှစ်ကောင်စက်ရုံ၊ CC&C၊ တီကေကြီး၊ PS စက်ရုံဆိုတော့ ၅ ရုံရှိတယ်။ အပြင်နေ တန်းလျားတွေကတော့ မစိုးစက်ရုံဆို စက်ရုံကပဲ ပြန်ငှားထားတဲ့ မစိုးတန်းလျားဆိုပြီး အဲဒီသူဌေးကပဲ ပြန်ငှားထားတယ်။ တတန်းလျားတည်းပဲ။ တီကေကြီးဘက်မှာတော့ စူပါစတားတန်းလျား၊ ဂေါ်လီမတန်းလျား၊ တနင်္ဂနွေဈေးတန်းလျား စတဲ့ မြန်မာတွေအခေါ်ပေါ့နော် တန်းလျားကတော့ ၄ နေရာလောက်ရှိတယ်။ အဲဒီကနေပဲ ပါသွားကြတာ။”

မြန်မာနိုင်ငံသား ကိုဗစ်ကပ်ပိုး ကူးစက်ခံထားရတဲ့ လူနာတွေကို ယူနီအိုးရှင်းလို့ ခေါ်တဲ့ စက်ရုံဟောင်းတခုရဲ့ စက်ရုံဝင်းအတွင်းမှာ ယာယီဆေးရုံလုပ်ပြီး ကုသပေးနေသလို ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်ကိုလည်း ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ထားဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၂၇၇,၀၀၀ ကျော်ရှိပြီး ဇူလိုင် ၃ ရက်နေ့မှာ ကူးစက်သူလူနာအသစ် ၆,၂၀၀ ကျော်ရှိပါတယ်။ နေ့စဉ် ထောင်ချီပြီး ကူးစက်မှုတွေ ဖြစ်နေသလို သေဆုံးသူကတော့ ၂,၁၈၂ ဦးထိ ရှိလာပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG