သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတိုက်လေယာဉ် ၂ စင်း ပထမအသုတ်အဖြစ် မြန်မာနိုင်ငံရောက်ရှိ 


ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဥ် (မှတ်တမ်းဓာတ်ပုံ)
ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဥ် (မှတ်တမ်းဓာတ်ပုံ)

ရုရှားနိုင်ငံကမှာထားတဲ့ Su-30 တိုက်လေယာဉ်တွေထဲက ပထမအသုတ်အဖြစ် ၂ စင်းကို မြန်မာနိုင်ငံကလက်ခံရရှိခဲ့ကြောင်း စစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီးကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် RIA သတင်းက ဖော်ပြလိုက်ပါတယ်။ ရုရှားနိုင်ငံက နှစ်စဉ် ကမကထလုပ်ကျင်းပတဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ မြန်မာကုန်သွယ်ရေးဝန်ကြီး ချာလီသန်းက တိုက်လေယာဉ် ၂ စင်းကို ရုရှားကပေးပို့ခဲ့ပြီးဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

ရုရှားက Su-30SME အမျိုးအစား တိုက်လေယာဉ် ၆ စင်း ပေးပို့မယ့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ လက်မှတ်ထိုးတားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ Sukhoi Su-30SME တိုက်လေယာဉ်တွေကိုတော့ လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ ထောက်လှမ်းဖို့၊ တိုက်ခိုက်ရေးနဲ့ လေယာဉ်မှူး သင်တန်းတွေအတွက် အသုံးပြုလေ့ရှိတယ်လို့လည်း ရုရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Rosoboronexport ကပြောပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားတွေ ထိခိုက်သေကြေမှုတွေအပါအဝင် အတိုက်အခံ အင်အားစုတွေကို နှိမ်နင်းရာမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုမှုတွေကြောင့် လေယာဉ်ဆီရောင်းချတာတွေတားမြစ်ဖို့အပါအဝင် ဖိအားပေးဖို့ ကုလသမဂ္ဂတာဝန်ရှိသူတချို့နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ တိုက်တွန်းနေချိန်မှာပဲ ရုရှားက တိုက်လေယာဉ်တွေ မြန်မာနိုင်ငံဆီ ပေးပို့နေတာပါ။

Vladivostok ဆိပ်ကမ်းမြို့မှာ ဒီကနေ့ စတင်လိုက်တဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ် တက်ရောက်လာစဉ် ၂ နိုင်ငံ သဘောတူစာချုပ်တော်တော်များများကို လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်လို့လည်း စစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီးကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် TASS သတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG