အင်္ဂါဂြိုဟ် ပျံသန်းမယ့်ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မမီမီအောင်နဲ့ဆက်သွယ် မေးမြန်းချက်
အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ JPL ဌာနခွဲက ဖန်တီးလိုက်တဲ့ Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ်ကို ဦးတည်သွားနေပြီ ဖြစ်သလို၊ ရှေ့နှစ် ဖေဖော်ဝါရီလောက်မှာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် ခြေချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့အပြင်ဘက် ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity ရဟတ်ယာဉ်ကို ဖန်တီးခဲ့တဲ့ စီမံကိန်းကိုတော့ မြန်မာအမျိုးသမီးတဦးဖြစ်တဲ့ မမီမီအောင်က ဦးဆောင်ခဲ့တာပါ။ ဒါကြောင့် ဒီ Ingenuity ရဟတ်ယာဉ်အကြောင်းနဲ့အတူ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာမှုတွေနဲ့ပတ်သက်လို့ အာကာသသိပ္ပံပညာရှင် အင်ဂျင်နီယာတယောက်ဖြစ်တဲ့ မမီမီအောင်ကို Skype ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်စပ်သတင်းများ ...
ဗွီဒီယို ကြည့်ရှုရန်
-
၁၈ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာ့အရေး အိမ်နီးချင်းတွေရဲ့ ချဉ်းကပ်မှု (ဦးခွန်ဆိုင်း)
-
၁၆ ဒီဇင်ဘာ၊ ၂၀၂၄
ကရင်နီ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေတဲ့ Clean Yangon
-
၁၆ ဒီဇင်ဘာ၊ ၂၀၂၄
ကန် လူ့အခွင့်အရေးဆုရှင် Salai Mang Hre Lian နဲ့ တွေ့ဆုံမေးမြန်းခန်း
-
၁၄ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာ့အရေး ဘန်ကောက်ဆွေးနွေးပွဲ အလားအလာ “မေးမြန်းခန်း”
-
၁၃ ဒီဇင်ဘာ၊ ၂၀၂၄
မြန်မာအပါ ကမ္ဘာတဝှမ်း သတင်းသမားသေဆုံးမှု UNESCO အစီရင်ခံစာထုတ်ပြန်
-
၁၂ ဒီဇင်ဘာ၊ ၂၀၂၄
ကချင်စစ်နဲ့ တရုတ်ညှိုနှိုင်းမှု KPICT အတွင်းရေးမှူးနဲ့ မေးမြန်းခန်း