{{Zawgyi/Unicode}}
ဒီႏွစ္အတြက္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု လ်ာထားစာရင္းမွာ လူပုဂၢိဳလ္နဲ႔ အဖြဲ႕အစည္း ၃၀၅ ဦးကို အမည္စာရင္းတင္သြင္းထားၿပီးျဖစ္ေၾကာင္း ဗုဒၶဟူးေန႔မွာ ေျပာၾကားလိုက္ပါတယ္။ အမည္စာရင္း တင္သြင္းခံရသူေတြထဲမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းလည္း ပါဝင္ေၾကာင္း သတင္းေတြထြက္ေနေပမဲ့ ပါဝင္သူေတြရဲ႕အမည္စာရင္းကိုေတာ့ တရားဝင္ထုတ္ျပန္တာ မရွိပါဘူး။
ဒါဟာ ၂၀၁၆ ခုႏွစ္က အမည္စာရင္းတင္သြင္းခဲ့တဲ့ စံခ်ိန္တင္အေရအတြက္ ၃၇၆ ထက္ နည္းပါတယ္။ ဒီႏွစ္ အမည္စာရင္းတင္တဲ့ အထဲမွာ လူပုဂၢိဳလ္ ၂၁၂ ဦးနဲ႔ အဖြဲ႕အစည္း ၉၃ ခု ပါဝင္တယ္လို႔ ေအာ္စလိုအေျခစိုက္ ႏိုဘယ္ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က သူ႔ရဲ႕ အင္တာနက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
ႏိုဘယ္ဆုေ႐ြးခ်ယ္ေရး စည္းကမ္းသတ္မွတ္ခ်က္မွာ စာရင္းတင္သြင္းခံရသူေတြရဲ႕ အမည္ကို ႀကိဳတင္ေၾကညာတာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ကမာၻေပၚက ႏိုင္ငံေတြ၊ လႊတ္ေတာ္အမတ္ေတြ၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးေတြနဲ႔ တကၠသိုလ္ပါေမာကၡ အခ်ိဳ႕ အပါအဝင္ အမည္စာရင္းတင္သြင္းခြင့္ရွိတဲ့သူေတြ အဖြဲ႕အစည္းေတြကေတာ့ သူတို႔ အဆိုျပဳထားတဲ့ အမည္စာရင္းတင္သြင္းဖို႔ အရည္အခ်င္းျပည့္မီသူေတြရဲ႕ ပုဂၢိဳလ္ သို႔မဟုတ္ အဖြဲ႕အစည္း အမည္ကို လြတ္လြတ္လပ္လပ္ ထုတ္ေဖာ္ခြင့္ရွိပါတယ္။
ဒီႏွစ္အတြက္ စာရင္းတင္သြင္းခံရတယ္လို႔ အမည္ထြက္ေနသူေတြထဲမွာ ျမန္မာျပည္က အာဏာသိမ္းစစ္တပ္ကိုမေထာက္ခံဘဲ ေ႐ြးကာက္ခံ အရပ္သား အစိုးရဘက္ကရပ္တည္ခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း လည္းပါဝင္သလို အမ်ိဳးသားညီၫြတ္ေရးအတိုင္ပင္ခံေကာင္စီ (NUCC) ေရးရာေကာ္မတီလည္း ပါဝင္တယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒါ့အျပင္ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ အီရန္က ဒီမိုကေရစီေရး လႈပ္ရွားသူေတြအပါအဝင္ ကမာၻတဝန္းက တက္ႂကြလႈပ္ရွားသူေတြလည္း ပါဝင္တာကို ေတြ႕ရပါတယ္။
အမည္စာရင္းတင္သြင္းထားေၾကာင္း လူသိရွင္ၾကားထုတ္ေဖာ္ထားတဲ့ အမည္အမ်ားစုကေတာ့ ဒီႏွစ္မွာလည္း မႏွစ္ကလိုပဲ ယူကရိန္းက တႏွစ္နီးပါး ျဖစ္ပြားေနတဲ့ စစ္ပြဲပဋိပကၡနဲ႔ ဆက္ႏြယ္သူေတြနဲ႔ ႐ုရွားသမၼတ ဗလာဒီမီယာပူတင္ကို ဆန႔္က်င္သူေတြ ပါဝင္ပါတယ္။
အဲထဲမွာ ယူကရိန္းသမၼတ ဗေလာ္ဒီမီယာ ဇလန္းစကီး၊ တူရကီ သမၼတ အာဒိုဝန္၊ ေျမာက္အတၱလန္တိတ္ သေဘာတူစာခ်ဳပ္ စစ္ေရးမဟာမိတ္ ေနတိုး (NATO) အဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ယန္း စေတာလ္ တြန္းဘာ့ဂ္ (Jens Stoltenberg) နဲ႔ ႏိုင္ငံတကာ စစ္ရာဇဝတ္မႈခုံ႐ုံး တခု ေဖာ္ေဆာင္ဖို႔ ႀကိဳးစားေနတဲ့ ယူကရိန္းက အဖြဲ႕ တခုတို႔ ပါဝင္ပါတယ္။
အမည္စာရင္းတင္သြင္းခံရတဲ့ အထဲမွာ ပါဝင္တဲ့ ေနာက္ထပ္ နာမည္ေက်ာ္ၾကားသူေတြကေတာ့ ႐ုရွားသမၼတပူတင္က ေထာင္သြင္းအက်ဥ္းခ်ထားတဲ့ အဆိပ္ခတ္တိုက္ခိုက္ခံခဲ့ရသူ၊ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး လႈပ္ရွားသူ အလက္ဇီ နဗယ္လ္လီ (Alexei Navalny)၊ သတင္းစာဆရာလည္းျဖစ္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူလည္းျဖစ္တဲ့ ဗလာဒီမီယာ ကယ္ရာမာဇာ (Vladimir Kara-Murza) တို႔ ပါဝင္သလို ဗက္ဇနာ (Vesna) လို႔ ေခၚတြင္တဲ့ ဒီမိုကေရစီအေရး လူငယ္လႈပ္ရွားမႈလည္း ပါဝင္ပါတယ္။
===============
{{Unicode}}
နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခံရသူ ၃၀၅ ဦးရှိ
ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားစာရင်းမှာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၀၅ ဦးကို အမည်စာရင်းတင်သွင်းထားပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ကြောင်း သတင်းတွေထွက်နေပေမဲ့ ပါဝင်သူတွေရဲ့အမည်စာရင်းကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။
ဒါဟာ ၂၀၁၆ ခုနှစ်က အမည်စာရင်းတင်သွင်းခဲ့တဲ့ စံချိန်တင်အရေအတွက် ၃၇၆ ထက် နည်းပါတယ်။ ဒီနှစ် အမည်စာရင်းတင်တဲ့ အထဲမှာ လူပုဂ္ဂိုလ် ၂၁၂ ဦးနဲ့ အဖွဲ့အစည်း ၉၃ ခု ပါဝင်တယ်လို့ အော်စလိုအခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
နိုဘယ်ဆုရွေးချယ်ရေး စည်းကမ်းသတ်မှတ်ချက်မှာ စာရင်းတင်သွင်းခံရသူတွေရဲ့ အမည်ကို ကြိုတင်ကြေညာတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က နိုင်ငံတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တက္ကသိုလ်ပါမောက္ခ အချို့ အပါအဝင် အမည်စာရင်းတင်သွင်းခွင့်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေကတော့ သူတို့ အဆိုပြုထားတဲ့ အမည်စာရင်းတင်သွင်းဖို့ အရည်အချင်းပြည့်မီသူတွေရဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း အမည်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိပါတယ်။
ဒီနှစ်အတွက် စာရင်းတင်သွင်းခံရတယ်လို့ အမည်ထွက်နေသူတွေထဲမှာ မြန်မာပြည်က အာဏာသိမ်းစစ်တပ်ကိုမထောက်ခံဘဲ ရွေးကာက်ခံ အရပ်သား အစိုးရဘက်ကရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လည်းပါဝင်သလို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီလည်း ပါဝင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် တရုတ်၊ ဟောင်ကောင်နဲ့ အီရန်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ကမ္ဘာတဝန်းက တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။
အမည်စာရင်းတင်သွင်းထားကြောင်း လူသိရှင်ကြားထုတ်ဖော်ထားတဲ့ အမည်အများစုကတော့ ဒီနှစ်မှာလည်း မနှစ်ကလိုပဲ ယူကရိန်းက တနှစ်နီးပါး ဖြစ်ပွားနေတဲ့ စစ်ပွဲပဋိပက္ခနဲ့ ဆက်နွယ်သူတွေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဆန့်ကျင်သူတွေ ပါဝင်ပါတယ်။
အဲထဲမှာ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ တူရကီ သမ္မတ အာဒိုဝန်၊ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ် နေတိုး (NATO) အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်း စတောလ် တွန်းဘာ့ဂ် (Jens Stoltenberg) နဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံး တခု ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းက အဖွဲ့ တခုတို့ ပါဝင်ပါတယ်။
အမည်စာရင်းတင်သွင်းခံရတဲ့ အထဲမှာ ပါဝင်တဲ့ နောက်ထပ် နာမည်ကျော်ကြားသူတွေကတော့ ရုရှားသမ္မတပူတင်က ထောင်သွင်းအကျဉ်းချထားတဲ့ အဆိပ်ခတ်တိုက်ခိုက်ခံခဲ့ရသူ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ အလက်ဇီ နဗယ်လ်လီ (Alexei Navalny)၊ သတင်းစာဆရာလည်းဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဗလာဒီမီယာ ကယ်ရာမာဇာ (Vladimir Kara-Murza) တို့ ပါဝင်သလို ဗက်ဇနာ (Vesna) လို့ ခေါ်တွင်တဲ့ ဒီမိုကရေစီအရေး လူငယ်လှုပ်ရှားမှုလည်း ပါဝင်ပါတယ်။